11 April 2016
မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် Myanmar Maritime Trade Unions Federation MMTUF formerly Seafarers Union of Burma SUB က ဆောင်ရွက်ပေးခဲ့တဲ့ သင်္ဘောသားအရေးတစ်ရပ်
ကိုရီးယား ကုမ္ပဏီ မှ ဘိုစင် ကိုမျိုးမင်းသိန်း ၏ လစာဖြတ် မည့် ကိစ္စ မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများ အဖွဲ့ ချူပ် ကူညီဖြေရှင်းပေးနိုင်ခဲ့
(29 March 2016)
ဘိုစင် ကိုမျိုးမင်းသိန်း (BSN Myo Min Thein – Passport Nr M919313 & CDC 41466) သည် ဗမာပြည် ဧဂျင့် Golden Eagle International Co Ltd မှတဆင့် ကိုရီးယား ပိုင်ရှင် Keoyoung Shipping Co Ltd ပိုင်၊ ကိုရီးယား မန် နေဂျာ ကုမ္ပဏီ World Marine Co Ltd ၏ သင်္ဘော MT Keoyoung Master ပေါ်သို့ Bosun ရာထူးဖြင့် (၂၃) ရက် ဇန်န၀ါရီလ (၂၀၁၆) ခုနှစ် တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
(၁၃) ရက် ဖေဖေါ်ဝါရီလ (၂၀၁၆) ခုနှစ်တွင် ခေါင်းမူးသဖြင့် ဂျပန်နိုင်ငံရှိ Kawasaki ဆေးရုံတွင်ပြသ ခဲ့ပါ သည်။ ဆေးရုံ တွင် ဆရာဝန် က သွေး စစ်ခိုင်း သဖြင့် သွေးစစ်ရာ အသဲတွင် ပါဝင်သည့် ဓါတ်တချို့ များနေ သည် ကို တွေ့ ရှိရပါသည်။ သို့ သော် ဆရာဝန် က FIT FOR DUTY ပေး ၍ နောက် (၂) လ အကြာတွင် ဆရာဝန် နှင့် ပြန်လည်ပြသရန် မှတ်ချက် ပေးလိုက်ပါသည်။
သို့ သော်လည်း သင်္ဘော ပင်လယ်ထဲထွက်ခွာပြီးနောက် ကပ္ပိတိန် မှ ကုမ္ပဏီ ဖောင်ပုံစံဖြင့် Sign Off Letter တွင် အ တင်းအကြပ် လက်မှတ်ထိုး ခိုင်းပါသဖြင့် ဘိုစင်မှ လက်မှတ်ထိုးပေးခဲ့ရပါသည်။ (၂၃) ရက် ဖေဖေါ် ၀ါရီလ (၂၀၁၆) ခု နှစ် တွင် ကိုရီးယားနိုင်ငံ Ulsan မြို့ ၌ သင်္ဘောပေါ်မှ ဆင်းခဲ့ရပါသည်။
မဆင်းခင် မြန်မာ crew manager နှင့် ဆွေးနွေးပြောဆိုရာတွင် ဘိုစင် ၏ လစာငွေ 1,508 USD (အမေရိကန် ဒေါ် လာ တစ်ထောင်ငါးရာရှစ်) နှင့် Leave Pay 92 USD (အမေရိကန်ဒေါ်လာ ၉၂) စုစုပေါင်း USD 1,600 (အမေရိကန် ဒေါ်လာ တစ်ထောင်ခြောက်ရာ) ထဲမှ ခရီးစ ရိတ် ဖြတ်တောက် မည် ဟု သိခဲ့ရသောကြောင့် --
ဘိုစင် ကိုမျိုးမင်းသိန်း မှ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂများအဖွဲ့ ချူပ် (Myanmar Maritime Trade Unions Federation -- MMTUF) သို့  ၄င်း၏လစာငွေကြေး (စုစုပေါင်း ကန်ဒေါ်လာ တစ်ထောင် ခြောက်ရာ USD 1,600) ကို မဖြတ်မတောက်ဘဲ အပြည့်အ၀ ရယူလိုကြောင်း တိုင်ကြားပြီး အကူအညီတောင်းခံလာ ခဲ့ပါသည်။
မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် Myanmar Maritime Trade Unions Federation (MMTUF formerly Seafarers Union of Burma SUB) က လိုအပ်သော စာရွက်စာတမ်းများ စုဆောင်းခြင်း၊ လိုအပ်သည့် ကုမ္ပဏီ ဆိုင် ရာအချက်အလက်များကို အွန်လိုင်း Online မှတဆင့် ရှာဖွေခြင်း၊ ကုမ္ပဏီ နှင့် လက်မှတ်ရေးထိုးထားသည့် SEA (Seafarer’s Employment Contract) ကို စိစစ်လေ့လာခြင်း အစရှိသည်တို့  ကြိုတင်ပြင်ဆင်ပြီးနောက် ကိုရီးယား ပိုင်ရှင် နှင့် မန်နေဂျာ ကုမ္ပဏီ တို့ ထံ စာရေးသားဆက်သွယ် အကြောင်းကြား၍ ကြားဝင်ဆွေးနွေး ညှိနှိုင်းပေး မှုများ ပြု လုပ်ပေးခဲ့ပါသည်။
