11 June 2013

မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ် နားချိန်ဖတ်ဖို့



“ Revised MARPOL Annex V (Prevention of Pollution by Garbage from Ships)“
Revised MARPOL Annex V (Regulations for the Prevention of Pollution by Garbage from Ships) သည် ဇန်နဝါရီလ (၁) ရက်နေ့ ၂၀၁၃ တွင် စတင် သက်ရောက်ပါသည်။ ယခင် ANNEX V ထက် ပိုမို စည်းမျဉ်းတင်းကြပ်သော အချက်အလက် များစွာ ပါဝင်နေသည်ကို တွေ့နိုင် ပါသည်။ အခြေခံအားဖြင့်မူ ခြွင်းချက် အနည်းငယ်မှ အပ သင်္ဘောပေါ်ရှိ အမှိုက် အမျိုးအစား အားလုံးလိုလိုအား ပင်လယ်ပြင်သို့ စွန့်ပစ်ခြင်းကို ကန့်သတ်လိုက်ပြီး ဤလုပ်ငန်းဆောင်တာကြီး တစ်ခုလုံးအတွက် ပင်လယ် ဆိပ်ကမ်းများ၏ အမှိုက်သိမ်း ဝန်ဆောင်မှုကို အဓိကထားကြရန် သင်္ဘောများအား လမ်းညွှန်ထားသည်။ ဆိပ်ကမ်းများ ဖက်မှလည်း အမှိုက်သိမ်း ဝန်ဆောင်မှု လုပ်ငန်းအား နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။

MEPC (Marine Environment Protection Committee) ဧ။် Resolution MEPC 201(62) အား အနည်းငယ် (in brief) တီးခေါက်ကြည့်မည် ဆိုလျှင် -

၁) ဤပဋိညာဉ်ပါ ဥပဒေများသည် သင်္ဘော အားလုံးအား သက်ရောက်မှု ရှိပါသည်။ (Apply to all ships) Reg 2

၂) ဤပဋိညာဉ်ပါ ဥပဒေများတွင် ပါဝင်သော Special Areas ဆိုသည်မှာ Mediterranean Sea area, the Baltic Sea area, the Black Sea area, the Red Sea area, the Gulfs area, the North Sea area, the Antarctic area နှင့် the Wider Caribbean Region များ ဖြစ်ကြသည်။

၃) အားလုံးသော အမှိုက်များအား ပင်လယ်ပြင်သို့ စွန့်ပစ်ခြင်းကို ကန့်သတ်ထားသည်။ အောက်ပါ အမှိုက် အမျိုးအစား၊ အခြေအနေ များ ကိုသာ ခြွင်းချက် အဖြစ် သတ်မှတ်ထားသည်။ Reg 3.1

က) ချေဖျက်ထားသော စားကြွင်းစားကျန်များ (Comminuted or ground food wastes) Reg 4.1

Item = အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ သားငါးကြက်ဝက် စသည်တို့ ပါဝင်သော သင်္ဘောပေါ်မှ စားကြွင်း စားကျန်များ။ ၎င်းတို့သည် ၂၅ မီလီမီတာ နှင့်အောက် အရွယ်အစားရှိ စကာပေါက်များမှ ဖြတ်သန်း သွားနိုင် လောက်အောင် ခြေဖျက် ပြုပြင်ထားပြီး ဖြစ်ရမည်။ (Comminuted or ground food wastes capable of passing through a screen with openings not greater than 25 mm.)

Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route) အနီးဆုံး ကမ်းခြေမှ (၃) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route) အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas တွင် ပါဝင်သော Antarctic Area ဒေသ၌မူ ကြက်သား၊ ငှက်သား (Avian products, including poultry and poultry parts) ထုတ်ကုန် စားကြွင်းစားကျန်များကို လုံးဝ စွန့်ပစ်ခွင့် မပြု။

ခ) စားကြွင်းစားကျန်များ (Food Wastes) Reg 4.1

Item = အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်း၊ သားငါးကြက်ဝက် စသည်တို့ ပါဝင်သော သင်္ဘောပေါ်မှ စားကြွင်း စားကျန်များ (Food Wastes)

Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့်၌ (Ship is en route)၊ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = စွန့်ပစ်ခွင့် မပြု။

