04 July 2008

ပင်လယ်ပျော်မိတ်ဆွေကြီးများ၏တင်ပြချက်

-
မြန်မာပြည်မှာ မုန်တိုင်းမတိုက်မီကပင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းခဲ့ရပြီး
လူထုမှာ အတော်ပင်ဒုက္ခရောက်နေကြသည်။ မုန်တိုင်းမတိုက်မီ ဆန် နှင့် ဆား ဈေးများတက်ခြင်း၊
လောင်စာဆီ နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မသိမသာတက် ခြင်း နှင့် အတူ အရောင်းအ၀ယ်
များလည်း အေးနေခဲ့ ပါသည်။ လူအများမှာ ဘောလုံးပွဲလောင်း ခြင်း၊ နှစ်လုံးထီများဖြင့်သာ
စိတ်ထွက် ပေါက်ရှာနေကြတာများသည်။ မီးပုံမှန်မလာသဖြင့် မီး စက်များ အသုံးပြုမှု များလာသောကြောင့်
လောင်စာဆီဈေးများ မြင့်လာခဲ့သည်။ ဆန္ဒခံ ယူပွဲ နှင့် ပတ်သက်၍ လူအများစုမှာ စိတ်ဝင်စားမှု မရှိကြပေ။
မေလ (၂) ရက် သောကြာနေ့ တွင်မူ ရန်ကုန်မြို့ တွင် နေ့ လည်တစ်နာရီ နှစ်နာရီ ပတ်ဝန်းကျင်လောက်
တွင် ဈေးများ၊ ဌာနဆိုင်ရာ များ နှင့် ဆိုင်တော်တော်များ များ ပိတ်၍ အိမ် စောစောပြန်နေကြသည်ကို
တွေ့ ရသည်။ စုံစမ်း ကြည့်သောအခါ စီအန်အန်ဂြိုလ်တုသတင်း မှ မုန်တိုင်းသတင်းကြေညာ သွားသော
ကြောင့်ဟု သိရသည်။ ထပ်မံ စုံစမ်းသောအခါ မြန်မာ့အသံ မှမုန်တိုင်းအထူး သတင်း အနေနှင့် ညနေ(၄)
နာရီ နှင့် (၅) နာရီ ၀န်းကျင်လောက်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်နိုင်ကြောင်း တစ်နာရီ မိုင်(၄၀) မှ (၄၅)
မိုင်နှုန်းလောက် တိုက်ခတ်နိုင်ကြောင်း သိရှိရသည်။ သတင်းတွေက မသေချာသော ကြောင့် လူတိုင်းလိုလို
ပေါ့ပေါ့တန်တန် ရယ်ရယ်မောမောပင် နေခဲ့သည်က များသည်။ ညနေပိုင်း တွင်လည်း သာမန်လောက်သာ
လေတိုက်မိုးရွာ ဖြစ်ခဲ့သဖြင့် ပို၍ပင် ပေါ့ပေါ့ဆဆ ဖြစ်ခဲ့ကြသည်။

ညပိုင်း ဆယ်နာရီ ခွဲ ဆယ့်တစ်နာရီခန့် တွင် လေပြင်းများ တိုက်ခတ်လာပြီး မိုးပါသည်းထန်စွာ ရွာသွန်းခဲ့သည်။
တဖြည်းဖြည်း ပြင်းထန်လာကာ မနက်လင်းအားကြီးတွင် အဆိုးဝါးဆုံး ဖြစ် သည်။ ယင်းအချိန်တွင် အပင်များလဲ
ပြိုခြင်း၊ အမိုးများ လွင့်ထွက်ခြင်း တို့ အဖြစ်များခဲ့သည်။ မ နက် ဆယ်နာရီဝန်းကျင်လောက်တွင်လေအနည်းငယ်
ငြိမ်သွားပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည်။ ယင်း မိုးငြိမ်သက်သွားချိန်တွင် အပျက်အစီး၊ အလဲအပြို တို့ 
တစ်မြို့ လုံးနီးပါးပင် ဖြစ်ခဲ့ရ တော့သည်။ မုန်တိုင်းသည် တစ်နာရီ မိုင် (၁၂၀) နီးပါး တိုက်ခတ်ခဲ့သည် ဟု သိရ သည်။

လမ်းများပေါ်ထွက်ကြည့်သောအခါ လမ်းတိုင်းနီးပါးသည် အပင်များလဲ ပြိုနေပြီး ပိတ်ဆို့ နေ သည် ကိုတွေ့ ရသည်။
