09 June 2008

BRIEF STORY OF NARGIS CYCLONE DEVASTATION

မြန်မာနိုင်ငံပင်လယ်ပျော်များယူနီယံ က ကမ္ဘာအနှံ့ တာဝန်ထမ်းလျက်ရှိသောမြနမာသင်္ဘောသား များ အား မေလ ဆန်းတွင်မြန်မာနိုင်ငံ၌တိုက်ခတ်သွားသောနာဂစ်မုန်တိုင်းသတင်းများကိုမေလ(၁၀)ရက်နေ့ မှ စ၍အိုင်တီအက်ဖ် စစ်ဆေးရေးမှူးများမှတဆင့် ဖြန့် ဝေခြင်းပြုခဲ့ပါသည်။ မေလ၂၆ရက် နေ့ ကပေးပို့ သောBRIEF STORY OF NARGIS CYCLONE DEVASTATION များကို ပင်လယ်ပျော်ဘလော့စာမျက်နှာ တွင်ဆက်လက်ဖေါ်ပြသွားပါမည်။



BRIEF STORY OF NARGIS CYCLONE DEVASTATION
Distributed by the Seafarers Union of Burma (S.U.B) through the ITF Inspectors’ Network globally
ဆိုင်ကလုန်းမုန်တိုင်း နာဂစ် သတင်းအချက်အလက် မြန်မာပင်လယ်ပျော်များထံသို့  အကြောင်းကြားသိစေရန် မြန်မာနိုင်ငံပင်လယ်ပျော်များယူနီယံ က အိုင်တီအက်ဖ် စစ်ဆေးရေးမှူးများမှတဆင့် ဖြန့် ဝေခြင်း




မြန်မာပြည်သားပင်လယ်ပျော်များခင်ဗျား
ဆိုင်ကလုန်းမုန်တိုင်း နာဂစ် နှင့် ပတ်သက်၍ ကျနော်တို့ ပင်လယ်ပျော်ယူနီယံ မှ ပင်လယ်ပျော်မိသားစုများအတွက် အထူးစိုးရိမ် ကြောင့်ကြမှု ရှိသည့်အားလျော်စွာ အောက်ပါပြည်တွင်းသတင်းအချက်အလက်များကို လက်လှမ်းမှီသမျှဖြန့်  ဝေအပ်ပါသည်။
မုန်တိုင်းသတင်း-Nargis Cyclone
နာဂစ်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းသည် (၂၀၀၈) ခုနှစ် မေလ (၂) ရက် နှင့် (၃) ရက်နေ့ တွင် မြန်မာနိုင်ငံအတွင်း ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့ သို့ ဝင်ရောက်တိုက်ခတ်သွားခဲ့ ပါသည်။ အခြား ပြည်နယ် နှင့် တိုင်း တို့ ရှိ မြို့ နယ်၊ ကျေးရွာအချို့ တွင်လည်း ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပါသည်။ သို့ သော် ဧရာဝတီ နှင့် ရန်ကုန်တိုင်း တို့ တွင် သေကျေပျက်စီးဆုံးရှုံးမှုများ အဆမတန်များပြားခဲ့သည် ကို တွေ့ ရပါသည်။ (မုန်တိုင်းအားသည် တနာရီ မိုင် (၁၈၀) နှင့် (၁၂၀) အတွင်း ရှိပြီး ရေအမြင့် (၄) မီတာ (၁၂ ပေ) ခန့် လှိုင်းရိုက်ခံခဲ့ရသည်။)
အပျက်အစီးအဆုံးအရှုံး-Death Toll & Devastation
နအဖ၏သတင်းများအရ လူပေါင်း (၇၇,၇၃၈) သေဆုံးပြီး၊ (၅၅,၉၁၇) ဦး ပျောက်ဆုံးနေဆဲ နှင့် ဒဏ်ရာရသူ (၁၉,၃၅၉) ရှိသည် ဟု ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂအဆိုအရ လူပေါင်း (၁) သိန်း သုံးသောင်းကျော် သေဆုံးကြောင်းခန့် မှန်းထားသည်။ ရှေ့ ဆက် လက် သေဆုံးဦးရေ တိုးလာဖွယ်ရှိကြောင်း နှင့် လူဦးရေ (၂)သန်းခွဲကျော်မှာ အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားရပြီး ပျက်စီး ဆုံး ရှုံးမှု အမေရိကန်ဒေါ်လာ (၁၀) ဘီလီယမ်ခန့် ရှိပါသည်။
