12 March 2010

ဆိုမာလီ ပင်လယ်ဓားပြတွေ

မတ်လ (၉) ရက် (၂၀၁၀) တွင် ထုတ်ပြန်ချက်အရ ပြင်သစ်ရေတပ်ဖွဲ့သည် မတ်လ (၅) ရက် သောကြာနေ့ မှ စ ၍ ဆိုမာလီကမ်းလွန်တွင် ကင်းလှည့် စစ်ဆင်ရေး လှုပ်ရှားမှုများ (၄)ကြိမ် ပြုလုပ်ခဲ့ရာ ပင်လယ် ဓားပြ ဟု သံသ ယ ရှိသူ (၃၅) ဦး ကို ဖမ်းဆီး ရမိခဲ့သည်ဟုသိရသည်။
၎င်းတို့နှင့်အတူ ပင်မသင်္ဘောလေးစင်း နှင့် စက်တပ်လှေငယ် (၆) စင်းကို ဖမ်းဆီး ရမိခဲ့သည်။ ဥရောပသမဂ္ဂ ၏ ရဟတ်ယာဉ်များ သည် ပင်လယ်ရေပြင်တွင် ကင်းလှည့်နေစဉ် ပင်လယ်ဓားပြသင်္ဘောများအား တွေ့ရှိ ဖမ်းဆီး ခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ ဒေသအတွင်း ပင်လယ်ဓားပြ အပိုင်စီးမှုများမှာ လွန်ခဲ့သော (၁၈) လ အတွင်း လျင်မြန်စွာ တိုးပွား လာ ခဲ့ ပါသည်။
ဧဒင်ပင်လယ်ကွေ့တွင် ရေတပ်သင်္ဘောများ စောင့် ကြပ် နေသဖြင့် ပင်လယ်ဓားပြများ သည် တောင်ဘက်ပိုင်း ဝေးကွာသော ပင်လယ်ရေပြင်တွင် သွားရောက်လှုပ်ရှားကြရာ ဆေးရှဲကျွန်းအနီးတွင် တိုက်ခိုက်မှုများ အများဆုံး ပြုလုပ်ခဲ့ ကြသည်။ နိုင်ငံတကာ ရေတပ်ဖွဲ့မှ ရေတပ်စစ်သင်္ဘော (၃၀) ခန့်ဟာ ကင်းလှည့်နေတဲ့ ကြား က ဆိုမာလီ ပင်လယ်ဓားပြတွေဟာ ဆိုမာလီကမ်းခြေမှ မိုင် (၁,၀၀၀) လောက် အကွာအဝေး အ ထိ ဆေးရှဲလ် ကျွန်းစုနားလောက် အထိ ခြေဆန့် ပြီး ကင်းလှည့်နေတဲ့ စစ်သင်္ဘောတွေကို ရှောင်တိမ်းရင်း အလစ်မှာ ပြန်ပေးဆွဲနေကြတုန်းပဲ ဖြစ်သည်။
လောလောဆယ် သင်္ဘော (၁၂) စင်း နဲ့ နိုင်ငံပေါင်းစုံမှ သင်္ဘောသား (၂၆၃) ယောက်ကို ဖမ်းဆီးထားပါသည်။

ဆိုမာလီ ပန့်လန်း ဒေသ ဟာ ဆိုမာလီကမ်းခြေ ထက်ဝက်နီးပါး နဲ့ ဆိုမာလီနိုင်ငံရဲ့ လေးပုံတစ်ပုံ လောက် ရှိတယ်။ ဧဒင်ပယ်လယ်ကွေ့ ရှိ ပုလင်း လည်ပင်း လိုနေရာနဲ့ အိန္ဒိယသမုဒ္ဒရာဟာ သဘာဝက အခြေ အနေ ပေးနေတဲ့ ဆိုမာလီ ပင်လယ် ဓားပြတို့ ကျက်စားရာ နေရာ ဖြစ်လာတယ်။

ဆိုမာလီပင်လယ်ဓားပြတွေ သောင်းကျန်းနေတဲ့ ဆိုမာလီ နိုင်ငံ ဆိုတာကို လေ့လာကြည့်လျင် ပင်လယ် ဓားပြ တွေ ဘာကြောင့် သောင်းကျန်းချင်သလို သောင်းကျန်းလို့ ရ နေသည် ကို သဘောပေါက် နိုင်ပါ သည်။