ဓါတ်တိုင်အတော်များများလည်းကျိုးပျက်လဲကျနေသည်ကိုတွေ့ ရ သည်။ စတိုးဆိုင်တချို့ အရေးပေါ် ဖွင့်ပေးပြီး မူလဈေးအတိုင်း ရောင်းပေးခဲ့သည်။ တချို့ မှာ အခွင့်ကောင်း ယူကာ ဈေးတင် ရောင်းကြသည်။

လူအများမှာ ရောင်းချပေးသည်ကိုပင် ကျေးဇူးတင်လျှက်ရှိ ကြသည်။ အိမ်ဆောက်ပစ္စည်းဆိုင်များမှာ များသောအား ဖြင့် မဖွင့်ကြဘဲ ဖွင့်သောဆိုင်တချို့  တွင်လည်း အိမ်အမိုးသွပ် နှင့် သွပ်ရိုက်သံများ လုံးဝ ၀ယ်ယူ၍မရ ဖြစ် ခဲ့ရ သည်။ နောက်ရက် များတွင် ဈေးများ မတရား မြင့်မားခဲ့သည်။ တချို့ နေရာများ နှင့် လေဘေး သင့်နေရာ များ တွင် သွပ်ရိုက်သံ တစ်ပိဿာ ကျပ်ငါးသောင်း၊ သွပ်တစ်ချပ် တစ်သောင်းခွဲ အထိ ဈေးမြင့် ခဲ့ကြောင်း သိရသည်။ လူအများစုမှာ မိမိတို့ အိမ်ရှေ့  နှင့် လမ်းများပေါ်တွင် ပိတ်ဆို့ နေသည်များကိုကိုယ့်





အစီအစဉ်နှင့်ကိုယ်
ကိုယ် ထူကိုယ်ထ ဆိုသလိုပင် ရှင်းလင်း ခဲ့ကြ ရ သည်။ အစိုးရပိုင်း မှ အကူ အညီ ဘာတစ်ခုမှ မရခဲ့ကြပေ။
နေရာ တော် တော်များများတွင် သံဃာတော်များ ဦးဆောင်ခုတ် ထွင်ရှင်းလင်း နေသည်ကိုသာ တွေ့ ရသည်။ နောက်တစ်နေ့  တွင် အလုံ၊ ကြည့်မြင်တိုင် ဘက်မှ ဦးဆောင် သံဃာ နှစ်ပါးသုံးပါးခန့်  ညဘက်တွင် ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရ သည်ဟု သိရသည်။ အစိုးရဘက်မှ ဆောင်ရွက်မှု အပိုင်းတွင် ၄င်းတို့ အရာရှိကြီးများ အိမ်၊ လမ်း တို့ ကိုသာ ရှင်း လင်း နေကြသည်ကို တွေ့ ရပြီး ပြည်သူများမှာကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်အတွက် ကိုယ် ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြသည်။ စစ်ဆင်ရေး ရဲကားများ မှာ ဟိုနား အမြန်မောင်းလိုက်၊ဒီနား အမြန်မောင်းလိုက် နှင့် အင် အား ပြနေသည်ကို တွေ့ ရ၍ လူများမှာ အမြင်ကတ်၊ အော့နှ လုံး နာနေကြသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း၊ ရှင်းလင်းရေးလုပ်ငန်း၊ ပံ့ပိုးကူညီရေးလုပ်ငန်းများ ဘာတစ်ခုမှ ဆောင်ရွက်
ပေးခြင်း မရှိပေ။ ရန်ကုန်မြို့ သည် မြို့ ပျက်ကြီးတစ်ခုပမာ ဖြစ်ခဲ့သည်။ နေရာ တိုင်း အပျက်အစီး အလဲအပြိုများ
မြင်မကောင်းအောင် တွေ့ မြင်ခဲ့ရသည်။ တက္ကသိုလ်ဝင်းထဲ ကအထင်ကရ သစ်ပုပ်ပင် ကျန်ခဲ့သည်ဟု သိရ
သည်။ ကျန်အပင်ကြီးများအားလုံးနီးပါးလောက် အမြစ်များ ကျွတ်ထွက်ပြီး လဲပြိုခဲ့သည်။ အိမ်အမိုးများ လွင့်
ထွက်ကုန်သည်က များသည်။ တစ် ချို့  အိမ်မျုားမှာ လဲပြို ခဲ့သည်။ အဆိုးဆုံးမှာ ဆင်ခြင်ဖုံးနေရာများ ဖြစ်သော