ကိုရီးယားပိုင်ရှင် နှင့် မန်နေဂျာ ကုမ္ပဏီတို့ မှ ဗမာပြည်ဧဂျင့် (Golden Eagle) ကတဆင့် ဘိုစင် ကို မျိုး မင်းသိန်း ရရန်ရှိသည့် လစာ + Leave Pay အမေရိကန်ဒေါ်လာ တစ်ထောင်ခြောက်ရာ (USD 1,600) ကို မြန်မာနိုင် ငံပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် MMTUF ဥက္ကဋ္ဌ ရှေ့ မှောက် တွင် (၂၉) ရက် မတ်လ (၂၀၁၆) ခုနှစ် ၌ ပေး အပ်ခဲ့ပြီး ဖြစ်ပါသည်။
(မြန်မာသင်္ဘောသားများ၏ အခွင့်အရေးများ ရပိုင်ခွင့်များ ရရှိရေးတွင် ပူးပေါင်း ပါဝင်ဆွေးနွေး ညှိနှိုင်းပေးရေးသည် ကျနော် တို့  မြန်မာနိုင်ငံ ပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် ယူနီယံ၏ အရေးကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ အပြင် အိုင်အယ်လ်အို ၏ ပဋိညဉ်ပြဋ္ဌါန်းချက် အသစ် MLC 2006 အရ လည်း ရေကြောင်းအလုပ်သမား (ပင်လယ်ပျော်) သင်္ဘောသားများ ၏ သင်္ဘော များပေါ် နေထိုင် လုပ်ကိုင်မှုဆိုင်ရာ ရပိုင်ခွင့်များ နှင့် အခွင့်အရေး များကို သင်္ဘောပိုင်ရှင်များ နှင့် သင်္ဘော အလံတင်ထား ရှိရာ နိုင်ငံများ က လေးစားလိုက်နာကြရမည်လည်း ဖြစ်ပါသည်။ သင်္ဘောသား ကမ္ဘာ့ ရေကြောင်း အလုပ်သမားများ အနေဖြင့် လည်း လိုက်နာရမည့် တာဝန်ဝတ္တရားများကိုလည်း MLC 2006 တွင် အတိအကျ ပြဋ္ဌါန်း ပါရှိ ပါသည်။)
24 May 2014
အိုင်တီအက်ဖ် အွန်လိုင်းသတင်း -- အိုင်တီအက်ဖ် မှ ငါးဖမ်းသင်္ဘောပေါ်တင်ဧဂျင့် နှစ်ဦးကို လူကုန်ကူးမှု စွဲချက်ဖြင့် အင်တာပို သို့ တိုင်ကြား
ITF News Online
ITF Reports Crewing Agents to Interpol for Suspected Human Trafficking
23 May 2014
The ITF has reported a Taiwanese and an Indonesian crewing agent to Interpol for suspected human trafficking after 74 Indonesian fishers working on board seven Taiwanese vessels were abandoned in September in Cape Town, South Africa.
တောင်အာဖရိက နိုင်ငံ မြို့ တော် ကေ့ပ်တောင်း တွင် ပြီးခဲ့သည့် နှစ် စက်တင်ဘာလ အတွင်း က တိုင်ဝမ်သင်္ဘော (၇) စီး အပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် အင်ဒိုနီးရှားပင်လယ်ရေလုပ်သား (၇၄) ယောက် ကို ပိုင်ရှင်တို့ ကစွန့် ပစ်ထားခဲ့သည့် နောက်ပိုင်း တိုင်ဝမ်နိုင်ငံသားတစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးတို့ ကို လူကုန်ကူးမှုစွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင်တီအက်ဖ်) မှ ကမ္ဘာ့ရဲတပ်ဖွဲ့  Interpol ထံသို့  သတင်းပေးပို့ အစီရင်ခံ တင်ပြထားလိုက်ပြီ ဖြစ်သည်။
It is alleged that the agents withheld the fishers’ wages, in some cases for over a year; produced counterfeit documents relating to crew members’ employment; and charged the fishers before they boarded the vessel.
