04 August 2008

ပင်လယ်ပျော်မိတ်ဆွေကြီးများ ၏ တင်ပြချက် (၂)

-
-
မေလ (၂) ရက်နေ့ တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့ တွင်းရှိ သစ်ပင်ကြီးများ အမြောက်အများလဲပြိုခဲ့သည်။ လမ်းများပိတ်ဆို့ နေခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများခက်ခဲခဲ့သည်။ လျှပ်စစ်မီးတိုင်များ၊ ဖုန်းတိုင်များလဲပြိုမှုကြောင့် ဆက်သွယ်ရေးနှင့် သောက်သုံးရေအခက်များကြုံတွေ့  ခဲ့ရသည်။ နေအိမ်အဆောက်အဦးများပျက်စီးခဲ့ရသည်။ သို့ သော် လတ်တလော အခြေအနေများ ကြောင့် ပြည်တွင်းအဖွဲ့ ဝင်များအနေနှင့် အရေးပေါ်ကယ်တင်ရေးလုပ်ငန်းများကို ကိုယ့်အစီအစဉ် နှင့်ကိုယ် ဆောင်ရွက်ခဲ့ကြသည်။
မြောက်ဒဂုံတွင် ကျနော်တို့ သည် ရပ်ကွက်တွင်း အပင်များပိတ်ဆို့ နေခြင်းကြောင့် လမ်းရှင်း လုပ်အား ပေးခြင်း၊ လောင်စာဆီ ရှားပါးနေချိန် အသက်ကြီးလူနာတချို့ အား ဈေးနှုန်းသက်သာစွာဖြင့် ကား နှင့် ဆေးခန်းလိုက်ပို့ ခြင်း၊ အမိုးအကာများ ပျက်စီးခြင်းကိုလိုက်လံကူညီခြင်း၊ တွေ့ မြင်ခဲ့ရ သော ဒုက္ခ သည် တချို့ အား အဝတ်အစား၊ အစားအစာ နှင့် ငွေကြေး တတ်နိုင်သလောက် အကူအညီ ပေးခြင်း၊ စိတ်ဓါတ်မကျအောင် အားပေး မြှင့်တင်ပေးခြင်းတို့ ဖြင့် နိုင်သလောက် အကူအညီများ ပေးခဲ့သည်။ သာကေတ တွင် ကျနော်တို့က စုပေါင်းရေလှုခြင်း၊ အစားအစာ နှင့် အဝတ်အစားများ လှူခြင်း၊ အိမ် အမိုးအကာများ တတ်နိုင်သလောက် လိုက်လံပြုပြင်ပေးခြင်း၊ အရေးပေါ် ဘက်ထရီ မီးချောင်းများ တပ်ဆင် ပေးခြင်း၊ သောက်သုံးရေ ရရှိရန် စက်သုံးဆီလှူ ခြင်းတို့ ကို ဆောင့် ရွက်ခဲ့ကြသည်။
တချို့  သော မုန်တိုင်းသင့်ဒေသများသို့  ကိုယ်တိုင်သွားရောက်၍ ထိရောက်သော အကူအညီ များ ပေးနိုင်ရန် ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ မေ (၅) ရက်တွင် အစိုးရဆိုင်များ မှ စက် သုံးဆီ များ ပြန်လည်ရောင်းချပေးခဲ့သော်လည်း နေ့ တစ်ဝက်နီးပါးပင် တန်းစီ စောင့်ဆိုင်း ခဲ့ရသည်။ ရန်ကုန်မြို့ တွင်း အပျက်အစီးများ လမ်းပိတ်ဆို့ မှုများကို မရှင်းလင်းနိုင်သေးခင် သက်ဆိုင်ရာ ရပ်ကွက် ပြည်သူများမှ ကိုယ်ထူကိုယ်ထဖြင့် ရှင်းလင်းနေခဲ့ကြရသည်။ အဆိုးဝါးဆုံးပြဿနာမှာ မီးမလာသဖြင့် သောက်သုံး ရေပြတ်လတ်မှုဖြစ်သည်။ စေတနာရှင်များမှ ကိုယ်ပိုင် ရေစုပ်စက်များကို မှောင်ခိုဈေး မှ စက်သုံးဆီ တစ်ဂါလံ တစ်သောင်းကျော်ပေးဝယ်ကြပြီး အပြိုင်အဆိုင်လှုဒါန်းခဲ့ကြသည်။ အစစ အရာ ရာ ဈေးနှုန်း ကြီးမြင့်မှု၊ ရှားပါးမှု၊ ပစ္စည်းပြတ်လတ်မှုများ နေရာအနှံ ကြုံတွေ့ နေရသည်။ ဖုန်းတိုင်များ နေရာ တော်တော်များများတွင် လဲပြို ခဲ့သည့်အတွက် ဆက်သွယ်ရေးများလည်း ပြတ်လတ် နေကြရ သည်။ ထိုအချိန်တွင် လူထုသည် ပြည်ပအသံလွှင့်ဌာနများဖြစ်သော ဘီဘီစီ၊ ဗွိအိုအေ၊ အာအက်ဖ် အေ၊ အစရှိသည်တို့ ကိုသာ နားထောင်၍ သတင်းအမှန်များကိုသိခဲ့ကြရသည်။ ထို အသံလွှင့်ဌာနများ ကြောင့်ပင် အင်းစိန်ထောင်အတွင်း အကျဉ်းသား (၃ဝ) ကျော်ပစ်သတ်ခံရသည့်သတင်း အပါအဝင် ဧ ရာဝတီတိုင်း၏ ဆိုးဝါးလှသော မုန်တိုင်းသင့် နေရာများ အကြောင်းကိုသိခဲ့ကြရသည်။ အစိုးရပိုင်း ၏ ကယ်ဆယ်ရေး ဆောင်ရွ့က်ချက်များ နှောင့်နှေးနေမှုများ၊ တာဝန်မဲ့မှုများကို လူအများ သိခဲ့ကြ ရပြီး စိတ်ဆိုး ဒေါသထွက်နေခဲ့ကြရသည်။
မေ (၉) ရက်နေ့ တွင် နိုင်ငံခြားသားဧည့်သည်နှစ်ဦး နှင့်အတူ ဧရာဝတီတိုင်းသို့  ခရီး ထွက်နိုင်ခဲ့သည်။ ကျနော်တို့  ထိုနေ့ က ဖျာပုံသို့ ရောက်ခဲ့သည်။ မုန်တိုင်းသင့်ဒေသများတွင် အဆိုးဝါးဆုံး နေရာများ ဖြစ်သည်။ ရန်ကုန်ထက် အဆပေါင်းများစွာ ဆိုးဝါးသောအခြေအနေများကို မျက်ဝါးထင်ထင် တွေ့ မြင် ခဲ့ရသည်။ သောက်သုံးရေ ရှားပါး၊ ခိုနားစရာ အိမ်များ ပျက်စီးပြီး ပြန်မဆောက်နိုင်၊ အကူပေးမယ့် သူ မရှိ၊ စားစရာမရှိ၊ ဆွေမျိုး သားချင်းများ သေဆုံးပျောက်ဆုံး၊ နိုင်ငံတော် နှင့် နိုင်ငံတကာ ၏ ထိရောက် သော ကယ်ဆယ်ရေး အကူအညီများ မရှိသည်ကို တွေ့ မြင်ခဲ့ရသည်။
