အလုပ်သမားအင်အား (၅၀၀) ခန့်ရှိပြီး လစာဖြတ်တောက်တဲ့ကိစ္စ အပေါ် ကျေနပ်မှုမရှိရာက ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်ရုံအား (၂၀၁၁) ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ခေါ်တုန်းက(က) အုပ်စု၊ (ခ) အုပ်စုနှင့် (ဂ) အုပ်စုခွဲကာ
(က) အုပ်စုအား အခြေခံလစာ (၇၅ ၀၀၀)+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊
(ခ)အုပ်စုအား အခြေခံလစာ (၇၀ ၀၀၀)+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊
(ဂ)အုပ်စုအား အခြေခံလစာ (၆၅ ၀၀၀)+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ ပေးမယ်ဆိုပြီး အလုပ် ခေါ်ယူ ခဲ့ တာ လို့ သိရပါတယ်။

Photo newsdeyea.blogspot.com


-
-
-
-
Photo popularmyanma
-
-
-
ယခုလစာထုတ်တဲ့အခါ အချိန်ပိုကြေးနှင့် ဘောနပ်စ်ကြေး မပေးတဲ့အပြင် မူရင်းလစာကိုပင် အကြောင်းပြချက် မ ပေး ဘဲ ဖြတ်တောက်ခဲ့ရာ
(က) အုပ်စုမှာ အလုပ်သမားအားလုံးမှာ လစာထဲမှအကြောင်းမဲ့ ငွေ (၆၄၀၀) ခန့် ဖြတ်တောက် ခံ ခဲ့ ရပါတယ်။ စက်ရုံဝန်ထမ်းအားလုံးမှာ (၉၀၀) ခန့်ရှိပါတယ်။ ဖေဖော်ဝါရီ (၅) ရက်နေ့ က အလုပ်သမား (၅၀၀) ခန့် ဆန္ဒ ပြ မှု ဖြစ်ရာ နေရာကို ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြား မှု ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသိန်းလွင်၊ ရွှေပြည်သာ ရဲစခန်းမှ တာဝန်ရှိသူများ၊ မယက နှင့် အခြား အာဏာပိုင် အဖွဲ့ တွေ ရောက်ရှိ လာပြီး အလုပ်သမား များ နှင့် ညှိနှိုင်း ရာ (၇) ရက်နေ့ တနင်းလာနေ့ နေ့လည် (၁၂) နာရီတွင် ထပ်မံညှိနှိုင်းရန် အာဏာပိုင်တွေ က ပြော တဲ့ အ တွက် (၆) ရက် နေ့ နံနက် (၂) နာရီ ခန့်မှာ အလုပ်သမား များ ပြန်သွား ကြ ပါ သည်။
(၇) ရက် နေ့ တနင်းလာနေ့ နံနက်ပိုင်း မှ စကာ အလုပ်သမား အားလုံး ပါဝင်ပြီး ထပ်မံ ဆန္ဒပြ တောင်းဆို ဦး မယ် လို့ သိရှိရပါ တယ်။ (၇) ရက်နေ့ သတင်း တွေကို ဆက်လက် စုံစမ်း တင်ဆက် သွား မှာ ဖြစ်ပါတယ်။
အလား တူ ပဲ ဖေဖော်ဝါရီလ (၄) ရက်နေ့က ရွှေပြည်သာ မြို့နယ် ကနောင် မင်းသားကြီး လမ်း ပေါ် ရှိ Super One အထည် ချုပ် စက်ရုံမှာ လည်း လုပ်ခ လစာငွေ နည်း ခြင်း၊ စက်ရုံတွင်း သုံးစွဲ နေရတဲ့ အိမ်သာ မလုံ လောက် ခြင်း၊ ကျန်းမာရေး စောင့် ရှောက် မှု မလုံလောက် ခြင်း စတဲ့ တောင်းဆိုချက် တွေ နဲ့ ဆန္ဒပြမှု ဖြစ် ပွား ခဲ့ ပါ တယ်။ ဆူပါဝမ်း စက်ရုံ မှာတော့ စက်ရုံ ပိုင်ရှင် အမည် ခံ ကို ဇော်မင်းဦး မှ ကိုရီးယား နိုင်ငံ မှ ပိုင်ရှင် နဲ့ ဆက် သွယ် ညှိနှိုင်း ပေးခဲ့ တဲ့ အတွက် အလုပ်သမားတွေ အတွက် လုပ်ခငွေ လစာငွေ (၈၀၀၀) နဲ့ အလုပ် သမား များ ဘက် က သဘောတူ ခဲ့ ပြီး ဖေဖော်ဝါရီလ (၅) ရက်နေ့ မှာ ပြီးဆုံး ခဲ့ ပါတယ်။
အဆိုပါ စက်ရုံ မှာ နိုင်ငံသား ပိုင် အဖြစ် နဲ့ အမည်ခံ ထား ပြီး အခွန် တိမ်း ရှောင်နေသော နိုင်ငံခြားသား ပိုင် စက်ရုံ ဖြစ်ကြောင်း စစ် ဆေး တွေ့ ရှိရပေမယ့် အာဏာပိုင်တွေ အနေနဲ့ တစုံတရာ အရေးယူ ဆောင်ရွက်မှု မရှိ တာ ကို တွေ့ ရှိ ရပါတယ်။
တစ်တီတူး၊ ရန်ကုန်
No comments:
Post a Comment