သင်္ဘောသားများ၏ လစာများကို အဆိုပါဧဂျင့်တို့ က ထိန်းသိမ်းထားကြခြင်း တချို့ သောသူများ တစ်နှစ်ကျော်လစာ မရရှိခြင်း၊ သင်္ဘောသားတို့ ၏ အလုပ်ခန့် စာချူပ်များကို အတုအပများလုပ်ဆောင်ခြင်း၊ နှင့် သင်္ဘောပေါ်တွင်အလုပ်ရရှိလုပ်ကိုင်နိုင်ရန် သဘောင်္သားတို့ က ငွေကြေးကြိုတင်ပေးရခြင်းများ ရှိသည်ကို အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
Cassiem Augustus, an ITF inspector in Cape Town, was involved in working with the South African government and Indonesian embassy in Pretoria to get the fishers repatriated in March, following two months’ detention by immigration officials in Cape Town. He presented humanitarian gifts at ITF affiliate KPI (Kesatuan Pelaut Indonesia) to the fishers on 19 May in Jakarta, Indonesia, to help them while they pursue their unpaid wages claims.
Speaking at the presentation, ITF/IUF fisheries programme leader, Liz Blackshaw, said: “The fishing industry has a very serious human trafficking problem. Whenever we come across a suspected case like this one, we report it to Interpol.”
အိုင်တီအက် နှင့် ကမ္ဘာ့အစားအသောက်ရေးရာအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် အိုင်ယူအက်ဖ် တို့ ၏ ပင်လယ်ရေလုပ်ငန်း အလုပ်သမားများစည်းရုံးမှု တွဲဘက် စီမံချက် ခေါင်းဆောင် လစ်ဇ် ဘလက်ရှော က ပြောကြားရာတွင်  ပင်လယ် ငါးဖမ်းရေ လုပ်ငန်းရပ်ကြီးတွင် စိုးရိမ်ရသည့် လူကုန်ကူးမှုပြဿနာ တစ်ရပ်ရှိနေပြီဖြစ်ကြောင်း၊ အခုလို သံသယဖြစ်ဖွယ် အမှုကိစ္စမျိုး ပေါ်ပေါက်လာတိုင်း အိုင်တီအက်ဖ် မှနေ၍ အင်တာပိုလ် ထံသတင်းပို့ အကြောင်းကြားရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
“In this case, it appears the men were captives on their vessels for months without wages. They would have gone without food and water, while the captain was wined and dined by the local agents, if it hadn’t been for the help of the local community and the ITF inspector. And the government machinery to release them ground far too slowly. These men have experienced an absolute breach of their fundamental human rights.”
အခုလိုကိစ္စရပ်တွင် သင်္ဘောသားများမှာ လပေါင်းများစွာ လစာမဲ့၍ သင်္ဘောများပေါ်တွင် အကျဉ်းကျခံနေရကြောင်း၊ ဒေသခံ ပြည်သူများနှင့် အိုင်တီအက်ဖ် အင်စပက်တော်တို့ ၏ အကူအညီသာ မရရှိခဲ့ဘူးဆိုလျင် သင်္ဘောသားများ အစာရေစာ ပြတ် လတ်ခြင်းခံကြရမှာဖြစ်ကြောင်း၊ အဲ့ဒီ အချိန်မှာပဲ ၄င်းတို့ ၏ ကပ္ပတိန်တို့ မှာ ဧဂျင့်တို့ ပြုစုမှုကြောင့် ၀ိုင်အရက်ပါသည့် ညစာ စားဝိုင်းကြီးများဖြင့် ဇိမ်ခံနေနေရကြောင်း အစရှိသဖြင့် ဖြည့်စွက်ပြောကြားပါသည်။
Meanwhile, KPI is lobbying the Indonesian government to implement stricter measures for checking documents and harsh penalties for companies who violate recruitment rules for foreign vessels.
ယခုအတောအတွင်း အင်ဒိုနီးရှားသင်္ဘောသားများသမဂ္ဂ ကေပီအိုင် KPI မှ အင်ဒိုနီးရှားအစိုးရထံ တောင်းဆိုထားရာတွင် အဆိုပါ ကုမ္ပဏီများ (သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေးဧဂျင်စီများ) ၏ အထောက်အထားစာရွက်စာတမ်းများ မှန်ကန်မှု စည်းကမ်းဘောင်ဝင်မှု ရှိမရှိ နှင့် နိုင်ငံခြားသားပိုင်သင်္ဘောများပေါ်တွင်အလုပ်လုပ်ကိုင်ရန်အတွက် ချမှတ်ထားသည့် ညွှန်ကြား ချက်များနှင့် ကိုက်ညီလိုက်နာမှုမရှိသည့် ကုမ္ပဏီများကို ပြစ်ဒဏ်ကြီးကြီးမားမားပေးနိုင်ရန်အတွက် ပိုမိုတင်းကြပ်သည့် အရေး ယူဆောင်ရွက်ချက်များ လုပ်ဆောင်ပါရန် တိုက်တွန်းထားပါသည်။
(မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ သတင်းဇင်ယော် မှ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြပါသည်)
01 January 2014
RULE: APPLICABILITY - RULE 5: LOOKOUT
Rule 4
Rules in this section apply to any condition of visibility.