ဂ) ကုန်ပစ္စည်း အကြွင်းအကျန် (Cargo Residues) Reg 4.1

Item = MARPOL ၏ အခြားသော ANNEX များမှ ရည်ညွှန်းထားသည့် ကုန်ပစ္စည်းများ (ဥပမာ- လောင်စာဆီ၊ ဓါတုပစ္စည်း စသော ကုန်စည်များ) မဟုတ်သော ကုန်အမျိုးအစားများအား ကုန်တင် ကုန်ချစဉ် ဖိတ်စင်ကျန်ရစ်သော အကြွင်းအကျန်များ (Cargo Residues) ကို ဆိုလိုသည်။ သို့ရာတွင် ကုန်တင် ကုန်ချ ပြီးနောက် တံမြက်လှည်း၍ ဖြစ်လာသော၊ ဖြစ်နိုင်သော အကြွင်းအကျန် အမှုံအမွားများ မပါဝင်ပါ။
Special Areas အပြင် = သင်္ဘော ရွေ့လျားသွားလာ နေစဉ် အခိုက်အတန့်၌ (Ship is en route)၊ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = ကုန်ပေါက်၊ ကုန်းပတ်များ သန့်ရှင်းစဉ် ရေနှင့် ပါဝင်လာနိုင်သော ကုန်အကြွင်းအကျန် အနည်အနှစ်များ (Cargo residues contained in washwater) ဖြစ်ပါက သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route)၌ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = ကုန်ပေါက်၊ ကုန်းပတ်များ သန့်ရှင်းစဉ် ရေနှင့် မပါဝင်နိုင်သော ကုန်အကြွင်းအကျန် အနည်အနှစ်များ (Cargo residues NOT contained in washwater) ဖြစ်ပါက ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် မပြု။

ဃ) လုပ်ငန်းသုံး ဘေးထွက် ပစ္စည်းများ (Operational Wastes) Reg 4.2

Item = သင်္ဘောပြုပြင် ထိန်းသိမ်းခြင်း၊ ကုန်တင်ကုန်ချခြင်း စသော လုပ်ငန်းခွင်များမှ ထွက်လာသော ဘေးထွက် အညစ်အကြေးများ ဖြစ်သည်။ ၎င်းတို့သည် MARPOL ၏ အခြားသော ANNEX များမှ ရည်ညွှန်းထားသည့် ကုန်ပစ္စည်း အညစ်အကြေးများ မဖြစ်ရပါ။ ဥပမာ - MARPOL ANNEX III ၌ ပါဝင်သည့် Harmful substance ဟူ၍ မဆိုနိုင်သော၊ ဓါတုဇီဝနည်းများ အရ ဓါတ်ပြုမှု မဖြစ်နိုင်သော ကုန်ပေါက်နှင့် ကုန်းပတ် ဆိုင်ရာ လုပ်ငန်းသုံး သန့်ရှင်းရေး ပစ္စည်းများ (cleaning agents and additives)၊ ၎င်းတို့ ပါဝင်သော ရေများ၊ အရည်များ (cargo hold and external wash water)၊ shipboard incinerators နှင့် coal-burning boilers များမှ ထွက်လာသော ချော်များ၊ ပြာများ (Ash and clinker) ဖြစ်ကြသည်။ သို့သော် ချိုးရေသုံးရေ (greywater), ကုန်များမှ ထွက်သော အရည် (bilge water), boiler/economizer blowdown, boat engine wet exhaust, chain locker effluent, controllable pitch propeller and thruster hydraulic fluid and other oil to sea interfaces (e.g. thruster bearings, stabilizers, rudder bearings, etc.), distillation/ reverse osmosis brine, elevator pit effluent, firemain systems water, freshwater lay-up, gas turbine washwater, motor gasoline and compensating discharge, machinery wastewater, pool, spa water and recreational waters, sonar dome discharge, welldeck discharges စသည်တို့ကိုမူ Operational Wastes အဖြစ် မသတ်မှတ်ပါ။

Special Areas အပြင် = သင်္ဘော သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး အရည်များ (cleaning agents and additives in wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route) ၌ ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = ကုန်းပတ်များ နှင့် သင်္ဘော၏ အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး အရည်များ (cleaning agents and additives in deck and external surfaces wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route) ၌ ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

Special Areas အတွင်း = ကုန်ပေါက်များ နှင့် သင်္ဘော၏ အတွင်းပိုင်း ဆိုင်ရာ သန့်ရှင်းစဉ် ရေ၊ အရည်နှင့် အတူ ပါဝင်လာနိုင်သော လုပ်ငန်းသုံး သန့်ရှင်းရေး ပစ္စည်းများ (cleaning agents and additives contained in cargo hold wash water) ကိုသာလျှင် သင်္ဘော ရွေ့လျားသွားလာနေစဉ် အခိုက်အတန့် (Ship is en route)၌ အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် ပင်လယ်တွင်းသို့ စွန့်ပစ်ခွင့် ပြုသည်။

