ကမ္ဘာ့ ကုလသမဂ္ဂ ပင်လယ်ဓါးပြ ဆန့် ကျင်ရေး တိုးမြှင့်ဆောင်ရွက်
၂၃ ရက် ဒီဇင်ဘာလ ၂၀၀၈ ခုနှစ်
ဆိုမာလီယာ နိုင်ငံ မှ ပေါက်ဖွားလာနေသည့် ကုန်တင်သင်္ဘောများအပေါ် ပင်လယ်ဓါးပြ သောင်းကျန်း တိုက် ခတ် မှု များ ဆန့်  ကျင်ရေး လှုပ်ရှားမှု ကို တိုးမြှင့်ဆောင်ရွက် နေပါတယ် လို့  ကမ္ဘာ့  ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က ပြောသည်။ အဆိုပါ တိုး မြှင့်ဆောင်ရွက်မှု တွင် အဖွဲ့ ဝင် နိုင်ငံ များအနေနှင့် ဆိုမာလီ ကမ်းရိုးတန်း၊ ကမ်းလွန် တို့ အပြင် ယခုအခါ ကုန်းတွင်းပိုင်းဆီသို့  ကိုပါ ဆန့် ကျင် တိုက်ဖျက်နိုင်မှု ဧရိယာတိုးချဲ့ လိုက် ကြောင်းပါရှိသည်။ အဆိုပါ ပင်လယ်ဓါးပြ ဆိုးသွမ်းမှုကို အပြည်ပြည်ဆိုင်ရာ တုံ့ ပြန်မှုအဖြစ် (၂၀၀၈) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက် နေ့ တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၈၅၁) ကို ယခုလို ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်သည့် အဆိုပါဆုံးဖြတ်ချက်ချ အစည်းအဝေးတွင် ကုလ အထွေထွေအတွင်းရေးမှုးချူပ် ဘန်ကီမွန်း က ယခုလို ပင်လယ်ဓါးပြ ရန် ကာကွယ်တားဆီးတိုက်ဖျက်ရေး ကြိုးပမ်းချက်များသည် ဆိုမာလီယာ နိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို မြန်မြန်ဆန်ဆန်ပေါ်ထွန်းစေမည့် ချည်းကပ်မှု လမ်းကြောင်းနှင့် အညီ ဖြစ်ရမှာ ဖြစ်ကြောင်း နှင့် (၂၀၀၈) ခု နှစ် အကုန်တွင် အီသီယိုပီးယား တပ်များ ဆိုမာလီယာမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေရာတွင် ပြည်တွင်းမငြိမ်မသက်မှု များ အလွယ်တကူ ဖြစ်လာစေနိုင်ကြောင်း ပြောကြားသည်။ ပင်လယ်ဓါးပြ ရန် နှင့် ပင်လယ်ပြင် လက်နက်ဖြင့် တိုက်ခိုက်လု ယက်မှု များအပေါ် မိမိတို့ အင် အား အရင်းအမြစ်များသုံး၍ ကြိုးပမ်းတိုက်ဖျက်နေကြသည့် ဥရောပသမဂ္ဂ၊ မြောက်အတ္တလန် တိတ်စာချူပ်အဖွဲ့  (နေတိုး) ၀င်များ နှင့် ကုလ အဖွဲ့ ဝင်နိုင်ငံ တို့ အား ချီးကျူးစကားကိုလည်း ပြောဆိုပါတယ်။
ဥပဒေကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု နှင့် တရားဆွဲဆိုမှု လုပ်ဆောင်နိုင်ဖို့  ပင်လယ်ဓါးပြများအား ဖမ်းဆီးထိန်းသိမ်းလက်ခံ ရန် ဆန္ဒရှိ နိုင်ငံများ နှင့် သဘောတူညီချက်များ အရေးယူ ဆောင်ရွက်နိုင် ကြောင်း လည်း အဆိုပါ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်တွင် ဖော်ပြပါရှိပါတယ်။
အဆိုပါ ဆုံးဖြတ်ချက် ချမှတ်သည့်နေ့ တွင်ပင် ပင်လယ်ဓါးပြ တို့ က အေဒန်ပင်လယ်ကွေ့ တွင် သဘောင်္ (၄)စီး ကို လုယက်သွားကြခြင်းကြောင့် အန္တရာယ် ပိုလို့  ပင် တိုးလာနေပါတယ်။ ဆိုမာလီယာ ပင်လယ်ဓါးပြ တို့ လု ယက် သွားကြသည့် သဘောင်္များတွင် အင်ဒိုနီးရှား ဆွဲသင်္ဘော၊ တူရကီ ကုန္တင္သေဘာၤ၊ သေဘာၤသား (၃၀) ပါ တရုတ် ငါးဖမ်းသဘောင်္ နှင့် ရွက်လှေသင်္ဘော တို့ ဖြစ်ပါတယ်။
ယခုဆိုလျှင် သဘောင်္စုစုပေါင်း (၁၅) စီး နှင့် သဘောင်္သား (၃၀၀) ကို ဆိုမာလီယာ ဓါးပြ တို့  သိမ်းပိုက် လု ယူထား ဆဲ ဖြစ်တယ်။ ဆော်ဒီအာရေဗျ ပိုင် တန်ချိန်ကြီးမားသည့် ဆီတင်သဘောင်္ ဆီရီယပ်စ် စတား ကို ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ (၁၅) ရက် က လည်းကောင်း၊ ယူကရန်းပိုင် ယခင်ဆိုဗီယက် တင့်ကားများ နှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် ဖန်နီးယား သ ဘောင်္ကို ပြီးခဲ့သည့် နှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ကလည်းကောင်း သိမ်းပိုက်လုယူခဲ့သည်။ (ဆီတင်သဘောင်္ကြီး မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန်ဒေါ်လာ (၃) သန်း ဖြင့်ရွေးလိုက်ပြီးနောက် ဓါးပြတို့ က ပြန်လည် လွှတ်ပေးလိုက် ကြောင်း ကြား သိရပါတယ်။ (သတင်းအချက်အလက်ပြန်ကြားရေး ကို ဆက်လက်ဖော်ပြပေးပါမည်။)
(အပြည်ပြည်ဆိုင်ရာပို့ ဆောင်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ ချူပ် ပင်လယ်ပျော် အင်တာနက်စာမျက်နှာ မှ သတင်းကို ဆီလျော်အောင် ပြန်ဆိုပါသည် -- မြန်မာ့ပင်လယ်ပျော်သမဂ္ဂ)
Subscribe to:
Post Comments (Atom)
Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။
ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။
"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"
ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။
ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။
တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။
မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။
အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။
အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့
"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။
တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
Forwarded message ----------
Date: Aug 18, 2008 11:37 AM

No comments:
Post a Comment