Rule 5
Every vessel shall at all times maintain a proper look-out by sight and hearing as well as by all available means appropriate in the prevailing circumstances and conditions so as to make a full appraisal of the situation and of the risk of collision.
ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်ရာတွင် အရေးကြီးသည့် ဒီ ဥပဒေသ (၅) အဆို အတိုင်း ယူရ မည် ဆိုလျှင် --
ကျနော်တို့ တွေ ရဲ့ ဘ၀လမ်းကြောင်းကိုလည်း မြင်မြင်သမျှ ကြားကြားသမျှ အမြင်အာရုံ၊ အကြားအာရုံ တို့  အပါအ၀င် ပကတိ ဖြစ်တည်ရှိနေကြတဲ့ အခြေအနေအဖြစ်အပျက်များ နှင့် ဆီလျော်တဲ့ ရတတ်သမျှသော နည်း လမ်းပေါင်းစုံ ကိုသုံးပြီး အချိန်တိုင်းလိုလို စနစ်တကျ စောင့်ကြပ် ပဲ့နှင် ခရီး ဆက်သွားဖို့ လို အပ် ပါ မယ်။
သို့ မှသာ  ဖြစ်ပေါ်လာမယ့် အခြေအနေဆိုးတွေ ထိပ်တိုက်ရင်ဆိုင်လာနိုင်တဲ့ ဘေးအန္တရာယ်ဆိုးတွေ ကို အ ပြည့်အ၀ သုံးသပ်အဖြေရှာပြီး အောင်မြင်စွာ ကာကွယ် ဖယ်ရှား ကျော်ဖြတ် ခရီးပေါက်နိုင်မည်မှာ မ လွဲ ပါ။
နှစ်ဟောင်း -၂၀၁၃- ကို နှုတ်ဆက်ရင်း နှစ်သစ် -၂၀၁၄- ကို ကြိုဆိုလျှက် --
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ -မပသ- အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် -အိုင်တီအက်ဖ်- အဖွဲ့ ဝင် 
25 October 2013
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) လှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်းများ
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) လှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်းများ
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) ၏ ရန်ကုန်ရုံး ဖွင့် ခြင်း၊ အဖွဲ့ ဝင်များ နှင့် တွေ့ ဆုံခြင်း သမဂ္ဂ ၀န် ဆောင်မှုများ ပေးနေခြင်း၊ အဖွဲ့ ဝင်များ အား၊ မြန်မာသင်္ဘောသားများ နှင့် ပင်လယ်ရေကြောင်း အလုပ် သမားတို့ အား စည်းရုံးခြင်း နှင့် အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေး အလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင် တီအက်ဖ်) ကိုယ်စားလှယ်များအား လက်ခံခြင်း အစရှိသည့် လှုပ်ရှားဆောင်ရွက်မှု ဓါတ်ပုံ မှတ်တမ်းများ အား တင်ပြလိုက်ပါသည်။
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ)
အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင်တီအက်ဖ်)
Myanmar Maritime Trade Unions (MMTU MaPaTha formerly SUB)
International Transport Workers Federation (ITF)
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) လှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်းများ
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) ၏ ရန်ကုန်ရုံး ဖွင့် ခြင်း၊ အဖွဲ့ ဝင်များ နှင့် တွေ့ ဆုံခြင်း သမဂ္ဂ ၀န် ဆောင်မှုများ ပေးနေခြင်း၊ အဖွဲ့ ဝင်များ အား၊ မြန်မာသင်္ဘောသားများ နှင့် ပင်လယ်ရေကြောင်း အလုပ် သမားတို့ အား စည်းရုံးခြင်း နှင့် အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေး အလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင် တီအက်ဖ်) ကိုယ်စားလှယ်များအား လက်ခံခြင်း အစရှိသည့် လှုပ်ရှားဆောင်ရွက်မှု ဓါတ်ပုံ မှတ်တမ်းများ အား တင်ပြလိုက်ပါသည်။
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ)
အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင်တီအက်ဖ်)
