ဖုန်းယဉ်ကျေးမှု ဆိုတော့ ဖုန်းကနေစရပါလိမ့် မယ်။ ပြောသူရဲ့  အသံ (စကား) ကို နယ်ခြားမဲ့ အနီးအဝေးမဲ့ ပက တိ အသံနီးပါး နားထောင်သူ ကြားရစေဖို့  လူတို့  ဖန်တီးလိုက်တဲ့ ပစ္စည်း တစ်ခုကတော့ ကြိုးမဲ့ လက်ကိုင်တယ် လီ ဖုန်း ပဲ ဖြစ်ပါတယ်။အချိန်အခါ နယ်မြေဒေသနဲ့  သင့် တင့် လျောက်ပတ်အောင် နေထိုင်ပြောဆို သွားလာစားသောက်တတ် ခြင်း ဟာ ယဉ်ကျေးမှု တစ်ခုလို့  အနက်ဖွင့် ဆိုရပါလျင် ဖုန်းယဉ်ကျေးမှု ဆိုတာလည်း ဖုန်းတစ်လုံးကို အသုံးပြုရာ မှာ သိမ်သိမ် မွေ့ မွေ့  လိုက်လျောညီထွေ အကျိုးရှိရှိ အသုံးပြုတတ်ခြင်းဟာ ဖုန်းယဉ်ကျေးမှု ပါပဲခင်ဗျာ။
ကျနော်တို့  လာရောက်မှီတင်းနေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ ထိုင်းနိုင်ငံမှာ အမျိုးအစားအလိုက် တန်ဘိုး အနိမ့် အမြင့် ကွာခြားပါသော်လည်း လူတိုင်းနီးပါး ဆန္ဒ ရှိလျှင် ဖုန်း အသုံးပြုနိုင်ပါသည်။ အများစုက သုံး လည်း သုံး နေကြပါသည်။ နံပါတ်ရော ဖုန်းပါ အပြီး အနိမ့် ဆုံး အဆင့် ဘတ် (၈၀၀) မြန်မာငွေ နှစ်သောင်း ငါးထောင် ၀န်းကျင် (၂၅၀၀၀ကျပ်) ဆိုလျှင် နံပါတ် အသစ် ဖုန်း အသစ်ကိုပင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
သို့  ပါသော်လည်း ပစ္စည်းဥစ္စာများ တိုးတက်ကောင်းမွန်လာသည်နှင့် အမျှ လူသားတို့  ယဉ်ကျေးမှု မှေးမှိန် ရ မည့် အဖြစ်ကိုတော့ မျက်ကွယ်ပြု မနေနိုင်ပါ၊ ဖုန်းသုံးကြသူများ ဖုန်းယဉ်ကျေးမှုကို ပညာရှိသတိဖြစ်ခဲ သတိမမူ ဂူမမြင်များ ဖြစ်ကြလေရော့ သလား မဆိုတတ်ပါ။ ပုဒ်မ တတ်၍ စည်းကမ်း သတ်မှတ်ရလျှင် ဖုန်း ဥပဒေ ဖြစ် လာမည် စိုးပါသောကြောင့် ဖုန်း သုံးတတ်သူအားလုံး ဖုန်းယဉ်ကျေးမှုကို ရှိစေချင်ပါသည်။ သိစေချင်ပါသည်။
ဥပမာ၊ ယာဉ်မောင်းစဉ် ဖုန်းပြောခြင်း ရှောင်သင့် ပါသည်။ မိမိ အတွက်ရော ၀န်းကျင်အတွက်ပါ ဘေးဆိုး အန္တ ရာယ် မှ ဝေးစေဖို့  ဖုန်းခေါ်သူဘက်မှလည်း အများဆုံး ငါးစက္ကန့် ထက် ကြာသည့် တိုင် ဖုန်းမကိုင်လျှင် ဖုန်းပြန်