ထိခိုက်မှုရှိရာ မြို့ နယ်ကျေးရွာများ-Affected Areas
ဧရာဝတီတိုင်းရှိ ဘိုကလေး နှင့် လပွတ္တာ မြို့ နယ်များ၊ ရန်ကုန်တိုင်းရှိ ကွန်းခြံကုန်း နှင့် ဟိုင်းကြီးကျွန်း မြိုနယ်တို့ တွင် အထိ အ ခိုက် အသေအကြေ အပျက်အစီးအများဆုံးတွေ့ ကြရပြီး၊ ဧရာဝတီတိုင်း ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒေးဒရဲ၊ မအူပင်၊ မော်ကျွန်း (မော်လမြိုင်ကျွန်း)၊ ငပုတော၊ ကျိုက်လတ်၊ ဟင်္သတ မြို့ နယ်တို့ နှင့် ရန်ကုန်တိုင်းရှိ ကျောက်တန်း၊ တွံတေး၊ သုံးခွ၊ ဒလ၊ လှိုင် သာယာ မြို့ နယ်များ၊ ပဲခူးတိုင်း ညောင်လေးပင်၊ ဒိုက်ဦး၊ သုံးဆယ် တို့ တွင် လည်း သေကြေဆုံးရှုံး ပျက်စီးမှုများ ရှိခဲ့သည်။ ဘိုကလေးမြို့ နယ် ကျွန်းသာယာကျေးရွာအုပ်စု ခိုင်ရွှေဝါရွာတွင် ယခင်(၄၀၀)ဦး ရှိခဲ့ရာ မုန်တိုင်းအပြီး (၄)ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်း ၀မ်း နည်းစွာတွေ့ ကြရသည်။
လပွတ္တာမြို့ နယ်တွင် ကျေးရွာပေါင်း (၂၀၀) ရေမြုပ်ပျက်စီးခြင်းခံရသည်။ ရန်ကုန်တိုင်း ကွန်းခြံကုန်းမြို့ နယ် လက်ခုတ်ကုန်း ကျေးရွာတွင် လူ (၇) ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်းလည်း သိရသည်။ လှိုင်သာယာမြို့ နယ်အတွင်းရှိ အမှတ် (၁၉) နှင့် (၂၀) ရပ်ကွက်၊ ပီအမ်ဂျီ စက်ရုံ နှင့် အခြား အထည်ချူပ်စက်ရုံ တို့ လည်း ပျက်စီးဆုံးရှုံးမှု များရှိခဲ့သည်။ ရန်ကုန်မြို့ ကြီးသည် လည်း မုန်တိုင်းအပြီး အိမ်ခေါင်မိုးများလှန်ခြင်း၊ သစ်ပင်ကြီးများမှအစ လဲပြိုခြင်း၊ လျှပ်စစ်မီးတိုင်များ လဲပြိုခြင်း နှင့်အတူ အပျက် အစီးများနှင့် တစပြင်ကဲ့သို့ ဖြစ်သွားခါ မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ကြောင်းလည်း မြို့ ခံများက ပြောဆိုနေကြသည်။

ပဲခူးတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ တွင်လည်း မုန်တိုင်းကြောင့် မိုးကြီး၍ ရေကြီး ရေလွှမ်းမိုးခြင်း၊ သစ်ပင်များ ဓါတ် တိုင်များ လဲပြိုခြင်း၊ အိမ်အမိုးများ လှန်ခြင်း၊ ပျက်စီးခြင်းများ ရှိခဲ့သလို လူအသေအပျောက်အနည်းအကျဉ်းလည်း ရှိခဲ့သည်ဟု ကြားသိရပါသည်။ ရခိုင်ပြည်နယ် မောင်းတောမြို့ နယ်ရှိ ငါးခူရ ကျေးရွာအုပ်စုတွင်လည်း ထိခိုက်မှု ရှိကြောင်း၊ အများစု ထားဝယ် သားများပါရှိသည့် ငါးဖမ်းသင်္ဘော၊ ငါးဖမ်းလှေ များ နစ်မြုပ်ပျောက်ဆုံးကြောင်း နှင့် လှေသား (၂၅၀) ခန့် သေဆုံး သို့ ပျောက်ဆုံး နေကြောင်း၊ အများစု မှာ သရက်ချောင်းမြို့ နယ် ညောင်ဇင်ရွာ နှင့် စော်ဝရွာတို့ မှ အများဆုံးဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်း သင်္ဘော အစီး (၆၀) ကျော်လည်း နစ်မြုပ်ပျောက်ဆုံးသွားကြောင်း သဘောင်္သားဦးရေ မည်မျှ သေဆုံးမှုရှိကြောင်း မသိရှိရသေး ကြောင်း အစရှိသည့် သတင်းအချက်အလက်များ ရရှိပါသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ-Relief Work
နအဖ မှ အရေးပေါ်ကယ်ဆယ်ရေးအမျိုးသားကော်မတီ ဖွဲ့ ကာ မုန်တိုင်းဒဏ်ခံရသူများအား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ် ဆောင်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကြက်ခြေနီအဖွဲ့ ချူပ် နှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ များ လည်း မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက်ကာ ကယ်ဆယ်ရေးအကူအညီများ ပို့ ဆောင်ကူညီနေပါသည်။ သို့ သော် ယခု အချိန်ထိ ထိခိုက်သူ ရာခိုင်နှုန်း (၂၅) ရာခိုင်နှုန်းကျော်သာ အကူအညီရရှိမှု ရှိသေးကြောင်း နှင့် ၄င်းတို့ အနေဖြင့် ကြီးစွာသော အတားအစီးများ ရင်ဆိုင်နေရသည့်အတွက် မုန်တိုင်းနောက်ဆက်တွဲ ကူးဆက်ရောဂါဘယဘေးအန္တရာယ်ကိုပါ ဆက်လက်ရင် ဆိုင်ရဖွယ်ရှိနေကြောင်း သိရှိရသည်။ အကူအညီပေးရေးတွင် သောက်ရေသန့် များ၊ နေစရာယာယီတဲများ၊ ခြင်ထောင်၊ အိပ်ရာ၊ မီးဖိုချောင်သုံး ကိရိယာ နှင့် အခြေခံ စားသုံးစရာများ၊ ရေသန့် ဆေးပြား၊ အိမ်သုံးဆေးဝါးပစ္စည်းများ အစရှိသည်တို့ ဖြစ်သည်။
(ဧရာဝတီတိုင်းအတွင်း နှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း တို့ ရှိ လူသေအလောင်းများ၊ တိရိစ္ဆာန်သေ အလောင်းများကို မုန်တိုင်း အပြီး သုံးပတ်အကြာယခုတိုင် ဆယ်ယူနိုင်မှုမရှိသေးသည့်အတွက် ကျန်ရစ်သူအများစုမှာ ပုတ်ပွနေ သည့် အလောင်းများရှိရာ မြစ်ချောင်းများထဲမှ ရေကို အသုံးပြုနေရခြင်းကြောင့် ကူးဆက်ရောဂါများဖြစ်ကာ သေဆုံးသူဦးရေတိုးလာနိုင်ခြင်း ဖြစ်သည်။)
ပြီးခဲ့သည့် တနင်္ဂနွေနေ့  (၂၅ မေ) တွင် မြန်မာနိုင်ငံလေမုန်တိုင်းဘေးအတွက် နိုင်ငံတကာအကူအညီပေးရေးဆိုင်ရာ ကွန်ဖရင့် တစ်ခုကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာပြည်သို့ သွား ရောက်ကာ မုန်တိုင်းထိရာဒေသများ၊ ဘေးဒုက္ခခံနေကြရသူများ နှင့် တွေ့ ဆုံခဲ့ပါသည်။ အဆိုပါကွန်ဖရင့် သို့ လည်း တက်ရောက် ခဲ့ပါသည်။ ရေတို ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ရေရှည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် ငွေကြေး နှင့် ပစ္စည်းအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း (အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော်) အလှူရှင်နိုင်ငံများက ကွန်ဖရင့် တွင် ကတိပေးပြောဆိုကြသည်။ ထိုအတောအတွင်း ပြင်သစ်၊ အမေရိကန် နှင့် ဗြိတိန် စစ်သဘောင်္များသည်လည်း လေဘေး အ ကူအညီပေးရေး ပစ္စည်းများ နှင့် အတူ မြန်မာ့ပင်လယ်ပြင်အနီး အပြည်ပြည်ဆိုင်ရာရေပြင်တွင် စောင့်ဆိုင်းနေကြကြောင်း ခိုင်မာ သောသတင်းများက ဆိုသည်။
မြန်မာနိုင်ငံပင်လယ်ပျော်များယူနီယံ အနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးကော်မတီ တစ်ရပ်ဖွဲ့ စည်းကာ ပြည်တွင်း အဖွဲ့ ဝင်များ က မိမိတို့ အိမ်ခြေရပ်ကွက်များအလိုက် ကယ်ဆယ်ရေးအကူအညီများ ပေးအပ်လျက်ရှိနေပြီဖြစ်ကြောင်း နှင့် အပြည်ပြည်ဆိုင် ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် (အိုင်တီအက်ဖ်)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ ၏ အလုပ်သမားသွေး စည်းညီညွတ်ရေး အကူအညီကို ရယူကာ နိုင်ငံတကာ သင်္ဘောလိုင်းများတွင် အလုပ်လုပ်နေကြသည့် မြန်မာ့ပင်လယ်ပျော်များ၊ ထိုင်း နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့ တွင်ရောက်ရှိနေကြသော မြန်မာ့ရေလုပ်သားများ၊ ရွှေ့ ပြောင်းအလုပ်သမားတို့ ၏ မြန်မာ ပြည်တွင်း မိသားစုများအရေးအတွက် လိုအပ်သော အကူအညီများ တတ်စွမ်းသ၍ ပေးအပ်သွားမည် ဖြစ်ကြောင်း အကြောင်း ကြားအပ်ပါသည်။
ထပ်မံသိရှိလိုသည်များကိုအဆက်အသွယ်ပြုလုပ်ရန်အတွက်-Contact for Further Information
ကိုသူရ (ပင်လယ်ပျော်သမဂ္ဂ) လက်ကိုင်ဖုန်း +66(0)818122550
ကိုကိုကြီး (ပင်လယ်ပျော်သမဂ္ဂ) လက်ကိုင်ဖုန်း +66(0)869958119
ကိုတင်ကိုကို (ပင်လယ်ပျော်သမဂ္ဂ) လက်ကိုင်ဖုန်း 66(0)833057832 နှင့် ရုံးဖုန်းဖက်စ် +66(0)26719099/66(0)29369908
အက်လက်ထရောနစ်မေးလ် seagull@ksc.th.com/seaburma@ksc.th.com/presidentsub@ksc.th.com
အိုင်တီအက်ဖ် တိုကျိုရုံး ဖုန်း နှင့် ဖက်စ် +81(0)337982770/+81(0)337694471
အက်လက်ထရောနစ်မေးလ် mail@itftokyo.org
(မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ မှ အချိန်အားလျော်စွာ ထပ်မံရရှိသည့် သတင်းအချက်အလက်များ ဖြန့် ဝေပါမည်။)



No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com