လှိုင်သာယာ၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်တွင်းရှိ ဒဂုံဆိပ်ကမ်းမြို့ နယ်၊ တောင်၊ မြောက်ဒဂုံမြို့ သစ် အစွန်အဖျားနေ
ရာများ၊ ရွှေပေါက်ကံ နှင့် ရွှေပြည်သာမြို့ နယ်များတွင် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားခဲ့သည်။
နေရာတိုင်း တွင် သစ် ပင် ၊ဓါတ်တိုင်များ လဲပြိုပိတ်ဆို့ နေသည်။ ဂြိုလ်တုစလောင်းများ လွင့်ကျခဲ့သည်၊
မှန်များကွဲ၊ အိမ်အမိုးများလန် ဖြစ်ခဲ့သည်။ ပြိုလဲမှုများကြောင့်မော်တော်ကားတစ်ချို့  ပျက်စီးခဲ့သည်။

လျှပ်စစ်မီးမလာတော့သဖြင့် ရန်ကုန် တစ်မြို့ လုံး သောက်ရေ၊ သုံးရေပြဿနာအကြီးအကျယ် တက်ခဲ့သည်၊
ရေ စည် တစ်စည်လျှင် ကျပ် (၇၀၀)(၈၀၀)ထိ ရှိခဲ့ပြီး ကန်ထရိုက်တိုက် အမြင့်အထပ်တွင် နေသူများမှာ
ရေတစ် စည် ငါးထောင် ၊ ခုနှစ်ထောင် ၊ ရှစ်ထောင် အထိပေးရကြောင်း သိရသည်။
လောင်စာဆီမှောင်ခိုဈေးများအဆမတန်မြင့်မားခဲ့သည်။
တစ်ဂါလံ တစ်သောင်း တစ်သောင်းခွဲ အထိ ရှိခဲ့သည်။ စေတနာရှင် တစ်ချို့ မှာ ကိုယ်တိုင်ဆီဖိုး အကုန်အကျခံ ရေစက် မောင်းပြီး ရေအလှူ ပေးခဲ့ကြသည်။
ရန်ကုန်မြို့ သူ မြို့ သားများတို့ သည် အပျက်အစီး၊ အခက်အခဲများကြားမှ အတူရုန်းထွက်လာခဲ့ကြလေသည်။
လမ်းပန်းဆက်သွယ်ရေး ၊ ဆက်သွယ်ရေး၊ ပြန်လည်ထူထောင်ရေးများ ခက်ခဲခဲ့သည်။ကုန်ဈေးနှုန်းများ
မြင့်မား ခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ချို့ ရပ်ဆိုင်းခဲ့ရပြီး ဗိုလ်ချုပ်ဈေး ၊ မင်္ဂလာဈေး ၊ ယုဇနပလာဇာ
တို့  သည်လည်း အပျက်အစီး များကြောင့် ခတ္တပိတ်ထားခဲ့သည်။ ခေတ်ပျက်သလို ကာလကြီးထဲတွင်
သတ္တိရှိစွာဖြင့် မင်္ဂလာ ဆောင်ရန် စီစဉ်ထားကြသော အာဇာနည်သူရဲကောင်း မောင်မယ်များတို့ ၏
မင်္ဂလာပွဲများလည်း ပျက်ပြားရွှေ့  ဆိုင်းခဲ့ရသည်။

ဧရာဝတီတိုင်းသည်အသေအပျောက်နှင့်အပျက်အစီးအများဆုံးဖြစ်သည်ဟုသိရသည်။ခန့် မှန်းခြေ
လူနှစ်သိန်းခွဲ ခန့်  သေဆုံး၊ ပျောက်ဆုံးပြီး လူ နှစ်သန်းနီးပါးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဒေသခံ
တာဝန်ရှိသူ တစ်ဦးထံမှသိ ရသည်။ ကျွဲ ၊ နွား ၊ တိရိစ္ဆာန် အများအပြားသေဆုံးခဲ့သည်။ အဆိုးဝါး
ဆုံးနေရာများမှာ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ ၊ လပွတ္တာ၊ ကော့မှုး၊ ကွမ်းခြံကုန်း၊ တွံတေး နှင့် ၎င်းတို
့အနီးဝန်းကျင်ရှိ ရွာပေါင်းများစွာတို့  ဖြစ်ကြ သည်။ တချို့  ရွာများမှာရွာလုံးကျွတ်နီးပါး ပျောက်ဆုံး
သေဆုံးကြသည်။ လူသေအလောင်းများ၊ တိရိစ္ဆာန်အသေ အ လောင်း များ ကို အကုန်စင်အောင်
မရှင်းလင်းနိုင်သေးသဖြင့် ယနေ့တိုင်တွေ့ မြင်နိုင်ပါသည်။
ထိုသို့ ဖြစ်ရခြင်းမှာ သက်ဆိုင်ရာအစိုးရပိုင်းမှ ထိထိရောက်ရောက် ကြေညာပေးနိုင်ခဲ့ခြင်း မရှိခဲ့၍ ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ မုန်တိုင်းသတင်းကို ၂ ရက်ကြိုတင် သတိပေးခဲ့သည် ဟုသိရသည်။ ထို့ ကြောင့် အစိုးရက
လေ ယာဉ်ပျံများကို အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းနိုင်ခဲ့သည် ဟု သိရသည်။ ပြည်သူများမှာ ဤမျှ
ပြင်းထန် မည်မထင်ခဲ့၍ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရခြင်းဖြစ် သည်။ သတင်းအတိအကျသာ ကြိုတင်ရခဲ့
ပါမူ ဘေးကင်း ရာသို့  ပြောင်းရွှေ့ နိုင်ကြမှာပဲ ဟု ပြောနေကြသည်။ လေဘေးကြောင့် ဧရာဝတီတိုင်းအတွင်း
ရှိ လူများမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရ သည်။ တချို့ မှာ မိသားစုဝင်တွေဆုံးရှုံး၊ မျိုးဆက်ပြတ် ဖြစ်ခဲ့ကြရသည်။
လယ်မြေများ၊သောက် သုံးရေကန်များမှာ ပင်လယ်ဆားငံရေများဝင်ပြီး ပျက်စီးခဲ့ရသည်။ ၀မ်းစာစပါး၊
နောက်နှစ် အ တွက် မျိုးစပါးများ ပျက်စီးဆုံးရှုံး ခဲ့ရသည်။ ၎င်းတို့ ၏ အနာဂတ်ယုံကြည်မျှော်လင့်ချက်များ
ကင်းမဲ့ပျောက်ဆုံးခဲ့ရသည်။ အဆိုးဝါး ဆုံးမှာ ထိုကပ်ဘေးဆိုးကြီးမှ ကံကောင်းထောက်မစွာ အသက်ရှင်
လွတ်မြောက်လာခဲ့သူတို့  လောလော ဆယ် ဆယ် ခံစားနေကြရသော ရင်နင့်ကြေကွဲဖွယ်ရာ အဖြစ်
အပျက်များပင်ဖြစ်ပါသည်။ ကြားရသော သတင်းများ သည် တစ်နေ့ ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်။
ဒုက္ခသည်များသည် ယနေ့ အထိ ထိရောက်သော အကူအညီ များ ဘာတစ်ခုမှ မရသေးကြောင်းသိရသည်။
နိင်ငံတကာမှ ပေးလှူသည်များကို အစိုးရမှ အားလုံးထိန်းသိမ်းထားပြီး ပြည်တွင်းမှ ပုဂ္ဂလိက အလှူရှင်များ
ကို လည်း ကန့် သတ်ချုပ်ခြယ်မှု၊ တားဆီးပိတ်ပင်မှုများ၊ လာဘ်ပေးလာဘ်ယူမှု များ များစွာပြုလုပ်နေသည်။
တချို့ နေရာများတွင် သွားရောက်လှူဒါန်းသော ကားတစ်စီးကို ငွေငါးသောင်း(သို့ )ပစ္စည်းတစ်ဝက်ပေးရ ပါသည်။ တစ်ချို့ မှာမူ လုံးဝသွားခွင့်မရဘဲ လှည့်ပြန်ခဲ့ရသည် ဟုသိရသည်။ သူဌေးတစ်ဦးအဆိုအရ ၎င်းတို့ 
အဖွဲ့  သည် သိန်းငါးရာဖိုးသွားရောက် လှူခဲ့ရာ သိန်းတစ်ရာပေးခဲ့ရသည် ဟုသိရသည်။ တချို့ နေရာများတွင်
သက်ဆိုင်ရာ မြို့ နယ် မ၀တ ၊ ရ၀တ ၊ကြံ့ဖွံ့ တို့ ၏လက်သို့  အလှူပစ္စည်းများ အပ်နှံရမည်ဆိုသောကြောင့်
အလှူရှင်များ နှင့် ၎င်းအဖွဲ့ အစည်းများကြား ပြဿနာတက်ကြသည် ဟုသိရသည်။ မုန်တိုင်းပြီးစ ခန့် မှန်းခြေ