င) တိရစ္ဆာန် အသေကောင်များ (animal carcasses) Reg 4.1

Item = တိရစ္ဆာန်တင် သင်္ဘောများမှ တိရစ္ဆာန် အသေကောင်များ (animal carcasses)
Special Areas အပြင် = ကမ်းခြေနှင့် ဝေးကွာသော နေရာ၌ စွန့်ပစ်ခွင့် ပြုသည်။
Special Areas အတွင်း = စွန့်ပစ်ခွင့် မပြု။

စ) ပလပ်စတစ်၊ ပလပ်စတစ် ထုတ်ကုန်များ နှင့် ဟင်းချက်ဆီ Reg 3.2 and 3.3

Item = ပလပ်စတစ် နှင့် ပလပ်စတစ် ထုတ်ကုန်များ (All plastics, including but not limited to synthetic ropes, synthetic fishing nets, plastic garbage bags and incinerator ashes from plastic products- Reg 3.2) ၊ ဟင်းချက်ဆီ (Cooking oil – Reg 3.3)

Special Areas အပြင်+အတွင်း = စွန့်ပစ်ခွင့် မပြု။

၎) အနီးဆုံး ကမ်းခြေမှ (၁၂) မိုင်နှင့် အထက် ဝေးသော နေရာတွင် တည်ရှိသော ရေနံတူးစင်များ (Fixed and floating platform) နှင့် ၎င်းတို့၏ service သင်္ဘောများ (all other ships when alongside or within 500 meter of such platform) အတွက်မူ ခြေဖျက်ပြုပြင်ထားပြီး စားကြွင်းစားကျန်များ  (Comminuted or ground food wastes) ကိုသာ စွန့်ပစ်ခွင့်ပြုသည်။

၅) သင်္ဘောများ ဘေးကင်းလုံခြုံရေး (Securing the safety of a ship, The discharge of fishing gear from a ship for the protection of the marine environment or for the safety of that ship or its crew, etc. ) နှင့် မတော်တဆ ဖြစ်စဉ်များ (accidental loss of garbage resulting from damage to a ship or its Equipment) အရ လိုအပ်လျှင် အမှိုက်များ စွန့်ပစ်နိုင်သည်။ ထို့အတူ သင်္ဘော ရွေ့လျားသွားလာ နေခြင်း (Ship not en route) မဟုတ်သော်လည်း သင်္ဘော ဝန်ထမ်းများ၏ ကျန်းမာရေး ထိခိုက်နိုင်မည် ဆိုလျှင် စားကြွင်းစားကျန်များ (Food Wastes)ကို စွန့်ပစ်နိုင် ပါသည်။ Reg 7

၆) အလျား ၁၂ မီတာ နှင့် ၎င်းအထက် သင်္ဘောများနှင့် ရေနံစင်များ အားလုံး (Every ship of 12 m or more in length overall and fixed or floating platforms) သည် သင်္ဘော ဝန်ထမ်းများ၊ ခရီးသည်များ သိသာစေရန် ၎င်းတို့ တရားဝင် အသုံးပြုသော ဘာသာစကား သို့မဟုတ် အခြား ဘာသာစကား (ENGLISH or FRENCH or SPANISH) ဖြင့် PLACARDS များ ထားရှိရမည်။ Reg 10.1

၇) GT ၁၀၀ အထက် သင်္ဘောများ၊ ခရီးသည် ၁၅ ယောက်အထက် ပိုမို တင်ဆောင်နိုင်သော သင်္ဘောများ၊ ရေနံစင်များအားလုံး Garbage Management Plan ထားရှိရပါမည်။ Reg 10.1.2

၈) GT ၄၀၀ အထက် သင်္ဘောများ၊ ခရီးသည် ၁၅ ယောက်အထက် ပိုမို တင်ဆောင်နိုင်သော သင်္ဘောများ၊ ရေနံစင်များ အားလုံးသည် Garbage Record Book (GRB) ထားရှိရပါမည်။ (GRB ပုံစံ၊ ဖြည့်စွက်ပုံများ အား Appendix 4.1 (MEPC 201(62)-Annex 13) ၌ လမ်းညွှန် ထားသည်။) Reg 10.1.3