Myanmar Maritime Trade Unions (MMTU MaPaTha formerly SUB)
International Transport Workers Federation (ITF)
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) ၏ လှုပ်ရှားမှုများ
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ) ၏ ရန်ကုန်ရုံး ဖွင့် ခြင်း၊ အဖွဲ့ ဝင်များ နှင့် တွေ့ ဆုံခြင်း သမဂ္ဂ ၀န် ဆောင်မှုများ ပေးနေခြင်း၊ အဖွဲ့ ဝင်များ အား၊ မြန်မာသင်္ဘောသားများ နှင့် ပင်လယ်ရေကြောင်း အလုပ် သမားတို့ အား စည်းရုံးခြင်း နှင့် အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေး အလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင် တီအက်ဖ်) ကိုယ်စားလှယ်များအား လက်ခံခြင်း အစရှိသည့် လှုပ်ရှားဆောင်ရွက်မှု ဓါတ်ပုံ မှတ်တမ်းများ အား တင်ပြလိုက်ပါသည်။
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ (မပသ)
အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင်တီအက်ဖ်)
Myanmar Maritime Trade Unions (MMTU MaPaTha formerly SUB)
International Transport Workers Federation (ITF)
11 June 2013
မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ် နားချိန်ဖတ်ဖို့
“ Revised MARPOL Annex V (Prevention of Pollution by Garbage from Ships)“
Revised MARPOL Annex V (Regulations for the Prevention of Pollution by Garbage from Ships) သည် ဇန်နဝါရီလ (၁) ရက်နေ့ ၂၀၁၃ တွင် စတင် သက်ရောက်ပါသည်။ ယခင် ANNEX V ထက် ပိုမို စည်းမျဉ်းတင်းကြပ်သော အချက်အလက် များစွာ ပါဝင်နေသည်ကို တွေ့နိုင် ပါသည်။ အခြေခံအားဖြင့်မူ ခြွင်းချက် အနည်းငယ်မှ အပ သင်္ဘောပေါ်ရှိ အမှိုက် အမျိုးအစား အားလုံးလိုလိုအား ပင်လယ်ပြင်သို့ စွန့်ပစ်ခြင်းကို ကန့်သတ်လိုက်ပြီး ဤလုပ်ငန်းဆောင်တာကြီး တစ်ခုလုံးအတွက် ပင်လယ် ဆိပ်ကမ်းများ၏ အမှိုက်သိမ်း ဝန်ဆောင်မှုကို အဓိကထားကြရန် သင်္ဘောများအား လမ်းညွှန်ထားသည်။ ဆိပ်ကမ်းများ ဖက်မှလည်း အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းအား နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။
MEPC (Marine Environment Protection Committee) ဧ။် Resolution MEPC 201(62) အား အနည်းငယ် (in brief) တီးခေါက်ကြည့်မည် ဆိုလျှင် -
၁) ဤပဋိညာဉ်ပါ ဥပဒေများသည် သင်္ဘော အားလုံးအား သက်ရောက်မှု ရှိပါသည်။ (Apply to all ships) Reg 2
၂) ဤပဋိညာဉ်ပါ ဥပဒေများတွင် ပါဝင်သော Special Areas ဆိုသည်မှာ Mediterranean Sea area, the Baltic Sea area, the Black Sea area, the Red Sea area, the Gulfs area, the North Sea area, the Antarctic area နှင့် the Wider Caribbean Region များ ဖြစ်ကြသည်။
၃) အားလုံးသော အမှိုက်များအား ပင်လယ်ပြင်သို့ စွန့်ပစ်ခြင်းကို ကန့်သတ်ထားသည်။ အောက်ပါ အမှိုက် အမျိုးအစား၊ အခြေအနေ များ ကိုသာ ခြွင်းချက် အဖြစ် သတ်မှတ်ထားသည်။ Reg 3.1
က) ချေဖျက်ထားသော စားကြွင်းစားကျန်များ (Comminuted or ground food wastes) Reg 4.1
Item = အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ သားငါးကြက်ဝက် စသည်တို့ ပါဝင်သော သင်္ဘောပေါ်မှ စားကြွင်း စားကျန်များ။ ၎င်းတို့သည် ၂၅ မီလီမီတာ နှင့်အောက် အရွယ်အစားရှိ စကာပေါက်များမှ ဖြတ်သန်း သွားနိုင် လောက်အောင် ခြေဖျက် ပြုပြင်ထားပြီး ဖြစ်ရမည်။ (Comminuted or ground food wastes capable of passing through a screen with openings not greater than 25 mm.)
Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route) အနီးဆုံး ကမ်းခြေမှ (၃) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route) အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas တွင် ပါဝင်သော Antarctic Area ဒေသ၌မူ ကြက်သား၊ ငှက်သား (Avian products, including poultry and poultry parts) ထုတ်ကုန် စားကြွင်းစားကျန်များကို လုံးဝ စွန့်ပစ်ခွင့် မပြု။
ခ) စားကြွင်းစားကျန်များ (Food Wastes) Reg 4.1
Item = အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ သားငါးကြက်ဝက် စသည်တို့ ပါဝင်သော သင်္ဘောပေါ်မှ စားကြွင်း စားကျန်များ (Food Wastes)
Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route)၊ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = စွန့်ပစ်ခွင့် မပြု။
ဂ) ကုန်ပစ္စည်း အကြွင်းအကျန် (Cargo Residues) Reg 4.1
Item = MARPOL ၏ အခြားသော ANNEX များမှ ရည်ညွှန်းထားသည့် ကုန်ပစ္စည်းများ (ဥပမာ- လောင်စာဆီ၊ ဓါတုပစ္စည်း စသော ကုန်စည်များ) မဟုတ်သော ကုန်အမျိုးအစားများအား ကုန်တင် ကုန်ချစဉ် ဖိတ်စင်ကျန်ရစ်သော အကြွင်းအကျန်များ (Cargo Residues) ကို ဆိုလိုသည်။ သို့ရာတွင် ကုန်တင် ကုန်ချ ပြီးနောက် တံမြက်လှည်း၍ ဖြစ်လာသော၊ ဖြစ်နိုင်သော အကြွင်းအကျန် အမှုံအမွားများ မပါဝင်ပါ။
Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာ နေစဉ် အခိုက်အတန့်၌ (Ship is en route)၊ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = ကုန်ပေါက်၊ ကုန်းပတ်များ သန့်ရှင်းစဉ် ရေနှင့် ပါဝင်လာနိုင်သော ကုန်အကြွင်းအကျန် အနည်အနှစ်များ (Cargo residues contained in washwater) ဖြစ်ပါက သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route)၌ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = ကုန်ပေါက်၊ ကုန်းပတ်များ သန့်ရှင်းစဉ် ရေနှင့် မပါဝင်နိုင်သော ကုန်အကြွင်းအကျန် အနည်အနှစ်များ (Cargo residues NOT contained in washwater) ဖြစ်ပါက ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် မပြု။
ဃ) လုပ်ငန်းသုံး ဘေးထွက် ပစ္စည်းများ (Operational Wastes) Reg 4.2
Item = သင်္ဘောပြုပြင် ထိန်းသိမ်းခြင်း၊ ကုန်တင်ကုန်ချခြင်း စသော လုပ်ငန်းခွင်များမှ ထွက်လာသော ဘေးထွက် အညစ်အကြေးများ ဖြစ်သည်။ ၎င်းတို့သည် MARPOL ၏ အခြားသော ANNEX များမှ ရည်ညွှန်းထားသည့် ကုန်ပစ္စည်း အညစ်အကြေးများ မဖြစ်ရပါ။ ဥပမာ - MARPOL ANNEX III ၌ ပါဝင်သည့် Harmful substance ဟူ၍ မဆိုနိုင်သော၊ ဓါတုဇီဝနည်းများ အရ ဓါတ်ပြုမှု မဖြစ်နိုင်သော ကုန်ပေါက်နှင့် ကုန်းပတ် ဆိုင်ရာ လုပ်ငန်းသုံး သန့်ရှင်းရေး ပစ္စည်းများ (cleaning agents and additives)၊ ၎င်းတို့ ပါဝင်သော ရေများ၊ အရည်များ (cargo hold and external wash water)၊ shipboard incinerators နှင့် coal-burning boilers များမှ ထွက်လာသော ချော်များ၊ ပြာများ (Ash and clinker) ဖြစ်ကြသည်။ သို့သော် ချိုးရေသုံးရေ (greywater), ကုန်များမှ ထွက်သော အရည် (bilge water), boiler/economizer blowdown, boat engine wet exhaust, chain locker effluent, controllable pitch propeller and thruster hydraulic fluid and other oil to sea interfaces (e.g. thruster bearings, stabilizers, rudder bearings, etc.), distillation/ reverse osmosis brine, elevator pit effluent, firemain systems water, freshwater lay-up, gas turbine washwater, motor gasoline and compensating discharge, machinery wastewater, pool, spa water and recreational waters, sonar dome discharge, welldeck discharges စသည်တို့ကိုမူ Operational Wastes အဖြစ် မသတ်မှတ်ပါ။
