ဗီယက်နမ် အလံလွှင့်ထူထားပြီး MS Giahai Shipping Corporation က စီမံခန့် ခွဲနေသည့် MV Bien Nam သင်္ဘောသည် ပြီးခဲ့သည့် မေလ (၁၉) ရက်ကတည်းက အင်ဒိုနီးရှား နိုင်ငံ အနောက် ဆူမာထရာ ပါဒါန်း ရှိ တယ်လုခ် ဘေယောရ် ဆိပ်ကမ်းမှာ စွန့် ပစ်ထားခြင်း ခံနေကြရ တာပါ။ သင်္ဘောသည် အိန္ဒိယနိုင်ငံ မှ ဆား များ တင်ဆောင်လာခဲ့ပြီး ပါဒါန်းရောက်ကုန်ချအပြီး သင်္ဘောသားများက လစာကြွေးများ တောင်းကြပါတယ်။

ပိုင်ရှင်မှနေ၍ ကြွေးတင် လစာများ ပေးချေခြင်း မပြုလုပ်မချင်း ဆိပ်ကမ်းထွက်ခွာခွင့် မပြုသင့်ကြောင်း အင်ဒို နီးရှား ပင်လယ်ပျော် ယူနီယံ (ကေပီအိုင်) နှင့် အိုင်တီအက်ဖ် တို့ က အင်ဒိုနီးရှား အစိုးရထံ တရားဝင် တောင်း ဆိုစာ ပေးပို့ ထားပြီး ဖြစ်ကြောင်း ကေပီအိုင် ဥက္ကဌ ဟာနာဖီ ရပ်စ်တန်ဒီ က ပြောပါတယ်။ ဗိယက်နမ်၊ နီပေါ နှင့် ဗမာ သင်္ဘောသား များ နှင့် အတူ အလုပ်သမား သွေးစည်း ညီညွတ်မှု ရှိကြောင်း ဖော်ပြသည့်အနေဖြင့် အခုလို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကိုလည်း ၄င်း က ထုတ်ဖော် ပြော ဆိုပါတယ်။
သင်္ဘောသား တို့ လစာများ ပြန်လည် ရချိန် အထိ ၄င်းတို့ အခက်အခဲများ ပြေလည်စေရန် လိုအပ်သည့် ငွေ ကြေး အစားအသောက်များ ပို့ ပေးခဲ့ကြောင်း ၄င်းကပင် ပြောကြားပါတယ်။ အိုင်တီအက်ဖ် နှင့် ကေပီအိုင် တို့  က အစားအသောက် ရေ နှင့် လိုအပ်သည့် စက်မောင်းဆီ တို့ ဝယ်ယူရန် စုစုပေါင်း အမေရိကန် ဒေါ်လာ (၁၀၄၅၀ - တစ်သောင်း လေးရာ ငါးဆယ်) ကို ပေးလှုခဲ့ပြီး သင်္ဘောရှိရာ သို့ အကူအညီပေး အဖွဲ့ ကို စေ လွှတ် ပေးခဲ့ပါသည်။
သင်္ဘောသားတို့  ၏ အနိမ့် ဆုံး လစာသည် တစ်လ (ကန် ဒေါ်လာ ၂၀၀) မျှသာ ရရှိသည့် အတွက် အိုင်အယ် လ် အို အနိမ့် ဆုံး အဆင့် (ကန် ဒေါ်လာ ၅၈၅ - ငါးရာရှစ်ဆယ်ငါး) ထက်ပင် အလွန်နိမ့် ကျ လျက် ရှိကြောင်း ဟာနာဖီ က ပြောဆိုပါတယ်။ နီပေါ (၅) ယောက်မှာ ၄င်းတို့ ဆွေမျိုးများထံမှ ငွေကြေး အကူအညီ ဖြင့် အိမ်ပြန်သွားကြပြီ ဖြစ်သည်။ ကျန်ရှိနေသည့် ဗီယက်နမ် နှင့် ဗမာ သင်္ဘောသားများ မှာ အင်ဒိုနီးရှား လူ ၀င်မှု ကြီးကြပ်ရေး ဥပဒေ အရ ရက်ကျော် နေထိုင်နေသူများ ဖြစ်နေကြပြီး ရက်ကျော်ကြေး တစ်ရက် (ရူပီး ယား ၂ သိန်း) ဒဏ်ငွေ ပေးဆောင်ကြရမည် ဖြစ်သည်။
အင်ဒိုနီးရှား ဥပဒေ အရ သင်္ဘောသား အပါအ၀င် သင်္ဘောတစ်စီး ကို ရက်ပေါင်း (၆၀) သာ ရပ်နား အလုပ် လုပ်ခွင့် ပြုထားကြောင်း နှင့် ၄င်းတို့ မှာ လချီ၍ ကျော်သွားနေပြီ ဖြစ်ကြောင်း ဟာနာဖီ က ဆက်လက် ပြော ဆိုပါတယ်။ အင်ဒိုနီးရှား မှ ပီတီ ဘာထီရာ အာဒီဂူနာ သွင်းကုန် ကုမ္ပဏီ က ကုန်တင်သွင်းပြီး အိန္ဒိယ မှ ကုန် တာဝန်ခံ ပို့ ဆောင်ပေးခြင်း ဖြစ်သည်။
(ကျနော်တို့  ပင်လယ်ပျော်ယူနီယံ က အင်ဒိုနီးရှားပင်လယ်ပျော်သမဂ္ဂ နှင့် အိုင်တီအက်ဖ် အဖွဲ့ ချူပ် အား အ ခု လို သင်္ဘောသားများ အား အကူအညီများ ပေးအပ်ခဲ့ခြင်း နှင့် ဆက်လက် ကူညီပေးနေခြင်း ကို မှတ်တမ်း တင် ဂုဏ် ပြု အပ်ပါသည်)။
No comments:
Post a Comment