လမ်းတလျှောက် နှင့် ဖျာပုံမြို့တွင် အပျက်အစီးများ ရှိသော်လည်း ဖျာပုံမြို့ အနီးတဝိုက် လှေ သင်္ဘော ဖြင့်သာ သွားလာနိုင်သော ရွာများမှာ အဆိုးဆုံးဖြစ်သည်။ တချို့ ရွာလုံးကျွတ်သေကြေပျက်စီးခဲ့သည်။ ကျေးရွာ တော်တော်များများ (၈ဝ) ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရသည်။ အဆိုပါ ရေလမ်းတလျှောက်တချို့  နေရာများတွင် တိရိစ္ဆာန်အသေ၊ လူသေအလောင်းများ၊ အပျက်အစီးများ တွေ့ မြင် ခဲ့ရသည်။ အစိုးရပိုင်း မှ ကယ်ဆယ်ရေးလုပ်ငန်းများ မတွေ့ ခဲ့ရသော်လည်း ပုဂ္ဂလိကအဖွဲ့ တချို့  ၏ တပိုင်တနိုင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို အနည်းငယ်တွေ့ မြင်ခဲ့သည်။ ယင်း ဒေသ၏ စီးပွားရေး လုပ်ငန်းများ ဖြစ်သော လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းများ အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။ ကျနော်တို့ သည် ဝယ်လာသော ရေသန့် ဗူးများ၊ အစားအစာသီးနှံများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ပါသလောက် ရတတ်နိုင်သရွေ့ လှူကာ စိတ် မ ကောင်းစွာ ပြန်ခဲ့ကြသည်။
မေ (၁ဝ) ရက်နေ့ တွင် မှော်ဘီမြို့နယ် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရာ နေရာများသို့  သွားရောက် လေ့ လာ ခဲ့သည်။ မဲပေးပွဲသည် အမှန်အကန် မဟုတ်ဘဲ၊ ရိုးသားမှု မရှိသည်ကို တွေ့ ခဲ့သည်။ အာဏာ သုံး ၍ရသော နေရာများ ဖြစ်သဖြင့် ခြိမ်းခြောက်မှုများရှိကာ ထောက်ခံမဲများ အတင်းအကြပ်ရယူခဲ့ကြောင်း သိခဲ့ရသည်။ တ
ချို့ သောနေရာများတွင် ကန့် ကွက်မဲ ပေးပါက ထောင် (၃) နှစ်၊ ဒဏ်ငွေ တစ်သိန်း ဟူ သော ကောလဟာလဆန်ဆန် ခြိမ်းခြောက်မှုများ ကြားသိရသည်။ အပြန်တွင် ရန်ကုန်တိုင်း အတွင်း မုန်တိုင်းသင့် နေရာများ ဖြစ်သော မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ လေးထောင့်ကန် ရွာသာ ကြီး အစရှိသော နေရာများသို့ သွားရောက်ခဲ့သည်။ လက်လုပ်လက်စား ရပ်ကွက်များတွင် ပျက်စီး ဆုံး ရှုံးမှုများခဲ့ပြီး ဒုက္ခသည်အများအပြားကိုတွေ့ ခဲ့သည်။ ဧရာဝတီတိုင်းအတွင်း နှင့် မုန်တိုင်းသင့် အဆိုး ဆုံး နေရာများမှာ ကွမ်းခြံကုန်း၊ တွံ့ တေး၊ ဒေးဒရဲ၊ ဒလ၊ ဖျာပုံ၊ ဘိုကလေး၊ လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ငပုတော နှင့် ဟိုင်းကြီးကျွန်းဒေသများ ဖြစ်ပြီး ယင်းတို့ နှင့် အနီးအနား ရှိ ကျေးရွာများ မှာ အဆိုး ဆုံး အခြေအနေ နှင့် ရင်ဆိုင်ခဲ့ရသည်။
မေ (၁ဝ) ရက်နေ့ တွင် ဘိုကလေးမြို့ သို့ ရောက်ခဲ့သည်။ ဖျာပုံ မှ တဆင့် သွားရပြီး ကျောက်ကြမ်း လမ်း (၁၉) မိုင်ကျော် မောင်းရသည်။ ကျနော်တို့ သွားစဉ် ရက်ပိုင်းများ၌ နိုင်ငံခြားသားများ အား ဧရာ ဝတီတိုင်း အတွင်းသို့ သွားလာခွင့် ပိတ်ပင်ခြင်းမရှိသေးပေ။ သို့ သော် စစ်ဆေးရေးဂိတ် (၃) ခုခန့် တွင် စစ်ဆေး မေးမြန်းခြင်း၊ မှတ်တမ်းယူခြင်းများ ခံခဲ့ရသည်။ ဖျာပုံ မှ ဘိုကလေးသွား လမ်းဘေး ဝဲယာ တ လျှောက်တွင် ဒုက္ခသည်အများအပြားကိုတွေ့ ခဲ့သည်။ ၄င်းတို့ သည် ရတတ်ရာ အမိုးအကာများ အုန်း လက် များဖြင့် ဖြစ်သလို ယာယီ တဲငယ်လေးများ ဆောက်ကာနေကြသည်။ အစိုးရပိုင်း မှ ထိရောက် သော အကူအညီ ဘာတစ်ခု မှ မရသဖြင့် ပုဂ္ဂလိကအလှူရှင်များ ထံမှ တစ်စုံတစ်ခု ရလိုရငြား စောင့် ဆိုင်း မျှော်လင့်နေကြသည်ကို တွေ့ မြင် ခဲ့သည်။ စားစရာ တချို့  ရလာသောအခါ ချက်စရာ အိုး ရှိ သော တဲငယ်များတွင် စုပေါင်း ချက်ပြုတ်၍ ဝေမျှ စားသောက်ကြသည်ဟု သိရသည်။ များသောအား ဖြင့် မဝရေစာ တစ်နေ့ တစ်နပ်ထဲဟု သိရသည်။ သောက်ရေမရှိ။ ရှိသောရေ ကို ကြိုချက်၍ သောက် ကြ သည်။ အလှုရှင် ကားတစ်စီး ရပ်လျှင် ထိုကားဆီသို့  ဟိုမှသည်မှ လူအများသည် အရှက်ကို မငဲ့ ကွက်နိုင် အားပဲ အပြေးအလွှား လာနေကြသည်ကို တွေ့ မြင်ရသည်မှာ ရင်နင့်စရာပင် ဖြစ်သည်။ တ ချို့ မိန်းမပျိုများ နှင့် သက်ကြီးရွယ်အိုများ မှာ လူအုပ်၏ နောက်ဆုံး မှာ ကျန်ရစ်ခဲ့သဖြင့် သူတို့ ရောက် လာသောအခါ မှ အလှူရှင်ကား မှာ လူအုပ် ကို ကြောက်လန့် ပြီး မောင်းထွက်သွားသဖြင့် ဘာမှ မရ လိုက်သည့် အဖြစ်များလည်း တွေ့ ရသည်။ အသက်ကြီးပိုင်း တချို့ မှာ ကလေးငယ် များ လုယက် အလှူခံ ရာမှ မြေပေါ်တွင် ပြန့် ကြဲနေသော အစားအစာများ၊ ဆန်၊ ပဲ များကို မြေကြီး နှင့် အတူ ရော နှော ကောက်ယူ နေကြသည်ကိုလည်း တွေ့ မြင်ခဲ့ရသည်။ သူတို့ ထဲမှ တချို့  သည် မုန်တိုင်း မတိုက် မီ က လယ်ပိုင် လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည်ဟု စုံစမ်း ကြားသိရသည်။ သူတို့ ၏ မျက်နာများ တွင် သိမ်ငယ်ခြင်း၊ အားငယ်ခြင်း၊ တစ်စုံတစ်ခု ကို မျှော်လင့် တောင့်တခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အိပ်မက် က နိုးထ လာသူပမာ အဖြစ်ဆိုးကြီး အား ယုံကြည် လက်ခံ၍ မရသေးခြင်းများ ကို တွေ့ မြင် ခံစား ခဲ့ရပါသည်။
နတ်ချောင်းတံတား လွန်သည် နှင့် ဘိုကလေးမြို့ ကို ရောက်သည်။ မြို့အဝင် မှာပင် တားမြစ် စစ် ဆေး ရေး ဂိတ် တစ်ခု ဖွင့်ထားသည်။ နိုင်ငံခြားသားများ အား ထို ဂိတ်မှ ကျော်လွန်ပြီး မြို့တွင်း အဝင် မခံ ပေ။ ကျနော်တို့ မိတ် ဆွေ တစ်ဦး စိတ်ဆိုးယုံမှ လွဲပြီး ဘာမှ မတတ်နိုင်ပါ။ သို့ သော် မှတ်တမ်း မှတ်ရာ အချက်အလက် အစုံအလင်ကို ယူထားကြသည်။ ထို့ အပြင် ပါလာသမျှ အလှူပစ္စည်း အားလုံး ကို တိုက်ရိုက် လှူခွင့်မပြုဘဲ ၄င်း တို့  ထံ အပ်နှံရမည်ဟု ဆိုသည်။ လက်မခံခဲ့ပါ။ နိုင်ငံသားများ ကိုသာ ဝင်ခွင့်ပြုသဖြင့် ဝင်ရောက် လေ့လာခွင့် ရခဲ့သည်။ မြို့ ၏ (၉ဝ) ရာခိုင်နှုန်း နီးပါး ပျက်စီးနေသည် ကို တွေ့ ခဲ့သည်။ အထူးသဖြင့် ကမ်းနားပိုင်းသည် ဘာတစ်ခု မှ မကျန်အောင် ဆိုးဝါးခဲ့သည်။ မြို့ခံများ ၏ အပြောအရ ဆိုလျင် အစိုးရပိုင်း ၏ ကယ်ဆယ်ကူညီရေး ဘာမှ မရရှိကြောင်း သိရသည်။ နိုင်ငံတကာ နှင့် ပုဂ္ဂလိက အလှူရှင်များ ၏ ပစ္စည်းများမှာ ဂိုထောင်များတွင် အပြည့်အသိပ် ရှိနေပြီး ဘာ တစ်ခု မှ ပေးဝေခြင်း မရှိသေးကြောင်း သိရသည်။ သူတို့ တတွေ ၏ နာကျည်း ကြေကွဲမှုများ ကို အတိုင်း သား တွေ့ မြင်ခဲ့ရသည်။ ဒီကြားထဲ ကန့် ကွက်မဲ ပေးလျှင် ထောင်ချမည်။ ဒဏ်ငွေ ဆောင်ရမည် ဟူသော ခြိမ်းခြောက်မှုများ ကြောင့် အစိုးရ အပေါ် လွန်စွာ စိတ်ဆိုး ဒေါသထွက်နေကြသည်။
မြို့ ပြင်တွင် သီတဂူကျောင်းတိုက်၌ ကယ်ဆယ်ရေးစခန်း နှင့် ဆေးခန်း ဖွင့်လှစ်ထားကြောင်း သိရ သည်။ အရေးပေါ် ကယ်ဆယ်ရေး အလှူ ကို ဆရာတော်ကြီး ကိုယ်တော်တိုင် ဦး ဆောင် ဆောင် ရွက် နေသည်။ ကမ္ဘာကျော် ဆရာတော်ကြီး မို့  အစိုးရ မှ မတားသာဟု သိရသည်။ ထိုနေရာသို့  နိုင်ငံခြား သား များ သွားရောက်ခြင်းကို တားမြစ် ပိတ်ပင်ထားခြင်း မရှိသဖြင့် ကျနော်တို့ မိတ်ဆွေကြီး နိုင်ငံခြား သားမှာ သွားရောက်နိုင်ခဲ့သည်။ ဆရာတော်ကြီး ၏ ကယ်ဆယ်ရေး အလှူ ဆောင်ရွက်ချက်များ မှာ ဂုဏ်ယူ အားကျစရာ အလွန်ကောင်းသည်။ ကျနော်တို့ မိတ်ဆွေမှာ ကယ်ဆယ်ရေး စက်လှေများ ဖြင့် လိုက်ပါခွင့် ရခဲ့သဖြင့် ကျေနပ်သွားသည်။ ထိုခရီးတွင် သူသည် လူသေများ တိရိစ္ဆာန်အသေ များ ရွာ အပျက်များ ကို မှတ်တမ်း တင်နိုင်ခဲ့သည်။ ပတ်ဝန်းကျင် အနီးအနားရှိ ရွာများ အများအပြား ပျက်စီး နေသည်။ အသက်ရှင် ကျန်နေသေးသူ အများအပြား ရှိနေသေးသည်။ တချို့ သော မိန်းမငယ်များ မှာ ကိုယ်တွင် အဝတ်အစား မကပ်နိုင်ဘဲ ရှိကြရာ ကယ်ဆယ်ရေးယာဉ်များ၏ အသံများ ကို ကြားသော် လည်း ရှက်၍ ထွက်မတွေ့ ဝံ့ဘဲ အသက်အသေခံသွားကြသည် ဟုလည်း သိခဲ့ရသည်။ စုံစမ်း သိရ သလောက် ဖျာပုံ၊ ဘိုကလေး အနီး ပျက်စီး ဆုံးရှုံးခဲ့သော ရွာများမှာ ကြိမ်ချောင်းကြီး၊ ကျွန်းညိုကြီး၊ စက်ဆန်း၊ စက်စု၊ ဆင်ချောင်း၊ လမုကြီး၊ ကန်ကြီး၊ ပန်းဖူး၊ ကံစု၊ မြတ်သာ၊ ရေကျော်ခေါက် (ရွာလုံး ကျွတ်နီးပါးသေ)၊ ငွေသောင်ယံ(ရွာလုံးကျွတ်နီးပါး)၊ မစိမ်း၊ ကံကုန်း၊ ဇီးချောင်း၊ တယ်ပင်ဆိပ်၊ အဝပြန်၊ ဘုန်းဦးစံ၊ ဧရာ၊ အရှေ့ ဖျား၊ နောင်တော်ကြီး တို့ ဖြစ်ကြသည်။ ကျေးရွာကြီး အုပ်စု (၉) စုနှင့် ရွာပေါင်း (၁၃၃) ရွာခန့် ပျက်စီးခဲ့ပြီး၊ လူဦးရေ နှစ်သိန်းခွဲခန့်  သေဆုံးနိုင်ကြောင်း မြို့ခံများ မှတဆင့် သိခဲ့ ရ သည်။
မုန်တိုင်းပြီးနောက် ရက်ပိုင်းများတွင် ကျနော်တို့ သည် တတ်နိုင်သလောက် လက်လှမ်း မီ သ လောက် ကယ်ဆယ်ရေး လုပ်ငန်းများ ကို ကိုယ့်အစီအစဉ် နှင့် ကိုယ် ဆောင်ရွက် ခဲ့ကြသည်။ ငွေကြေးမတတ် နိုင်သောကြောင့် တတ်နိုင်သူများ ထံမှ ချေးယူ၍ အရေးပေါ် ဆောင်ရွက်ခဲ့ရသည့် အဖြစ်လည်း ရှိ သည်။ နောက်ပိုင်း အစိုးရပိုင်း မှ ပြည်တွင်း အလှူရှင်များ ကိုပင် ကန့်  သတ် ချုပ်ချယ်မှု များ ပြုလုပ် လာသည်။ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လာသည်။ အလှူပစ္စည်း များကိုလည်း ၄င်းတို့ ထံ အပ်နှံ စေ သည်။ ထို့ ကြောင့် ဒုက္ခသည် များထံ တိုက်ရိုက် မရောက်နိုင်ချေ။ ဧရာဝတီတိုင်း၊ တွံ့ တေး၊ ကွမ်းခြံ ကုန်း၊ ဟိုင်းကြီးကျွန်း အစရှိသော နေရာများသို့  ကိုယ်တိုင် တိုက်ရိုက် သွားရောက်လှူရန်မှာ အနည်း ငယ် ခက်ခဲလာသည်။ ထိုနေရာ များသို့ သွားရန် ခရီးစရိတ် မှာလည်း လွန်စွာ ကြီးမြင့်သည်။ (၂) သိန်း ဖိုး သွားလှူလျင် (ကားခ၊ စားရိတ်မှာတင် (၂) သိန်းခန့် ကျနေသည်)။ ထို့ ကြောင့် ထိုနေရာ များသို့  သွား သောသူများ နှင့် အကြုံထည့်၍ အဝတ်အစား (ကျားဝတ်၊ မဝတ်၊ ကလေးဝတ်၊ စကပ်၊ ခေါင်း စည်း)၊ အစားအစား များနှင့် အလှူငွေ တချို့ ထည့်ဝင်စေကာ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ပါဝင် ဆောင်ရွက် ခဲ့ကြသည်။ အလှူငွေများ ရရှိ လာသောအခါ တွင်လည်း ချေးငွေများ ပြန်လည် ပေးဆပ် ခဲ့ပြီး ကျန်ငွေ များကို အစားအစာလှူခြင်း၊ သောက်သုံးရေ ရရန် ရေစုပ်စက်များ ငှားရမ်း ၍ လှူခြင်း၊ ရေစုပ်စက် မောင်းရန် စက်သုံးဆီလှူခြင်း၊ ထမင်းကျွေးခြင်း၊ မုန့် ၊ အသီး အနှံ၊ ခေါက်ဆွဲခြောက်၊ အချိုရည် စသည်တို့ ကို လက်လှမ်းမီသလောက် နေရာများတွင် လှူဒါန်း ခဲ့သည်။ ပြည်တွင်း ၌ ထင်ရှားသော သီတဂူဆရာတော်ကြီး ၏ အလှူတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ အစိုးရ ပိုင်း မှ လည်း ပြည်တွင်း ၌ ထင်ရှားသော ဆရာတော်ကြီးများ ၏ အလှူ ကို တားမြစ် ပိတ်ပင်ခြင်း၊ နှောက် ယှက် ဟန့် တားခြင်း မရှိ ၍ ဖြစ်သည်။ ထို့ ကြောင့် သီတဂူဆရာတော်ကြီး နှင့်အတူ ပူးပေါင်း ဆောင် ရွက် နေ သော ခင်မကန်ဆရာတော်၏ သောက်ရေကန်ဖေါ်သော လုပ်ငန်း တွင် ငွေအား ထည့် ဝင် ခြင်း၊ မိမိတို့ လူ ကို စားရိတ်ပေး လိုက်ပါစေခြင်း တို့ ကို ဆောင်ရွက်ခဲ့ပါသည်။
ထို သောက်ရေကန်ဖေါ်သည့် လုပ်ငန်း မှာ ထင်သလောက် မလွယ်ပေ။ အဆင့်များစွာရှိသည်။ ပထမ ဦး ဆုံး သောက်ရေကန် အတွင်း ကျရောက်နေသော အမှိုက်သရိုက်များ၊ လူသေ အလောင်းများ၊ တိ ရိစ္ဆာန် သေများ ကို ဆယ်ယူရသည်။ ဆယ်ယူနိုင်မည့် သူကို ငွေပေး၍ ကူညီ စေခိုင်း ရသည်။ လွတ် ကင်း ရာတွင် မြုပ်နှံ ရသည်။ ထို့ နောက် ပင်လယ်ရေ များ ဖုံးလွှမ်း သွားသဖြင့် ကန် အတွင်း မှ ရေ များ ကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ရသည်။ စက် ရှိသော ရွာများ တွင်မူ စက်ချို့ ယွင်းနေပါက ပြုပြင်ပြီး၊ စက်သုံးဆီ ကို ရေကန် တစ်ကန်စာ (၁ဝ) ဂါလံ နီးပါး ဝယ်ပေးရသည်။ တစ် ဂါလံ ကို ငွေ တစ်သောင်း ဝန်းကျင် ပေးရသည်။ စက်မရှိသော ရွာများတွင် စက်ဝယ် ယူ၍ လှူရသည်။ ရေစုပ်စက်တစ်လုံး တန် ဖိုး မှာ အနည်းဆုံး (၇) သိန်း နှင့် (၈) သိန်း ဝန်းကျင်ရှိသည်။ စက် များ ကို ရန်ကုန် မှ ဝယ်ယူ သွားရ သည်။ ယင်း စက်များ သယ်ရန် ကုန်းလမ်းခရီး မှာ (၄)၊ (၅) သိန်း ကုန်ကျ နိုင်သဖြင့် ခေါက်ချိုးမက သက်သာသော ရေလမ်း ခရီး (စက်တပ် မော်တော်များ ငှား ၍) နှင့် သယ်ယူရသည်။ တစ် ခေါက် သွား လျင် စက် (၅) လုံး ခန့် ဝယ်ယူသွားရသည်။ စက် မရှိသော ရွာများ အတွက် အပြီး အပိုင် လှူ ခဲ့ ရ သည်။ ရေ စုပ်ထုတ် ၍ ကုန်သလောက် ရှိသောအခါ ကျန်ရှိနေသော နုန်းများ၊ ရွံ့ များ နှင့် ရေ ကို သမ အောင် ရောမွှေရသည်။ စက်အား၊ လူအား နှင့် ဆောင်ရွက်ရသည်။ ထို ရေများ ကုန် သွားသော အခါမှ ထုံးဖြူး၊ အခြောက်ခံ၊ တာဖို့ မိုးရေခံ စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ရသည်။ အဆိုပါ လုပ်ငန်း သည် ဒုက္ခသည်များ အတွက် အရေးကြီးသော လိုအပ်ချက် တစ်ခု ဖြစ်သည်။ ထို လုပ်ငန်း အတွက် ကျနော်တို့ အနေနှင့် အလှူငွေ အပါအဝင် မိမိတို့ လူတစ်ဦးပါ စားစရိတ်ပေး လိုက်ပါ ဆောင် ရွက်စေခဲ့သည်။

အလှူခရီးမှတ်တမ်း

(၁ဝ၊၆၊ဝ၈) တွင် ပုသိမ်သူ သင်္ဘောဖြင့် ရန်ကုန် မှ စထွက်ခဲ့သည်။ ဆရာတော် ဦး ခေမိန္ဒ ဦးဆောင်၍ အဖွဲ့ ဝင် (၁၆) ဦး ပါဝင်ခဲ့သည်။ တွံ့ တေး၊ ကျိုက်လတ်၊ မြင်းကကုန်း၊ ဘိုကလေး စသော မြို့ ရွာများကို ဖြတ်ကျော်၍ (၁၁၊၆၊ဝ၈) နံနက် တွင် မော်လမြိုင်ကျွန်းသို့ ရောက်ခဲ့သည်။ ယင်း နေရာ တွင် ကြိုတင် ပို့ ထား ၍ ရောက်နှင့်နေသော အလှူ ပစ္စည်းများ ကို စက်လှေ ငှား ၍ တင်ဆောင်ခဲ့သည်။ ပစ္စည်း များ မှာ ဆန် တင်း (၈ဝဝ)၊ ရေစုပ်စက် (၂) လုံး၊ စက်လှေ တစ်စီး၊ လူစီးရန် စက်လှေတစ်စီး၊ ပေါင်း နှစ် စီး ဖြင့် လှိုင်ဘုန်းကြီး ကျေးရွာသို့  ဦးတည် သွားရောက်ခဲ့သည်။ လမ်းတလျောက်တွင် အောက်ပါ ရွာများ ကို ဖြတ်သန်းခဲ့သည်။
(ကျွန်းသစ်)၊ (ထညက်ချောင်း)၊ (ကျုံလမုကြီး)၊ ကျုံလမုလေး၊ မိုးတီးလွတ်၊ သဲဖြူ၊ အင်ကြင်း တစ် ထောင်၊ ကျားဟုန်း၊ ညိမ်းဦး၊ ပတဲကော၊ သူဌေးကုန်း၊ ကျွန်းချောင်း၊ ရွေဘို၊ ကွင်းချောင်းကြီး၊ မယ် သီလရှင်ကျွန်း တန်း၊ ဂုံမင်းမြစ်တန်း၊ သောင်ဖုံးလေး၊ ဘေးပေါက်၊ ယုဇန၊ ငွေဇင်ယော်၊ မြစ်ထို၊ လှိုင် ဘုန်းလေး တို့ ကို ဖြတ်ကျော်၍ လှိုင်ဘုန်းကြီးကျောင်း သို့ ရောက်ရှိခဲ့သည်။ (---) ပြထားသော ရွာ များ မှာ အသေ အပျောက် မရှိ ကျန် ရွာများ တွင် အသေအပျောက် ရှိသည်ဟု သိရသည်။ သူဌေး ကုန်း ကျေးရွာ တွင် ပြည်ခိုင်ဖြိုး အလံ လွှင့်ထူထားပြီး ဒုက္ခသည်စခန်း ဖွင့်ထားသည်။ လူ နေထိုင် သည်ကိုတော့ မတွေ့ ရတော့ပါ။ ဂုံမင်းမြစ်တန်း ကျေးရွာ တွင် စာသင်ကျောင်း အမိုး အပေါ်၌ (ကူညီ ပါ) ဟူသော ဆိုင်းဘုတ်ကြီး တစ်ခု ကို တွေ့ မြင်ခဲ့သည်။ ငွေဇင်ယော် ကျေးရွာ တွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း တို့ မှာ ပျက်စီးမှု များစွာ ဖြစ်ခဲ့သည်။ လှိုင်ဘုန်းကြီး အနီးမှ ရွာသစ် ကျေးရွာ တွင် ပထမဦးဆုံး ဆန် (၂၄) အိတ်၊ ပဲ (၃) အိတ်၊ ခလေးများ အတွက် သကြားလုံး နှင့် အရုပ်များ လှူဒါန်း ခဲ့သည်။ ထို့ အပြင် အဝတ်အထည် များ နှင့် ပန်းကန် အချပ် (၁ဝဝ)၊ ဒန်အိုး (၃ဝ) တို့ ကိုလည်း လှူ ခဲ့ ပြီး ဒဏ်ရာ ရ ထားသူ များကိုလည်း ဆေးဝါး ကုသ ပေးခဲ့သည်။ ထို့ နောက် သောက် ရေ ကန် ဖေါ်ရန် ငွေကျပ် (၃ဝဝဝဝ)၊ ရေစုပ်စက် မောင်းရန် ဒီဇယ်ဆီ (၄) ဂါလံ တို့ ကို ပေးအပ် ခဲ့ သည်။ ယင်း ရွာ ၌ အိမ်ထောင်စု (၉၈) စု မှ ကျား (၂၇၉)၊ မ (၂ဝ၆) ဦး ကျန်ရစ်ပြီး အသေအပျောက် မှာ (၁၅၂) ဦး ရှိခဲ့သည်ဟု သိရသည်။
