
အာရှ ပိစ္စိဖိတ် ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှုး ဖြစ်သူ ဆန်ဂန် ထရီပါသီ က တောင်အာရှ လှုပ်ရှားမှု နှင့် ပတ်သက်ပြီး ပြောကြားရာတွင် အခုလို လှုပ်ရှားမှု မျိုး သည် သင်္ဘောသားများ နှင့် ဆိပ်ကမ်း အလုပ်သမား တို့  အကြား အလုပ်သမား သွေးစည်း ညီညွတ်မှု အမြဲမပြတ် ရှိနေဖို့  လိုအပ်ကြောင်း ကို မီးမောင်း ထိုးပြ နိုင်စရာ အခွင့် အလမ်း ကြီး တစ်ခု ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
အိုင်တီအက်ဖ် ၏ အလံအငှားတင်သင်္ဘောများ ဆန့် ကျင်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ကို အိန္ဒိယနိုင်ငံ ကိုချင်း နှင့် ချန်နိုင်း ဆိပ်ကမ်းတို့  တွင်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းတို့  တွင်လည်းကောင်း ပြီးခဲ့သည့် စက် တင်ဘာလ အတွင်း က အိုင်တီအက်ဖ် အာရှ ပိစ္စိဖိတ် ဒေသဆိုင်ရာ အတွင်းရေးမှုး ရုံး (ဒေလီမြို့ ) မှ ဦးဆောင်၍ အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ ကြသည်။
အလားတူ လှုပ်ရှားမှု မျိုးကို နိုဝင်ဘာလအတွင်း ကိုကာတား၊ ဟောဒီယာ၊ ပါရာဒိပ် နှင့် ၀ိ ဇက် ဂ် အစရှိသည့် ဆိပ်ကမ်း များ တွင် လည်းကောင်း၊ ဒီဇင်ဘာလ အတွင်း မွန်ဘိုင်း၊ ကန်ဒလာ၊ ဂျေအန်ပီတီ နှင့် နယူး မန်ဂလို ဆိပ် ကမ်း တို့ တွင် လည်းကောင်း ထပ်မံ လှုံ့ ဆော် လှုပ်ရှား ကြဦး မည် ဖြစ်သည်။
(အိုင်တီအက်ဖ် အွန်လိုင်းသတင်းကို မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ ၏ သတင်းဇင်ယော် သတင်းဌာန က ဆီလျော်အောင် ဘာသာပြန် ဖော်ပြပါသည်)။
No comments:
Post a Comment