၁၃ရက် ၊ ၁၄ ရက် လောက်ထိ နိုင်ငံခြားသားများအား ဧရာဝတီိတိုင်းသို့  သွားရောက်ခွင့်ပိတ်ပင်မှုများ
မရှိသေးသော်လည်း နောက် ပိုင်းတွင် လုံးဝပိတ်ပင်လိုက်ရုံမက ၊ လိုက်ပို့ သောကားများနှင့် စကားပြန်များ
ကိုပင် ဖမ်းဆီးမေးမြန်းမှုများ ပြု လုပ်ခဲ့သည် ဟုသိရသည်။
ဒုက္ခသည်အများစုမှာ နေစရာမရှိ၊ ၀တ်စရာမရှိ၊ ဆေးဝါးမရှိ၊ သောက်ရေသုံးရေမရှိ၊ အားကိုးရာ မဲ့ ဘ၀ဆိုးများ
နှင့် ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း အစိုးရပိုင်းမှ စာနာမှုကင်းစွာ ခြိမ်းခြောက် အနိုင်ကျင့်မှုများစွာကို ဆက်
လက်ခံစားနေကြရသည်။ အများစုမှာ နိုင်ငံတကာမှအကူအညီ များ ဇွတ်အတင်းဝင်ရောက်လာခြင်းကို လိုလား
ကြသည်။ ယင်းဒေသအတွင်းရှိ သောက်သုံးရေများ၊ ပင်လယ်ရေငံများဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သည့်
အ တွက် လူများမှာကြံဖန်နိုင်သော်လည်း တိရိစ္ဆာန်များမှာ ရေငံများ သောက်သုံးမှုကြောင့် လည်းကောင်း၊
အစာ ရေစာရှားပါးမှုကြောင့်လည်းကောင်း ၊ ၀မ်းပျက်ဝမ်းရှောဖြစ်၍ ထပ်မံသေဆုံးပျက်စီးကြရသည်။
မုန်တိုင်းလွန် ကာလ၏ နောက်ဆက်တွဲ ပြဿနာကြီးများ အစပျိုးလာခဲ့သည်။ အစိုးရပိုင်းမှထိရောက်သော
အကူအညီ မယ် မယ်ရရ မရှိသဖြင့် ပြည်တွင်း မှပုဂ္ဂလိကစေတနာရှင်များမှာ မိမိတို့ နိုင်သ၍ စုပေါင်း
လှူဒါန်းကြရသည်။ သို့ သော် ၀န်နှင့်အားမှာ မမျှတနိုင်ပေ။ သို့ သော် ထင်ရှားသော သံဃာတော်များ၊
လူမှုရေးအသင်းအဖွဲ့ များ၊ ဘာ သာ ရေးအသင်းအဖွဲ့ များက ဦးဆောင်၍ ဂရုဏာရှေ့ ထားကာ အင်တိုက်
အားတိုက်ပင် ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင်နေကြသည်ကို အားတက်ဖွယ် တွေ့ မြင်ရသည်။
သီတဂူဆရာတော်ကြီးသည် ဘိုကလေးတွင် အထိုင်ပြုကာ ကယ်ဆယ်ရေး စခန်းများစွာ ဖွင့် 
လှစ် ကူညီနေသည်။ အလှူခံ စခန်း ဖွင့်လှစ်ထားသည်။ နိုင်ငံ ခြားသို့ သွားရောက် အလှူခံခဲ့သည်။

ဘိုကလေးအနီးတစ်ဝိုက် ရွာများသို့ လှည့်လည် ဆေးဝါးကုသစေသည်။
ဒုက္ခသည်များကို လိုက်လံရှာဖွေ ကယ်တင်စေပြီး ယာယီဆေးခန်းဖွင့်ကာ ကူညီကယ်တင်စေသည်။
တခြား ထင်ရှားသောဆရာတော်ကြီးများမှလည်း တရားပွဲကျင်းပပြီး အလှူခံကာ ပေးပို့ လှူဒါန်းကြသည် ဟုသိရသည်။ ကိုကျော်သူ ၊ ကိုဇာဂနာ ဦးဆောင်သောနာရေးကူညီမှု အသင်း ၊ ရုပ်ရုင်အဖွဲ့ အစည်း ၊ ဂီတနှင့်စာပေ အဖွဲ့  အစည်း ၊ သဘင်သည် များနှင့် ဘာသာရေး အဖွဲ့ အစည်းတို့ သည် နိုင်သ၍ စုပေါင်းအလှူခံကာ ကယ်ဆယ်ရေး လုပ်ငန်းများ မပြတ်ဆောင်ရွက်နေကြသည်ဟုသိရသည်။