ဒုတိယရွာဖြစ်သော ကျွန်းကျားကျေးရွာ ၌ ဆန်အိတ် (၁၃) အိတ်၊ ပဲ (၂) အိတ်၊ ကိုက် (၁ဝဝ) ပါ တာ ပေါ်လင် အမိုးတစ်လိပ်၊ ဘာလချောင်ကြော် (၃၆) ထုပ်၊ လုံချည် (၅ဝ) နှင့် အဝတ်အထည် နှစ်ထုပ်၊ ပန်းကန် (၃ဝ) ချပ်၊ ဒန်အိုး (၃၆) အိုး တို့ ကို ပေးအပ် ကူညီခဲ့သည်။ ကလေးများ အတွက် သကြားလုံး များ၊ အရုပ်များ ပေးခဲ့ပြီး ဆေးဝါး ကုသပေးမှု များလည်း ဆောင်ရွက်ခဲ့သည်။ သောက်ရေကန် ဖေါ်ရန် အတွက် ဒီဇယ်ဆီ (၆) ဂါလံ ပေးအပ်ခဲ့သည်။ အဆိုပါ ရွာတွင် အိမ်ထောင်စု (၃၆) စု ကျန်ပြီး ကျား (၉၉) ဦး၊ မ (၃၄) ဦး တို့  အသက်ရှင် ကျန်ရစ်သည်။ သေဆုံးသူ ဦးရေ မှာ (၄၈) ဦး ဖြစ်ပြီး ယခင် ကျွဲ အကောင်ရေ (၆ဝ) ကျော် ရှိရာမှာ (၃) ကောင် သာ ကျန်တော့သည်ဟု သိရသည်။
တတိယရွာဖြစ်သော နောက်ပြန်တိုး ကျေးရွာသို့ ရောက်ရှိ ခဲ့ကြသည်။ ထို ရွာ ၏ လူဦးရေ မှာ အိမ် ထောင်စု (၆၅) စု မှ ကျန်ရစ်သူ အရေအတွက် မှာ ကျား (၁၈၅) ဦး၊ မ (၁၃၁) ဦး ဖြစ်ပြီး လူ အ ယောက် (၂၅ဝ) ခန့် အသက် ဆုံးရှုံး ခဲ့သည်ဟု သိရသည်။ ယခင် ကျွဲ အကောင်ရေ (၁၅ဝ) ခန့် ရှိ ခဲ့ရာ မှ ယခုအခါ (၂၅) ကောင် ခန့် သာ ကျန်တော့သည်။ ထို ရွာ အတွက် ဆန် (၁ဝ) အိတ်၊ ပဲ (၁) အိတ်၊ သောက်ရေကန် ဆယ်ရန် ဒီဇယ် (၆) ဂါလံ တို့  အား ပေးအပ် လှူဒါန်း ခဲ့ပြီး မူလ စုရပ်ဖြစ်သော မော်လမြိုင်ကျွန်း သို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။ မိမိတို့ သွားရောက်ခဲ့သော လှိုင်းဘုန်းကျေးရွာ အနီးတဝိုက် ရွာများ ဖြစ်သော စိန်ပန်းချောင်း၊ စလူချောင်း၊ ကံစု၊ ရေတံခါး၊ လိပ်ချောင်း အစရှိသော ရွာ များ မှာ အကူအညီ များစွာ လိုအပ်နေသေးကြောင်း စုံစမ်း သိရှိခဲ့ပါသည်။
(၁၂၊၆၊ဝ၈) ရက်နေ့ တွင် ဆန်များတင်ဆောင်၍ ဘိုကလေးမြို့ သို့ ပြန်လာခဲ့သည်။ ဘိုကလေး အနီးရှိ ရေကျော်တိုးကျေးရွာ အတွက် ကိုက် (၁ဝဝ) ရှိ တာပေါ်လင် အမိုးစ (၃) လိပ်၊ ဆန် အိတ် (၅ဝ)၊ ပဲ (၅) အိတ်၊ ခေါက်ဆွဲခြောက် (၂) အိတ်၊ ရေစုပ်စက် တစ်လုံး၊ စက်မောင်းရန် ဒီဇယ်ဆီ တစ်ပီပါ တို့ ကို စက်လှေဖြင့် တင်ဆောင် ၍ ယင်း ကျေးရွာရှိ ဘုန်းတော်ကြီး နှင့် ရပ်မိရပ်ဖ တို့ ထံ အပ်နှံ လှူဒါန်းရန် စေလွှတ်ခဲ့သည်။ ထို့ နောက် စက်လှေ တစ်စီး တွင် လူ စီးနင်းလိုက်ပါ ၍ ကျန် တစ်စီးတွင် ပစ္စည်းများ တင်ဆောင်ကာ၊ ဓမ္မစေတီဆရာတော် ဦးကောသလ္လ ၏ မိဘများ နေထိုင်ခဲ့သော ကမာကလူ ကျေးရွာ သို့ သွားရောက်ခဲ့ပါသည်။ လမ်းခရီး တွင် ပင်လယ်တိမ်ရွာ၊ ရေကျော်ရွာတို့ ကို ဖြတ်ကျော် ခဲ့သည်။ ကမာကလူ သည် အပျက်အစီး မြောက်များစွာ နှင့် ကြုံတွေ့ ခဲ့သည်။ ရွာအတွက် ဆန် (၅ဝ) အိတ်၊ ပဲ (၇) အိတ်၊ ကိုက် (၁ဝဝ) တာပေါ်လင် (၂) လိပ်၊ ဒီဇယ်ဆီ ဝယ်ရန် ငွေ (၂ဝဝဝဝဝိ)၊ ဘုန်းကြီး ကျောင်း ရှိ သိမ် ပြုပြင်ရန် ငွေ (၂၅ဝဝဝဝိ) တို့ အပြင် သောက်ရေကန် ဆယ်ယူရေး လုပ်ငန်း တွင် လုပ်အား ပေး သူများ အတွက် အဝတ်အစား အသစ် (၂) ထုပ်၊ ခေါင်းစီးများ ကိုပါ ပေးအပ်ခဲ့ပါသည်။ အနား ပတ် ဝန်းကျင် ရွာများတွင် ရေကန်ဆယ်ခြင်း လုပ်ငန်း ၌ ကန် (၂ဝ) ခန့် ပြီးမြောက် ကြောင်း တွေ့ ရ သည်။ ညပိုင်း ၌ ရွာတွင် ပြည်တွင်း အနုပညာရှင်များ ၏ အားပေး နှစ်သိမ့် ဖျော်ဖြေပွဲ ရှိ ကြောင်း သိ ရသည်။ အနီး ပတ်ဝန်းကျင် ကျေးရွာသို့  အကူအညီ ဆက်လက်ပေးနိုင်ရန် အလုပ်သမား (၄) ဦး နှင့် ဆေးအဖွဲ့  အပါအဝင် (၁ဝ) ဦး ကျန်ရစ်ခဲ့ပြီး၊ ဆရာတော် နှင့် အဖွဲ့ ဝင် (၆) ဦးတို့ ဘိုကလေးသို့  ပြန် လာခဲ့သည်။ ထို့ နောက် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။