Special Areas အပြင် = သင်္ဘော သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး အရည်များ (cleaning agents and additives in wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route) ၌ ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = ကုန်းပတ်များ နှင့် သင်္ဘော၏ အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး အရည်များ (cleaning agents and additives in deck and external surfaces wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route) ၌ ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = ကုန်ပေါက်များ နှင့် သင်္ဘော၏ အတွင်းပိုင်း ဆိုင်ရာ သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး ပစ္စည်းများ (cleaning agents and additives contained in cargo hold wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route)၌ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။
င) တိရစ္ဆာန် အသေကောင်များ (animal carcasses) Reg 4.1
Item = တိရစ္ဆာန်တင် သင်္ဘောများမှ တိရစ္ဆာန် အသေကောင်များ (animal carcasses)
Special Areas အပြင် = ကမ်းခြေနှင့် ဝေးကွာသော နေရာ၌ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = စွန့်ပစ်ခွင့် မပြု။
စ) ပလပ်စတစ်၊ ပလပ်စတစ် ထုတ်ကုန်များ နှင့် ဟင်းချက်ဆီ Reg 3.2 and 3.3
Item = ပလပ်စတစ် နှင့် ပလပ်စတစ် ထုတ်ကုန်များ (All plastics, including but not limited to synthetic ropes, synthetic fishing nets, plastic garbage bags and incinerator ashes from plastic products- Reg 3.2) ၊ ဟင်းချက်ဆီ (Cooking oil – Reg 3.3)
Special Areas အပြင်+အတွင်း = စွန့်ပစ်ခွင့် မပြု။
၎) အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် တည်ရှိသော ရေနံတူးစင်များ (Fixed and floating platform) နှင့် ၎င်းတို့၏ service သင်္ဘောများ (all other ships when alongside or within 500 meter of such platform) အတွက်မူ ခြေဖျက်ပြုပြင်ထားပြီး စားကြွင်းစားကျန်များ  (Comminuted or ground food wastes) ကိုသာ စွန့်ပစ်ခွင့်ပြုသည်။
၅) သင်္ဘောများ ဘေးကင်းလုံခြုံရေး (Securing the safety of a ship, The discharge of fishing gear from a ship for the protection of the marine environment or for the safety of that ship or its crew, etc. ) နှင့် မတော်တဆ ဖြစ်စဉ်များ (accidental loss of garbage resulting from damage to a ship or its Equipment) အရ လိုအပ်လျှင် အမှိုက်များ စွန့်ပစ်နိုင်သည်။ ထို့အတူ သင်္ဘော ရွေ့လျားသွားလာ နေခြင်း (Ship not en route) မဟုတ်သော်လည်း သင်္ဘော ဝန်ထမ်းများ၏ ကျန်းမာရေး ထိခိုက်နိုင်မည် ဆိုလျှင် စားကြွင်းစားကျန်များ (Food Wastes)ကို စွန့်ပစ်နိုင် ပါသည်။ Reg 7
၆) အလျား ၁၂ မီတာ နှင့် ၎င်းအထက် သင်္ဘောများနှင့် ရေနံစင်များ အားလုံး (Every ship of 12 m or more in length overall and fixed or floating platforms) သည် သင်္ဘော ဝန်ထမ်းများ၊ ခရီးသည်များ သိသာစေရန် ၎င်းတို့ တရားဝင် အသုံးပြုသော ဘာသာစကား သို့မဟုတ် အခြား ဘာသာစကား (ENGLISH or FRENCH or SPANISH) ဖြင့် PLACARDS များ ထားရှိရမည်။ Reg 10.1
၇) GT ၁၀၀ အထက် သင်္ဘောများ၊ ခရီးသည် ၁၅ ယောက်အထက် ပိုမို တင်ဆောင်နိုင်သော သင်္ဘောများ၊ ရေနံစင်များအားလုံး Garbage Management Plan ထားရှိရပါမည်။ Reg 10.1.2
၈) GT ၄၀၀ အထက် သင်္ဘောများ၊ ခရီးသည် ၁၅ ယောက်အထက် ပိုမို တင်ဆောင်နိုင်သော သင်္ဘောများ၊ ရေနံစင်များ အားလုံးသည် Garbage Record Book (GRB) ထားရှိရပါမည်။ (GRB ပုံစံ၊ ဖြည့်စွက်ပုံများ အား Appendix 4.1 (MEPC 201(62)-Annex 13) ၌ လမ်းညွှန် ထားသည်။) Reg 10.1.3
ယခု ဖော်ပြထားသော Revised MARPOL Annex V သည် အကျဉ်းမျှသာ ဖြစ်ပြီး ရေကြောင်း ကုမ္ပဏီများ၊ ဝန်ထမ်းများ အနေဖြင့် ပဋိညာဉ် ဥပဒေပါ အကြောင်းအရာများကို အသေးစိတ် နားလည်ထားရန် အလွန် အရေးကြီး ပါသည်။ ၎င်းအပြင် Dishwater, Greywater, Recycling, Rause, Operational Wastes, Domestic Wastes, Nearest Land စသော အသုံးအနှုန်းများ ကိုလည်း အသေအချာ သဘောပေါက်ထား ကြရန် လိုအပ်သည်။ အထူး အရေးကြီးသော အချက်မှာ Garbage Record Book တွင် မှတ်တမ်း တင်ရန် Garbage Categories များကို (၆) ခုမှ (၉)ခု သို့ အောက်ပါ အတိုင်း ပြောင်းလဲထား ခြင်း ဖြစ်သည်။ Appendix 3