သို့ သော် ဒုက္ခရောက်သောလူဦးရေနှင့် ဧရိယာမှာ ကြီးမားကျယ်ပြန့် သဖြင့် နိုင်ငံတကာနှင့်အစိုးရထံမှ အကူအညီမရလျှင် ရေရှည်တွင်မလွယ်ကူဟုသိရသည်။
နောက်ထပ် ပျက်စီင်္းဆုံးရှုံးမှုများ ၊ သေဆုံးမှုများ ထပ်မံကြုံတွေ့ နိုင်သည်။ ဟိုင်းကြီးကျွန်း ၊ ပြင်စလူ ၊ ငပုတော စသောနေရာများတွင်လည်း အသေအပျောက်နှင့် အပျက်အစီးလွန်စွာဆိုးဝါးခဲ့သည်ဟု ထပ်မံ သိရ သည်။
အချုပ်ဆိုရလျှင် မုန်တိုင်းသတင်းကို အချိန်မီမရခဲ့ခြင်း၊ ထိရောက်သောတပ်လှန့် နှိုးဆော်မှုများ မရှိခဲ့၍ ဘေး လွတ်ရာသို့ အချိန်မီ မပြောင်းရွှေ့ နိုင်သဖြင့် အသက်အိုးအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အသက်ရှင် ကျန်ရစ်သူတို့ အားလည်း အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်ဘဲ အချိန်ဆွဲနေခြင်း ၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးသာ အစိုးရပိုင်းမှ ဦးတည်လုပ်ကိုင်ခဲ့ခြင်း ၊ နိုင်ငံတကာ၏ အရေးပေါ်ကယ်တင်
ရေး အကူအညီများကို အချိန်နှင့် တပြေးညီ လက်မခံခဲ့ခြင်း ၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များမှ
ပေးပို့ လာ သော အလှူ ပစ္စည်း၊ ငွေများကို ဒုက္ခသည်များအား အချိန်မီ ပေးဝေခြင်းမရှိဘဲ ထိန်းသိမ်းထားခြင်း ၊
မှောင် ခိုထုတ်ရောင်းခြင်း ၊ အစိုးရပိုင်း၏ တာဝန်မဲ့မှုကြောင့် စာနာစိတ်အပြည့်ဖြင့် သွားရောက်လှူ ဒါန်းသော
ပြည် တွင်းအလှူရှင်များအား နည်းမျိုးစုံဖြင့် တားဆီးပိတ်ပင် နှောက်ယှက်ခြင်း ၊ အခြေခံ ဥပဒေ အတည်ပြုရေး
အ တွက် ခြိမ်းခြောက်ခြင်း ၊ လူသားခြင်းစာနာထောက်ထားမှု မရှိခြင်း၊ အခြေခံလူ့ အခွင့်အရေးများ
ချိုးဖောက်ခြင်း ၊ ဒုက္ခသည်များအပေါ် ကိုယ်ရောစိတ်ပါကူညီကယ်ဆယ်မှုများ အချိန်နှင့်တပြေးညီ မဆောင်ရွက်ပေးခြင်း ၊ မုန် တိုင်း လွန်ဘေးအန္တရာယ်များအတွက် လုံလောက်သောကာကွယ်မှုများ မပေးနိုင်ခြင်း ၊ ဒုက္ခသည်များအား လုံ လောက်သော အမိုးအကာ၊ စားစရာ၊ ရေ စသည်တို့ မပြည့်စုံ တော့သောမူလနေရပ်သို့ အတင်းအကြပ်မောင်း ထုတ်ခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ နိုင်ငံတကာ
အလယ်တွင် အဆိုပါပြဿနာများအား ပြေလည်သ ယောင် ဖြေရှင်းသယောင် ဟန်ဆောင်ဖုံးကွယ်ခြင်း
တို့ ကြောင့် ပြည်တွင်းရေးအခြေအနေမှာ တည်ငြိမ်အေးချမ်း သယောင်ရှိသလိုနှင့် တအုံနွေးနွေး ပေါက်ကွဲမည့် အသွင်ဆောင်နေပါသည်။

ပြည်တွင်းရေကြောင်းနှင့်ရေလုပ်ငန်း

နာဂစ်မုန်တိုင်းကြောင့် ပြည်တွင်း ရေကြောင်းပို့ ဆောင်ရေးမှ ဌာနပိုင်စက်ရှိစက်မဲ့ ရေယာဉ်စုစုပေါင်း အစင်း