ချ ထားသင့်ပါသည်။ သေရေး ရှင်ရေး မဟုတ်လျှင် ရွှေ့ဆိုင်း၍ ရသော ကိစ္စ ဖြစ်လျှင် မကိုင်မခြင်း ဖုန်း ဆက် တိုက် ခေါ်ခြင်းမှ ရှောင်ကြဉ်သင့် ပါသည်။ ဖုန်းပိတ် ထားသင့် သည့် နေရာများလည်း ရှိပါသည်။ ဆွေးနွေးပွဲ ခန်းမများ ဟောပြောပွဲများ မိမိက ဟောပြောသူဖြစ်စေ တက်ရောက်နားထောင်သူဖြစ်စေ အကယ်၍ ဖုန်း မ ပိတ် ချင်လျှင်တောင် ဖုန်းကို အသံတိတ် တုန်ခါစေခြင်းတွင် ထားသင့် ပါသည်။ ကြိမ်ဖန်များစွာ ကြုံတွေ့  ခဲ့ ရ ဖူး ပါ သည်။ ဆွေးနွေးပွဲ တက်ရောက်နေသူ ဖုန်း ကို တခြားဘက်မှ ဖုန်းခေါ်လာသဖြင့် ကျယ်လောင်စွာ ထွက် ပေါ်လာသော ဖုန်း သံကြောင့် ဖုန်းရှင်ကို အများစုက ၀ိုင်းကြည့် ကြတဲ့ အဖြစ် ဘာမှ မပြောကြပေမယ့် အားလုံး အတွက် စိတ်အနှောက်အရှက် ဖြစ်စေသည်ကတော့ အမှန်၊ မေ့ သွား လို့  ပဲ ဖြစ်ဖြစ် လူအများ အာရုံ စိုက်တာ ကို ခံယူလိုလို့ ဖြစ်ဖြစ် ပေါ်ပြူလာဖြစ်ချင် လို့  ပဲဖြစ်ဖြစ် ဖုန်းပိုင်ရှင်အတွက် တကယ် ဂွင်ဝင်သွားတာ ကတော့ အကုသိုလ် အိုင်ဒီယာ ပါပဲ၊ မကောင်းပါဘူး၊ အများ အထင်သေးစရာ ပါပဲ။
ရှိပါသေးတယ်၊ နိုင်ငံတော် နှင့် အ၀ှန်း အများပြည်သူများ ကြည့် ရှု့  အားပေးနေတဲ့ တီဗွီ ဖန်သားပြင်ပေါ်မှာ အရေးပါ အရာရောက်တဲ့ လွှတ်တော် ဆွေးနွေးပွဲ တစ်ခုမှာ လွှတ်တော် အမတ် တစ်ဦး ဖုန်း ပြော နေတာကို မြင်တွေ့  ကြတဲ့ သူ့  ပြည်သူက ယုံကြည်မှု အား နည်း သွားတာကို ခံစား ခဲ့ ရဖူးတဲ့ အကြောင်း ဒါ့ အပြင် မိမိ ဖုန်း မှာ ပိုက်ဆံရှိပါလျှက် ဖုန်း အကြိမ်ကြိမ် တောက်ခြင်း (တဘက်လူ ပြန် ခေါ် စေရန် အတွက် ဖုန်းနံပါတ် ပေါ်ရုံ ခဏခဏ ဆက်ခြင်း) က လည်း သွယ်ဝိုက်သောနည်းဖြင့် သူများ ပိုက်ဆံကို မိမိ အကျိုး အ တွက် အသုံးချခြင်း အမြတ်ထုတ်ခြင်း တို့  အပြင် အခြား အခြား သော အကြောင်းအရာများ လည်း ရှိနေပါသေးသည်။
မည်သို့  ပင် ဖြစ်ပါစေ ကျနော်တို့  ရောင်းရင်း အပေါင်း အသင်း သူငယ်ချင်း ညီအစ်ကို မောင်နှမများ အားလုံး ဖုန်း ယဉ်ကျေးမှု ကို ထိမ်းသိမ်း စောင့် ရှောက်သော လူယဉ်ကျေးများ ဖြစ်နိုင်ကြပါစေ။
ကိုသော်
၁။ ၈ ။ ၂၀၀၉ ။။

No comments:
Post a Comment