23 June 2008

မြန်မာစစ်ဖက်ဆိုင်ရာ ထိပ်တန်းအပြောင်းအလွဲသတင်းပြန့် 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဒုဦးစီးချုပ်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒုတိယဗိုလ်ချုပ် မှူးကြီး
မောင်အေးတို့  တပ်မတော်မှ အငြိမ်းစားယူမည်ဖြစ်ကြောင်း ၁၉ရက်ဂျွန်လ ၂၀၀၈တွင်ပြုလုပ်သော ကာကွယ်
ရေးဦးစီးချုပ်ရုံး ၄လပါတ်အစီးအဝေးတွင်ထုတ်ပြန်ခဲ့ကြောင်း စစ်ဌာနချုပ်မိသားစုအသိုင်းအ၀ိုင်းမှသတင်း
ရရှိသည်။
ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဒုတိယကာကွယ်ရေးဦးစီးချုပ်နေရာကို ဒုတိယဗိုလ်
ချုပ်ကြီးမြင့်ဆွေတို့ မှဆက်ခံမည်ဖြစ်သည်။

စီနီယာ ၄ ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ကစထ ၁ ၊ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး လေ့ကျင့်ရေးအရာရှိချုပ်၊
ဒုဗိုလ်ချုပ်ကြီး ကျော်ဝင်းကစထ ၂ နှင့် ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်း ကစထ ၃တို့ကိုလည်း အငြိမ်းစား ပေး
လိုက်သည်။ အခြားစီနီယာ ဒုတိယဗိုလ်ချုပ်ကြီးများထဲမှ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး
မောင်ဘို စစ်ထောက်ချုပ်(အတွင်းရေးမှူး၁) ဒုဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး စစ်လက်နက်ပစ္စည်းဌာနမှူး
ဒုဗိုလ်ချုပ်ကြီးတင်အေးတို့  မူလရာထူးတွင် ကျန်ရစ်သည်။ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကို
တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲ
ခန့်ထားလိုက်သည်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊
ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်
ခဲ့သည်ဟု သိရသည်။
ကစထ၄မှူးဗိုလ်ချုပ် သာအေး ကစထ၆မှူး ဗိုလ်ချုပ်ခင်ဇော်တို့ မူလအတိုင်းရှိမည်။
လစ်လပ်သွားသော အရှေ့မြောက်တိုင်း မြောက်ပိုင်းတိုင်းမှူး တြိဂံဒေသတိုင်းမှူး တောင်ပိုင်းတိုင်းမှူး ရန်ကုန်တိုင်းတိုင်းမှူး နေရာများကို အစားထိုးရန် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုး သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် နှင့်ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်တို့ ကီုရွေးချယ်ထားပြီးကျန်၂ဦးကိုတိကျစွာ
သတင်းမရရှိသေးကြောင်းနှင့် တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင်ထိုအပြောင်းအလွဲများမှာစစ်ဖက်ဆိုင်ရာအပြောင်းအလဲသာဖြစ်ပြီး နအဖအဖွဲ့ အတွင်းမူလပုံစံအတိုင်းရှိနေဦးမည်ဟုလည်းသိရသည်။

1 comment:

MMTU-SUB LABOUR EDUCATION AND SOLIDARITY CENTER said...

Regional Commanders


Brig. Gen. Maung Shein Northeastern Commander
Western Commander

Brig. Gen. Thaung Aye
Western Commander Eastern Commander
Brig. Gen Soe Win
Northern Commander General Staff College in Than Daung
Brig. Gen Win Myint Rangoon Commander
Light Infantry Division (LID) 77 Commander
Brig. Gen. Kyaw Phyo Triangle Command Commandant of General Staff College in Kalaw
Brig. Gen. Yar Pyae Eastern Commander Defence Services Medical Academy (DSMA)
Brig. Gen. Hla Min
Southern Commander
Light Infantry Division LID 11

Brig. Gen. Wai Lwin
Nay Pyi Daw Commander
Yangon Command
Brig. Gen. Khin Zaw Oo
Coastal Commander

Brig. Gen. Tin Ngwe
Central Commander

Brig. Gen. Thet Naing Win
South East Commander

Brig. Gen. Kyaw Swe
South West Commander

Brig. Gen. Myint Soe.
North West Commander

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com