လေးဆယ် နစ်မြုပ်ခဲ့ပြီး ၊ အစင်းသုံးဆယ်ကယ်တင်မှုဖြစ်ခဲ့သည်။ ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမြစ်ဝကျွန်း ပေါ်ဌာနခွဲနှင့် ကုန်ပို့  ဌာနခွဲတို့ မှဖြစ်ပြီး နစ်မြုပ်စက်ရှိ ရေယာဉ် မှာ စက်ရှိရေယာဉ် အစင်း ၃၀ ၊ စက်မဲ့ ၁၀ စင်း ဖြစ်၍ ကမ်းတင်စက်ရှိ ၂၄ စင်း ၊ စက်မဲ့ ၆ စင်း၊ စုစုပေါင်းအစင်း ၇၀ ပျက်စီးမှုရှိကြောင်းသိရသည်။
ထို့ ပြင် ဌာနပိုင်အဆောက်အအုံများ၊ စက်ရုံ ၊ အလုပ်ရုံများ နှင့် ၀န်ထမ်းအိမ်ယာများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ကမ်းတင်ရေယာဉ်များကို ဖော်ယူခြင်း ၊ ကမ်းချခြင်း ၊ပြင်ဆင်ခြင်းတို့ ကိုပြုလုပ်ခဲ့ရာ


မေ ၁၀ ရက်နေ့  အထိ ရေယာဉ် စုစုပေါင်း (၁၄) စင်း ပြန်လည်ကမ်းချ နိုင်ခဲ့ပြီး (၁၂) စင်း ကို ပြင်ဆင်နိုင်ခဲ့
ကာ ခရီးစဉ်များ ပြေး ဆွဲလျှက်ရှိကြောင်းသိရသည်။
ရန်ကုန်တစ်ဘက်ကမ်းရှိ ဒလဆိပ်ခံတံတားကျိုးကျပျက်စီးနေသဖြင့် ရန်ကုန်-ဒလ ခရီးစဉ်များ အတွက် ဒလ သင်္ဘောကျင်း ဆိပ်ခံတံတားကို ပြောင်းလဲအသုံးပြုနေရသည်။ စက်တပ် သမ္မန် စီးခနှုန်းမှာ ယခင်တစ်ယောက် (၁၀၀) ကျပ် မှမုန်တိုင်းတိုက်ပြီးနောက် တစ်ယောက် (၃၀၀) ကျပ် သို့  ပြောင်းလဲ ကောက်ခံလျက်ရှိကြောင်း

သိရသည်။ နစ်မြုပ်ရေယာဉ်များအတွက် ယန္တ ယားများ မပြည့်စုံ၍ ဘာမှ မလုပ်နိုင်သေး၊ ကုန်းပေါ်တင်နေသော
သင်္ဘောများကို ဆွဲချ၍ အ လုံ၊ ဒလ သင်္ဘောကျင်း တို့ တွင် ပြုပြင်နေသည်ဟု သိရသည်။ ရန်ကုန်-ဒလ ကူးတို
့ သင်္ဘော များတွင် ကျန်စစ်သား သင်္ဘောမှာ နစ်မြုပ်ခဲ့၍ အနော်ရထာသင်္ဘော တစ်စီးတည်းဖြင့် ပြေးဆွဲ
နေရ ကြောင်း သိရသည်။ သင်္ဘောစီးခမှာ ယခင်(၁၀)ကျပ်မှ(၅၀)ကျပ် သို့ တိုးမြှင့်ထားကြောင်း သိရသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ခရီးစဉ်များအားလုံးကို မေလ (၂) ရက်ညနေမှ စ ၍ ဆိုင်းငံ့ထားရာ မေလ
(၅) ရက် နေ့ တွင် ပြန်လည်ပြေးဆွဲမည်ဟု သိရသည်။ ယင်းဌာနခွဲရှိ ခရီးစဉ် (၂၂) ခုအနက် အရေးကြီး လိုင်းများ ဖြစ်သော ရန် ကုန်-ပုသိမ်၊ ရန်ကုန်-ဖျာပုံ၊ ရန်ကုန်- ဘိုကလေး၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-လပ္ပတ္တာ
ခရီးစဉ်များကိုသာ (၅) ရက်နေ့ ညနေမှစ၍ ဈေးနှုန်းမပြောင်းဘဲ ပြေးဆွဲပေးနိုင်မည်ဟု သိရသည်။
ပုဂ္ဂလိကပိုင်လှေ (စက်တပ်၊ မဲ့ ) များ အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း (၅၅) ရာခိုင်နှုန်း
ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။ လောလောဆယ် သိရသောသတင်း အချက်အလက်များအရ ရန်ကုန်
တိုင်း နှင့် ဧရာဝတီတိုင်းရှိ ကမ်းဝေးငါးဖမ်းစက်လှေ၊ ဒေသခံ ကမ်းဝေးငါးဖမ်းစက်လှေ၊ ကမ်းနီးငါးဖမ်းစက်လှေ
(စက်တပ်၊ မဲ့) စုစုပေါင်း (၂၀၈၈) စင်း နစ် မြုပ် ခဲ့ပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်း ကိရိယာ ကျပ်သိန်း (၂၇၆၀) ဖိုး
ဆုံးရှုံးခဲ့ကာ ရေလုပ်သား (၁၇၈၇၆) ဦး သေဆုံးခဲ့ပြီး (၉၆၁၂) ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။ ရန်ကုန်
နှင့် ဧရာဝ တီ တိုင်းအတွင်းရှိ ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးကန် စုစုပေါင်း (၃၈၇၁၆.၃၉) ဧက ပျက်စီးဆုံး ရှုံး
ခဲ့ပြီး အအေးခန်းစက်ရုံ ရန်ကုန်တိုင်း (၅၀)၊ ဧရာဝတီတိုင်းတွင် ငါးရုံ ပျက်စီးခဲ့ကြောင်းသိရ သည်။ ရေ လုပ်သား
များစွာမှာ အလုပ်လက်မဲ့ဘ၀ နှင့် ရင်ဆိုင်နေရသည်။ သို့ သော် ပိုက်၊ လှေ၊ ကွန် စသည်တို့ ရရှိပါက တနိုင်ရေ
လုပ်ငန်းငယ်များ ပြန်လည်ထူထောင်နိုင်မည်ဟု သိရ သည်။ လက်ခတ်လှေတစ်စီးမှာ ဒေသပေါက်ဈေး
ကျပ် နှစ်သိန်း ၀န်းကျင်ရှိကြောင်း၊ ပိုက်တစ်စုံ မှာ ကျပ်တစ်သိန်းခွဲ နှင့် အထက် အမျိုးအစားအလိုက်
ရှိကြောင်း သိရသည်။
နာဂစ် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ပင်လယ်ကူးသင်္ဘောသားများ၏ အိမ်များကို mosa မှ ပြန်လည် ပြုပြင်
ပေးမည်ဟု သိရသည်။ ၄င်းမှ အသင်းဝင်အိမ်များ အပါအ၀င် အသင်းမ၀င်ထား သည့် ပင်လယ်ကူး သင်္ဘောသား များ ၏ အိမ် (၆၀၀) ကျော်ကို ပြုပြင်ပေးရန် စုံစမ်း စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ မုန်တိုင်း ကြောင့် ကျေးရွာပေါင်း (၆၀၀၀) ကျော် ပျက် စီးဆုံးရှုံးခဲ့ရပြီး ယင်းရွာ (၆၀၀၀) ကျော်မှ တောင်သူ လယ်သမား များ၊ ရေလုပ်သားများ၊ ဆား လုပ်သားများစသောသူတို့ မှာ ဘ၀ပြန်လည်ထူထောင် ရေးအတွက် ဒုက္ခရောက်နေ ကြရသည်။
မုန်တိုင်းပြီးနောက် မိမိတို့ အဖွဲ့ မှ ကယ်ဆယ်ရေးကူညီဆောင်ရွက်မှု များကို လက်လှမ်းမှီသ လောက် ဆောင်
ရွက်ခဲ့သည်။ စားစရာ၊ အ၀တ်အစားများလှူခြင်း၊ ရေလှူခြင်း၊ သောက်ရေကန် များပြန်လည်တူးဖော်ရေးတွင် ပါ
ဝင်ဆောင်ရွက်ခြင်း၊ မုန်တိုင်းသင့်နေရာများသို့  ကိုယ်တိုင် သွားရောက်၍ ကိုယ်ထိလက်ရောက် အားပေးကူညီ
ခြင်း၊ ဒုက္ခသည်များအား ထမင်းကျွေး အ လှူလုပ်ခြင်း တို့ ကို တတ်နိုင်သ၍ ဆောင်ရွက်ခဲ့ကြသည်။ အသေးစိတ် အချက်အလက်များနှင့် မှတ်တမ်းမှတ်ရာများကို ထပ်မံ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com