ပြည်တွင်းတွင် ကျနော်တို့ သည် ထိုသို့ သော အခက်အခဲ အတားအဆီးများ ကြားမှပင် ဒုက္ခသည်များ အား တိုက်ရိုက် အကူအညီများ ပေးနိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ကြပါသည်။ (၈၊၆၊ဝ၈) တွင် ကျနော် တို့ သည် ဒုက္ခသည် များ အတွက် ခေါက်ဆွဲခြောက်ထုပ်များ၊ အဟာရ ဘီစကွတ်များ၊ ဝေဖာများ၊ လတ် ဆတ် အသီးအနှံများ (ဌက်ပျောသီး၊ နာနတ်သီး၊ ပန်းသီး၊ ကြက်မောက်သီး၊ သင်္ဘောသီး၊ သ ရက်သီး) နှင့် ဆားထုပ်များ၊ ဆီပုလင်းငယ် များ နှင့် ကလေးငယ်များအတွက် သကြားလုံး၊ ဂျယ်လီ၊ ချောကလက်များ စုစုပေါင်း ကျပ် (၅) သိန်းဖိုး နီးပါးခန့် ဝယ်ယူ၍ ဧရာဝတီတိုင်း သို့  သွားရန် ကြိုးစား ခဲ့သည်။ သို့ သော် ညောင်တုန်းမြို့ အစ အဝင်မှာပင် တားမြစ် စစ်ရေးဂိတ် ၌ စစ်ဆေး မေးမြန်း ခံရပြီး လှည့် ပြန်ခဲ့ရသည်။ ၄င်း
တို့  က နိုင်ငံခြားသား ပါသောကြောင့် သွားခွင့် မပြုနိုင် ကြောင်း နှင့် နိုင်ငံခြား သား အတွက် စစ်ရုံး မှ ခရီးသွားခွင့် ပါမစ် ပါလျှင် သွား၍ ရနိုင်ကြောင်းကို ရည်မွန်စွာ ပြောကြသည်။ သို့ သော် ထို ပါမစ် စာရွက်မှာ ရနိုင်စရာ အခွင့်အလမ်း မရှိချေ။ ကျနော်တို့ ပြန်လှည့်လာပြီး တွံတေး၊ ကွမ်းခြံကုန်း ဖက်သွားရန် ကြိုးစားခဲ့သည်။ လှိုင်သာယာ မှ တွံတေး သွား လမ်းသစ် မှ ပထမ ဂိတ် တွင် တားမြစ်ခြင်း မရှိဘဲ တာဝန်ကျ ရဲ မှ လက်ပြ သွားခွင့်ပြု ခဲ့သည်။ ဒုတိယ ဂိတ် တွင် ဆက်သွား ခွင့် မရဘဲ ပထမဂိတ် သို့ ပြန် သွားခိုင်းသည်။ ဂိတ် သို့ ရောက်သောအခါ နိုင်ငံခြားသား ပါသည် ကို သတင်း မပို့ ဟု ဆိုကာ ချက်ခြင်း ဖမ်းဆီး မတတ် စစ်ဆေး မေးမြန်း ခံခဲ့ရသည်။ ထို ဂိတ် မှ တစ်သက် လုံး မရ နိုင်သော ဟိုတယ် နှင့် ခရီး ဝန်ကြီး ဌာန မှ ခရီးသွား ပါမစ် ကို သွားယူခိုင်း ပြန်သဖြင့် လက် လျှော့ ခဲ့ရသည်။ ထို့ ကြောင့် ကျနော်တို့  လှည့်ပြန်လာပြီး ရန်ကုန်တိုင်း အတွင်း ရှိ မုန်တိုင်းသင့် နေ ရာ တစ်ခု ဖြစ်သော ကျောက်တန်း သို့ သွားခဲ့ သည်။ ထိုသို့ သွားသော လမ်း တွင် တောင်ဒဂုံ ရှိ ခင်မ ကန် (စစ်ကိုင်း) ကျောင်းတိုက် ဆရာတော် ထံ ဝင်ခဲ့ပြီး သောက်ရေကန် ဖေါ်ရန် အလှူငွေ နှင့် အဝတ် အစား အသစ်များ ပါ လှူဒါန်း ခဲ့ကြသည်။
သံလျင်၊ ကျောက်တန်း သည် ရန်ကုန်မြို့ ၏ တစ်ဖက်ကမ်း တွင် တည်ရှိပြီး ပင်လယ်ဝ နှင့် နီးသဖြင့် ရန်ကုန် ထက် မုန်တိုင်း ဒဏ် ပိုခံ ခဲ့ရသည်။ တားမြစ် စစ်ဆေးခြင်း လုံးဝ မရှိ သဖြင့် အစဉ်ပြေ သွား သည်။ ကျောက်တန်းမြို့ အဝင်ဝ အနီး ရှိ လမ်း ၏ ဘယ်ဘက် တွင် နိုင်ငံတကာ မှ လှူထားသော ကင့်န် တဲ များ ဖြင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး လူနေထိုင်မှု မရှိချေ။ ဒုက္ခသည် များ အား (၂) ရက်၊ (၃) ရက် သာ ထားပြီး မူလနေရပ်သို့ အတင်း ပြန်ခိုင်း ခဲ့ကြောင်း စုံစမ်း သိရှိ ရသည်။ မုန်တိုင်းသင့် ဆိုးဝါးသော နေရာများမှာ ကျောက်တန်းမြိုပြင်ရှိ ရေနံမြေကွက်သစ်၊ ဆိပ်ကြီး၊ ကယက်၊ အငူ၊ အငူကတို့ အစရှိသော ရွာ များ နှင့် ကျောက်တန်း ပတ်ဝန်းကျင် ရွာများ ဖြစ်သည် ဟု မြို့ခံ များ မှ တဆင့် သိရသည်။ မြို့ ပြင်ရှိ ရေနံမြေကွက်သစ် နှင့် ဆိပ်ကြီးရပ်ကွက် အတွင်းရှိသော ဘုန်းကြီး ကျောင်းသို့ ရောက်ခဲ့ကြသည်။ ထို ကျောင်း မှ သံဃာတော်များ ကို ဦးဆောင်စေကာ ဒုက္ခသည် များ လက်တွင်းသို့ တိုက်ရိုက် ပေးလှူနိုင်ခဲ့သည်။ ဒုက္ခသည် အရေအတွက် မှာ နှစ်ထောင် နီးပါး ရှိပြီး အများစု မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ကယက်ရွာ သို့အကူအညီ များ ရောက် သော် လည်း ထိုနေရာ မှာ ကျန် လတ် နေသည်ဟု သိရသည်။ ဒုက္ခသည် တို့ ယာယီ ခိုလှုံ ခဲ့သော ထို ဘုန်း ကြီး ကျောင်း မှာ လည်း အပျက် အစီး များစွာ ဖြစ်ခဲ့သည်။ အထူးသဖြင့် အမိုးအကာများ ပျက်စီး ခဲ့ သည် ကို တွေ့ မြင်ခဲ့သည်။ မိမိ တို့ ပါသော ပစ္စည်း နှင့် ဒုက္ခသည် အရေအတွက် မှာ မမျှပေ၊ အလုံ အလောက် ပေးလှူ နိုင်ခြင်း မရှိချေ။