CREDIT TO http://www.safety4sea.com
A.Plastics,
B Food wastes,
C Domestic Wastes,
D Cooking Oil,
E Incinerator ashes,
F Operational wastes,
G Cargo residues,
H Animal Carcass(es),
I Fishing Gear
သင်္ဘော ဝန်ထမ်း တာဝန်ရှိသူများ အနေဖြင့် အရေးပေါ် အခြေအနေ (Reg 7) မှ လွဲ၍ Category B, F, G, H အုပ်စုဝင် အချို့သာ ပင်လယ် တွင်း၌ စွန့်ပစ်ခွင့်ရှိတော့ကြောင်း သတိမူမိ စေရန် အရေးကြီး ပါသည်။ ဤပဋိညာဉ်ပါ ဥပဒေများ အရ သင်္ဘော များသည် ဆိပ်ကမ်းများ၏ အမှိုက်သိမ်း ဝန်ဆောင်မှု ကို အဓိက အားထား ကြရတော့မည် ဖြစ်ရာ လက်တွေ့ တွင် အချို့ ဆိပ်ကမ်းများ၏ ဝန်ဆောင်မှု လိုအပ်ချက်များ၊ နှောင့်နှေး ကြန့်ကြာမှုများ၊ လုပ်ငန်း မကျွမ်းကျင်မှုများအား သင်္ဘောများမှ ရင်ဆိုင်ကြရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင် PSC (Port State Control) အရာရှိများမှ အခါ အားလျော်စွာ သင်္ဘောအား စစ်ဆေးပြီး ဤဥပဒေပါ အချက်အလက်များအား လိုက်နာမှု မရှိ (Clear Ground) ဟု ယူဆရလျှင်  သင်္ဘောအား ဖမ်းဆီးခွင့် ရှိနေပြန် ပါသည်။
သင်္ဘောများ၊ သင်္ဘောကုမ္ပဏီများ အနေဖြင့် Health, Hygiene, Securing the safety of ship and crew နှင့် တိုက်ရိုက် သက်ဆိုင် နေသော အဆိုပါ ပြဿနာများကို နည်းစနစ်ကျသော Garbage Management Plan တစ်ခုတည်း ရှိရုံမျှဖြင့် ကျော် လွှား နိုင်မည် မဟုတ်ဘဲ
v တာဝန်ရှိ သင်္ဘောဝန်ထမ်းများအား Specific In-house Training ပေးခြင်း၊
v Waste Delivery Receipt/Advance Notification Form များအား Company Format စီစဉ်ထားခြင်း၊
v Port Reception facilities များ၏  Inadequacies Cases အား နားစွင့်ထားခြင်း၊
v Alleged Inadequate facilities of ports များအတွက် Local Agents များဖြင့် ကြိုတင်ပြင်ဆင် ထားခြင်း၊
v လိုအပ်လျှင် သက်ဆိုင်ရာ Administration မှတစ်ဆင့် IMO နှင့် အဖွဲ့အစည်းများသို့ Inadequacies of port reception facilities Report ပို့ခြင်း၊
v Chartering/Management နှင့်ဆိုင်သော Agreements, MoU များတွင် waste delivery expenses, waste delivery associated delays နှင့် သက်ဆိုင်သော clauses များ ထည့်သွင်းခြင်း
စသော နည်းလမ်းများဖြင့် ဖြေရှင်းကောင်း ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ MARPOL ၏ အခြားသော ANNEX များကဲ့သို့ပင် ဤဥပဒေသစ်ကြောင့် တန်ဖိုး ကြီးမားသော သင်ခန်းစာသစ်များလည်း ရကောင်း ရနိုင်ကြပေရာ သတိကြီးကြီးထား၍ ဆင်ခြင်၊ ပြင်ဆင် ထားမှသာလျှင် တော်ကာကျ ပေမည် ဖြစ်ပါ၏ ။
NOTE BY KO AUNG (SUB)
ICLS Okinawa Declaration of Condemnation
ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈
Think seriously is it right or not ..
Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။
ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။
"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"
ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။
ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။
တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။
မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။
အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။
အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့
"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။
တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
Forwarded message ----------
Date: Aug 18, 2008 11:37 AM
ဇော်ဂျီဖေါင့်Download ယူရန်
မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်
for English-Myanmar searching
for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်
Snap Shots
Get Free Shots from Snap.com