ယခု ဖော်ပြထားသော Revised MARPOL Annex V သည် အကျဉ်းမျှသာ ဖြစ်ပြီး ရေကြောင်း ကုမ္ပဏီများ၊ ဝန်ထမ်းများ အနေဖြင့် ပဋိညာဉ် ဥပဒေပါ အကြောင်းအရာများကို အသေးစိတ် နားလည်ထားရန် အလွန် အရေးကြီး ပါသည်။ ၎င်းအပြင် Dishwater, Greywater, Recycling, Rause, Operational Wastes, Domestic Wastes, Nearest Land စသော အသုံးအနှုန်းများ ကိုလည်း အသေအချာ သဘောပေါက်ထား ကြရန် လိုအပ်သည်။ အထူး အရေးကြီးသော အချက်မှာ Garbage Record Book တွင် မှတ်တမ်း တင်ရန် Garbage Categories များကို (၆) ခုမှ (၉)ခု သို့ အောက်ပါ အတိုင်း ပြောင်းလဲထား ခြင်း ဖြစ်သည်။ Appendix 3
CREDIT TO http://www.safety4sea.com

A.Plastics,
B Food wastes,
C Domestic Wastes,
D Cooking Oil,
E Incinerator ashes,
F Operational wastes,
G Cargo residues,
H Animal Carcass(es),
I Fishing Gear

သင်္ဘော ဝန်ထမ်း တာဝန်ရှိသူများ အနေဖြင့် အရေးပေါ် အခြေအနေ (Reg 7) မှ လွဲ၍ Category B, F, G, H အုပ်စုဝင် အချို့သာ ပင်လယ် တွင်း၌ စွန့်ပစ်ခွင့်ရှိတော့ကြောင်း သတိမူမိ စေရန် အရေးကြီး ပါသည်။ ဤပဋိညာဉ်ပါ ဥပဒေများ အရ သင်္ဘော များသည် ဆိပ်ကမ်းများ၏ အမှိုက်သိမ်း ဝန်ဆောင်မှု ကို အဓိက အားထား ကြရတော့မည် ဖြစ်ရာ လက်တွေ့ တွင် အချို့ ဆိပ်ကမ်းများ၏ ဝန်ဆောင်မှု လိုအပ်ချက်များ၊ နှောင့်နှေး ကြန့်ကြာမှုများ၊ လုပ်ငန်း မကျွမ်းကျင်မှုများအား သင်္ဘောများမှ ရင်ဆိုင်ကြရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင် PSC (Port State Control) အရာရှိများမှ အခါ အားလျော်စွာ သင်္ဘောအား စစ်ဆေးပြီး ဤဥပဒေပါ အချက်အလက်များအား လိုက်နာမှု မရှိ (Clear Ground) ဟု ယူဆရလျှင်  သင်္ဘောအား ဖမ်းဆီးခွင့် ရှိနေပြန် ပါသည်။

သင်္ဘောများ၊ သင်္ဘောကုမ္ပဏီများ အနေဖြင့် Health, Hygiene, Securing the safety of ship and crew နှင့် တိုက်ရိုက် သက်ဆိုင် နေသော အဆိုပါ ပြဿနာများကို နည်းစနစ်ကျသော Garbage Management Plan တစ်ခုတည်း ရှိရုံမျှဖြင့် ကျော် လွှား နိုင်မည် မဟုတ်ဘဲ

v တာဝန်ရှိ သင်္ဘောဝန်ထမ်းများအား Specific In-house Training ပေးခြင်း၊
v Waste Delivery Receipt/Advance Notification Form များအား Company Format စီစဉ်ထားခြင်း၊
v Port Reception facilities များ၏  Inadequacies Cases အား နားစွင့်ထားခြင်း၊
v Alleged Inadequate facilities of ports များအတွက် Local Agents များဖြင့် ကြိုတင်ပြင်ဆင် ထားခြင်း၊
v လိုအပ်လျှင် သက်ဆိုင်ရာ Administration မှတစ်ဆင့် IMO နှင့် အဖွဲ့အစည်းများသို့ Inadequacies of port reception facilities Report ပို့ခြင်း၊
v Chartering/Management နှင့်ဆိုင်သော Agreements, MoU များတွင် waste delivery expenses, waste delivery associated delays နှင့် သက်ဆိုင်သော clauses များ ထည့်သွင်းခြင်း

စသော နည်းလမ်းများဖြင့် ဖြေရှင်းကောင်း ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ MARPOL ၏ အခြားသော ANNEX များကဲ့သို့ပင် ဤဥပဒေသစ်ကြောင့် တန်ဖိုး ကြီးမားသော သင်ခန်းစာသစ်များလည်း ရကောင်း ရနိုင်ကြပေရာ သတိကြီးကြီးထား၍ ဆင်ခြင်၊ ပြင်ဆင် ထားမှသာလျှင် တော်ကာကျ ပေမည် ဖြစ်ပါ၏ ။



NOTE BY KO AUNG (SUB)



No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com