ဒုတိယနေ့ တွင် ခေါက်ဆွဲဖာများ၊ အာဟာရမုန့် များ၊ အသီးအနှံများ ထပ်မံ ဝယ်ယူ၍ ကျောက်တန်းမြို့ သို့ ထပ်မံ သွားခဲ့သည်။ ထိုနေ့ တွင်မူ အလှူအား လူသိ ပိုမို များ ခဲ့ပြီး ကျနော်တို့ ထံ ကလေး လူကြီး ပေါင်းများစွာ မှာ ဟိုမှ သည်မှ အော်ဟစ်လျက် အပြေး လာခဲ့ကြသည်။ ဘုန်းကြီးကျောင်း ရှိ သံဃာ တော်များ ဦးဆောင် ၍ လှူသော်လည်း ဒုက္ခသည် အရေအတွက် မှာ များပြားလွန်း ၍ မနိုင်မနင်း ဖြစ် ခဲ့ရပြန်သည်။ နေ့ လည်ပိုင်း တွင် ရန်ကုန်သို့ ပြန်ခဲ့ကြသည်။ တောင်ဥက္ကလာပ ရှိ မိဘမဲ့ ဘုန်းတော် ကြီး ပညာသင်ကျောင်း (အမှတ် ၁ ဝိုင်း) တွင် မိဘ မဲ့ ကလေးငယ် များ အား အာဟာရမုန့် မျိုးစုံ နှင့် ချောကလက်များ ဝေပေးခဲ့သည်။ ထို ကျောင်းတွင် မိဘ မဲ့ ကလေး စုစုပေါင်း (၈ဝ) ရှိသည်။ (၁ဝ) တန်း ဖြေဆိုမည့် ကလေး (၃) ယောက်၊ (၉) တန်းကလေး (၅) ယောက် ရှိ ပြီး ၄င်းတို့ ၏ ကျူ ရှင် လခ၊ ကျောင်းလခများ လိုအပ်နေကြောင်းသိရသည်။ မွေးကင်းစ ကလေးငယ် တစ်ဦး ကို ပါ တွေ့ ခဲ့ သည်။ ထို့ နောက် ပါရမီ လမ်း ၂၅ (ခ) သီရိလမ်း ရှိ မိဘ မဲ့ ဂေဟာ သို့  သွားရောက် လှူဒါန်းပြီး ပြန် ခဲ့ကြသည်။
တတိယနေ့ တွင်လည်း ယမန်နေ့ အတိုင်း ပစ္စည်းများ ထပ်မံဝယ်ယူပြီး သုံးခွမြို့၊ ခရမ်းမြို့များသို့ သွားခဲ့ သည်။ လမ်းဘေး ဝဲယာ ရှိ သစ်ပင်ကြီး တော်တော်များများ မှာ လဲပြိုနေသည်ကို တွေ့ ခဲ့ပြီး ရွာ များ အတွင်း အပျက်အစီး များသည်ဟု သိရသည်။ သုံးခွမြို့တွင် (၅) ရပ်ကွက်မှာ အခြေအနေဆိုး သည်ဟု သိရသည်။ ခရမ်းမြို့သည်လည်း အပျက်အစီး များသည်ဟု သိရသည်။ လှူဒါန်း ပေးဝေရန် စီစဉ်သော အခါ သက်ဆိုင်ရာမှ တာဝန် ရှိသူများ နှင့် ဆက်သွယ်ရမည် ဖြစ်ကြောင်း၊ ၄င်းတို့ ၏ အစီအစဉ် နှင့် ဦး ဆောင်မှု အောက်တွင်သာ ပေးဝေနိုင်ကြောင်း ပြောကြားလာသဖြင့် ကျနော်တို့ လှည့်ပြန်လာခဲ့ သည်။ ထို့ နောက် အတားအဆီး မရှိ စိတ်ကြိုက် လှူနိုင်သော ကျောက်တန်း သို့ ပင် ထပ်မံ သွားရောက် ခဲ့ သည်။ ဒုက္ခသည် များ ၏ လက်တွင်း သို့ တိုက်ရိုက် ပေးလှူ နိုင်ခဲ့သည်။ သို့ သော် ပါသော ပစ္စည်း နှင့် လာသော လူအုပ် မှ မမျှသဖြင့် တချို ဘာတစ်ခုမျှ မရလိုက်သူများအတွက် များစွာ စိတ်မကောင်း ဖြစ် ခဲ့ရသည်။ ထို့ နောက် ရန်ကုန်သို့ ပြန်ခဲ့ကြသည်။ နောက်ရက်တွင် ကျနော်တို့ သည် ရန်ကုန်တိုင်း ရွှေ ပြည်သာ မြို့ နယ်အတွင်း ရှိ မုန်တိုင်းသင့် မိတ်ဆွေ တစ်ဦးထံ သွားခဲ့သည်။ ၄င်း၏ အိမ် မှာ လည်း ပျက် စီး ခဲ့သည့် အပြင် ဘတ်စ်ကားစီး ၍ အလုပ်သွားစဉ် နောက် မှ တက္ကစီ တစ်စီး မှာ ဘရိတ် ပေါက် ပြီး ဝင်တိုက်ခဲ့သဖြင့် ခြေထောက်တစ်ဖက် ကျိုးခဲ့သည်။ သူသည် မော်တော်ကား စက်ပြင် လုပ်သား တစ်ဦး ဖြစ်သည်။ အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး ကလေးတစ်ဦးရှိသည်။ ကျနော်တို့ ရောက်သွား သော နေ့  တွင် ခြေထောက် ကျောက်ပတ်တီး ဖြေပြီး ဖြစ်သော်လည်း လမ်း ကောင်းကောင်း မ လျှောက် နိုင်သေးပေ။ မိတ်ဆွေအား အကူအညီ ငွေ (၂၅ဝဝဝိ) ပေးလှူ ခဲ့ရင်း အားပေးစကား များ ပြောကြား ခဲ့သည်။

နောက်ဆက်တွဲအလှူ

(၂၊၇၊ဝ၈) တွင် ခင်မကန် ဆရာတော် နှင့် အတူ ကျိုက်ဝိုင်း ဘုရားအနီးရှိ မသန် မစွမ်း သူ များ ပြန်လည် ထူထောင်ရေး ဆေးရုံတွင် ရောက်ရှိ နေသော လေဘေးသင့် ဒုက္ခသည် (၁၃) ဦး အား ငွေ သား အကူအညီ၊ ကာတွန်း၊ မဂ္ဂဇင်း များ နှင့် ဘီးတပ် ကုလားထိုင် တစ်လုံးစာတွက် ငွေသား စသည် တို့ ကို လှူဒါန်း ဆောင်ရွက်ခဲ့ကြသည်။
(၄၊၇၊ဝ၈) တွင် ကျနော်တို့ သည် အိမ်ယာ ဆောက် လှူရေး လုပ်ငန်း အတွက် ကျောက်တန်း မြို့ သို့  သွား ရောက် ခဲ့သည်။ ဘုန်းတော်ကြီးများ၊ ရပ်မိရပ်ဖ၊ တာဝန်ရှိသူ များ နှင့် အတူ ကြိုတင် ညှိနှိုင်း တိုင် ပင် ဆွေးနွေး ခဲ့ကြသည်။
ပင်လယ်ပျော်မိတ်ဆွေကြီးများ ၏ ညီညာစုပေါင်း၍ အကူအညီပေးနေမှု များကို ဆက်လက်တင်ပြပေးပါမည်။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com