ဆိုမာလီနိုင်ငံသည် (၁၉၉၀) ပြည့်လွန်နှစ်နောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် စစ်သွေးကြွများ နှင့် အပြန်အလှန် တိုက်ခိုက် နေရခြင်းကြောင့် ကမ္ဘာပေါ်တွင် မငြိမ်းချမ်းဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီး သမ္မတအာမက် အစိုးရအား ကုလသမဂ္ဂ ဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက ကျောထောက်နောက်ခံပြု ပေးထားရကာ သမ္မတ၏ ဩဇာ အာဏာ သည် မိုဂါဒစ်ရှူး မြို့တော် နှင့် အနီးတ၀ိုက်ကိုသာ သက်ရောက်နေသည်။ ဒီဇင်ဘာ (၃) ရက်နေ့က ဆိုမာလီ နိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး (၃) ဦး အပါ အ ၀င် လူ (၂၂) ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း သိရသည်။
ဘီနာဒင်တက္ကသိုလ်မှ ထူးချွန်ကျောင်းသား (၄၃) ဦး ကို ဘွဲ့အပ်နှင်းမှု အခမ်းအနား သို့ လူ (၇၀၀) ခန့် တက် ရောက် လာစဉ် ယခုဗုံးခွဲမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာ၊ အင်ဂျင်နီယာ နှင့် ဆေးကျောင်းသားများ ပါ ၀င် သည်။ ဆိုမာလီနိုင်ငံသည် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကြောင့် လွန်ခဲ့သော ဆယ်စုနှစ် (၂) ခု ကြာမျှ ကာလ အတွင်း ဆေးကျောင်းသားများ ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
စစ်နယ်ရှင်တွေ မိမိကိုယ်မိမိ အလယ် အလတ် အစ္စလမ္မစ်တွေလို့ ဆိုတဲ့ လူတွေ နဲ့ ဖွဲ့ စည်း ထားတဲ့ အစိုးရ အဖွဲ့ ရှိတယ်။ လွှတ်တော်မှာ အမတ်ဦးရေ (၅၅၀) ရှိသည်။ မဲဆန္ဒ နယ်မြေ တွေ မရှိ။ ၀န်ကြီး တွေရှိတယ်။ ဒါ ပေမဲ့ ဌာနလက်ကိုင် မရှိဘူး။ တကယ့်လက်တွေ့ မှာ တိုင်း ပြည် ကို မအုပ်ချုပ်နိုင်ဘူး။ ဒါကြောင့် မို့ နယ်ခြား တွေက ဆူပူ အကြမ်းဖက်မှု တွေကို မထိန်းချုပ် နိုင်ဘူး။ ပင်လယ်ဓားပြ တွေ ကလည်း သူ့ နယ်မှာ သူ နယ်ပိုင် ဖြစ်သည်။
(၂၀၀၉) ခုနှစ် ဧပြီလက ဘရပ်ဆဲလ်မြို့ မှာ ဆိုမာလီနိုင်ငံကို ကူညီတဲ့ နိုင်ငံတွေ အစည်းအဝေး လုပ်ခဲ့ တယ်။ ဒေါ်လာ သန်း (၂၅၀) ကူညီဖို့ ကတိက၀တ်တွေ ပြု ခဲ့ ကြတယ်။ ဆိုမာလီ ရဲတွေကို လေ့ ကျင့် ပေး ဖို့ အာဖရိက သမဂ္ဂ မစ်ရှင် ကို မိုဂါဒစ်ရှူး မြို့ မှာ ထားရှိဖို့ ကိစ္စအတွက် ဖြစ်သည်။ ပန့်လန်းက ဆိုမာလီ ကမ်းရိုးတန်း စောင့် တပ် ဆိုတာ က လည်း ယခင် ရှိခဲ့ ပေမယ့် အခုတော့ မရှိတော့ ပါဘူး။ ဆိုမာလီ ကြားဖြတ် အစိုးရ အဖွဲ့က နိုင်ငံရေး သမားတွေဟာ အကူ အညီ ရလာတဲ့ ငွေတွေကို ပျောက်သွားအောင် သုံးစွဲ တတ်တယ်လို့ ဆိုပါသည်။ ပန့်လန်း ဒေသ အတွက် ထည့်ပေး လိုက်တဲ့ ငွေတွေဟာ ကြား ဖြတ် အစိုးရ ရဲ့ အောက်ခြေ ပွင့် နေ တဲ့ ