31 January 2009

အလုပ်သမားရေးရာသတင်း

ကမ္ဘာ့ စီးပွားရေးကျဆင်းမှုဒဏ် အလုပ်သမား သန်း(၅၀) အလုပ်လက်မဲ့ဖြစ်နိုင်
(၂၉) ရက် ဂျန်န၀ါရီလ (၂၀၀၉) ခုနှစ်

ကမ္ဘာ အ၀ှန်း စီးပွားရေး ကမောက်ကမ ဖြစ်နေခြင်းသည် အလုပ်အကိုင်ပေါင်း သန်း(၅၀)ကျော် ဆုံးရှုံးနိုင်ဖို့ မြင် နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ကြီး (အိုင်အယ်လ်အို) ၏ အလုပ်အကိုင်နှင့် ပတ် သက်၍ နောက်ဆုံး ထွက်ရှိသည့် အစီရင်ခံစာအရ သိရှိရပါတယ်။

အိုင်အယ်လ်အို က ယင်း၏ (၂၀၀၉) ခုနှစ် ကမ္ဘာ့ အလုပ်အကိုင်ဆိုင်ရာအနေအထားအခင်းအကျင်း အစီရင်ခံ စာတွင် ဖော်ပြရာ၌ အချိန်မီ ကုသဖို့  ကြိုးပမ်းချက်များ၏ ထိရောက်မှုအပေါ် မူတည်၍သာ (၂၀၀၇) ခုနှစ်က ထက် (၁၈) သန်း မှ သန်း (၃၀) အတွင်း အလုပ်လက်မဲ့ဦးရေ တိုးလာမှာဖြစ်ကြောင်း နှင့် အကယ်၍သာ အခြေ အနေ ဆိုးရွားမှု ဆက်လက်ဖြစ်နေဦးမည်ဆိုက သန်း (၅၀)ကျော် အထိဖြစ်သွားနိုင်ကြောင်း ဖော်ပြထားပါတယ်။ အခုလိုမျိုး ဆိုးဆိုးဝါးဝါးရှေ့  အ လား အလာကြောင့် အများစု ဖွံ့ ဖြိုးတိုးတက်ဆဲနိုင်ငံများ ရှိ သန်း (၂၀၀) ခန့် ရှိ အလုပ်သမားတို့ မှာ အဆုံးစွန် ဆင်းရဲငတ်ပြတ်မှု သို့  သက် ဆင်းကျရောက်သွားနိုင်ကြောင်း လည်း ဖော်ပြထား သည်။

ကမ္ဘာ့ စီးပွားရေးဆုတ်ယုတ်မှုကြောင့်ပင် ‘အလုပ်လုပ်ရင်းဆင်းရဲနေရသည့်’ အခြေအနေ အဆင့်သို့  သက်ဆင်း သွားတော့မယ့် ဦးရေ အဆမတန် တိုးမြင့်လာဖွယ် ရှိသည်ကို ခန့် မှန်းရကြောင်း နှင့် အဆိုပါအလုပ်သမားတို့  သည် ကာကွယ်စောင့်ရှောက်မှုကင်းမဲ့သည့် အလုပ်အကိုင်တို့ မှ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။

“အိုင်အယ်လ်အို အခုလိုပြောခြင်းသည် တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံတာဖြစ်တယ် ပွဲဆူ သံချောင်း ခေါက် ခြောက်လှန့် တာမဟုတ်ဘူး၊ ကျနော်တို့ တတွေ ကမ္ဘာနဲ့ အ၀ှန်း အလုပ်အကိုင် ဆုံးရှုံးမှု တွေ နဲ့  အခု ရင်ဆိုင် နေရပြီ၊ အစိုးရ တော်တော်များများ ဒါကို သိမြင်ပြီး အရေးယူဆောင်ရွက်နေကြတယ်၊ ဒါပေမဲ့ ကမ္ဘာ့  လူမှုရေး ကမောက်ကမ ဖြစ်မှု ဘေးရန် မှ လမ်းလွှဲသွားစေရန် အတွက် ပိုမိုခိုင်မာပြတ်သား၍ ၀ိုင်းဝန်း လုပ်ဆောင် နိုင် မယ့် နိုင်ငံတကာ အရေးယူဆောင်ရွက်ချက် လိုအပ်နေပါတယ်၊ ဆင်းရဲသား လျော့ ကျရေး တိုးတက် ဆောင် ရွက် နိုင်သလို ရှိပေမယ့် ကမ္ဘာအနှံ့ အလယ်အလတ်တန်းစား လူထု အခြေအနေက အားနည်း နေ ပါ သေး တယ်” အစရှိသဖြင့် အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချူပ် ဂျူအန် ဆုမ်ဗီယာ က ပြောသည်။ အခုလို အကျပ် အတည်းဖြစ်ခြင်းဟာ အိုင်အယ်လ်အို ရဲ့  အလုပ်အကိုင်လျော်ကန်သင့်မြတ်စေရေး အစီအမံ ဆောင် ရွက်ချက် နဲ့ သက်ဆိုင်တာကို ပို အသားပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ပြောပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာ လာ မယ့် ဧပရယ်လ (၂) ရက်နေ့ ကျင်းပမည့် ဂျီ-၂၀ အစည်းအဝေးကို ၄င်းက တိုက်တွန်းထားသည် မှာ ထုတ်လုပ် ရေးစွမ်းအားမြှင့်တင်ရေး၊ အလုပ်အကိုင်လျော်ကန်သင့်မြတ်စေရေး နှင့် လူမှုရေးကာကွယ်စောင့်ရှောက်မှု ရည် မှန်းချက်ထားရှိရေး၊ မူဝါဒရေးရာ ပေါင်းကူးညှိနှိုင်းကြရေး တို့ အပေါ်တွင် ဦးစားပေးဆောင်ရွက်ကြဖို့  သဘော တူ ညီကြပါရန် တိုက်တွန်းသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂပေါင်းစုံအဖွဲ့ ချူပ် က ဂျန်န၀ါရီလ (၂၇) ရက် မှ ဖေဖော်ဝါရီလ (၁) ရက် နေ့ အထိ ဘရာဇီးနိုင်ငံ ဘီလန်မ် တွင် ကျင်းပသည့် ကမ္ဘာ့ လူမှုရေးရာ ဆွေးနွေးပွဲ အထိမ်းအမှတ်အဖြစ် ယနေ့  ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ယင်းတို့ ၏ စိုးရိမ်ပူပန်မှု ကို ထပ်လောင်းပြောကြား၏။ ငွေကြေးအကျပ် အတည်းဖြစ်မှုသည် ကမ္ဘာ့ တောင်ခြမ်းရော မြောက်ခြမ်းတွင်ပါ လက်ရှိ စီးပွားရေး ပြဿနာရပ်များ ကို တိုးမြှင့် ဖြစ်ပွားစေမှာ ဖြစ်ကြောင်း ၄င်းက ပြောကြားလိုက်ပြီး ကမ္ဘာ့ အစားအသောက် ခက်ခဲမှု ပြဿနာ နှင့် နေ ထိုင် စားသောက်စရိတ် မြင့်မားလာခြင်း ပြဿနာတို့ က ဖွံ့ ဖြိုးဆဲနိုင်ငံတို့ တွင် လျော်ကန် သင့် မြတ် သည့် အလုပ်အကိုင်များ ရှားပါးခြင်းကို ဖြစ်ပွားလာစေကြောင်း ဆက်လက်ပြောသည်။

“တိုးတက်အောင်လုပ်နိုင်မယ့် ပုံစံသစ် တစ်ခု အနှေးနဲ့ အမြန် ပေါ်ထွန်းလာအောင် လုပ်ကြဖို့ လိုမယ်၊ အဲ့ဒီပုံစံ သစ်ဟာ ဈေးကွက်ကိုထိန်းညှိဆောင်ရွက်ခြင်းအပေါ်အခြေခံပြီး အမြဲစိမ်းလန်းတဲ့ တိုးတက်မှုတွေ ဖန်တီးထုတ် လုပ်ပေးနိုင်ရအောင်ရယ်၊ အဲ့ဒီကမှ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ကြီးကြီးမားမား ဖန်တီးပေါ်ထွက် လာနိုင်အောင်ရယ် ဖြစ်နိုင်မယ်” လို့  အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ပေါင်းစုံ အဖွဲ့  ချူပ် အထွေထွေ အ တွင်းရေးမှူး ဂိုင်းရိုက်ဒါ က ပြောပါတယ်။

(မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ အဖွဲ့ ဝင်အဖြစ်ပါဝင်သည့် အဖွဲ့ ချူပ်ဖြစ်သော အပြည်ပြည်ဆိုင်ရာပို့  ဆောင် ရေး အ လုပ်သမားသမဂ္ဂ များ အဖွဲ့ ချူပ် - အိုင်တီအက်ဖ် မှ အွန်လိုင်းသတင်းကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။)

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com