
မြန်မာ သင်္ဘောသား (၁၂) ယောက်ပါတဲ့ သင်္ဘောတစီးကို ဂျပန်ငလျင်ကြောင့် နောက်ဆက်တွဲ လိုက်လာတဲ့ ဆူနာမီ ရေလှိုင်း ဘေးရန်ကနေ ဂျပန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
မြန်မာသင်္ဘောသား(၁၂)ယောက် တောင်ကိုရီးယား (၆) ယောက် ပါဝင်သော ဓာတုပစ္စည်းတွေ တင်ဆောင်တဲ့ MV Golden Grace သင်္ဘော ဖြစ်ပါတယ်။


“အဲဒီ သင်္ဘောက ခရှီးမား ဆိုတဲ့ နေရာနားလောက်မှာ ဒီူဆူနာမီကြောင့်ပေါ့လေ ပျက်စီးတော့မဲ့ အနေအထားမှာ ဒီ coast guard ကနေပြီးတော့ ဂျပန်ရဲ့ coast guard ကနေ ကယ်တင်နိုင်ခဲ့တယ်ပေါ့လေ။ နောက် သင်္ဘောပေါ်မှာ ပါလာတဲ့ ကိုရီးယား(၆)ယောက်ရယ်၊မြန်မာ(၁၂) ယောက်ရယ်ပေါ့လေ၊ အားလုံး သင်္ဘောသားအားလုံး လုံလုံခြုံခြုံ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း ရှိတဲ့အကြောင်း ပါလာတယ်ပေါ့လေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့အနေနဲ့ပေါ့လေ၊ ဒီ သင်္ဘောသားတွေရဲ့ မိသားစုတွေ ကိုယ့် သင်္ဘောသား သားတွေ ဘေးကင်းလုံခြုံမှု ရှိကြောင်း ဆိုတဲ့ဟာကို ကျွန်တော်တို့ သိစေချင်တာပေါ့လေ။”
မြန်မာနိုင်ငံက သင်္ဘောသားတွေရဲ့ မိဘဆွေမျိုး သားချင်းတွေ စိတ် ပူပင်သောက ရောက်နေမှာ စိုးရိမ်လို့ ခုလို အကြောင်း ကြားခဲ့တာလို့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ အဖွဲ့ ဥက္ကဋ္ဌ ကိုသူရ ပြောပါတယ်။

No comments:
Post a Comment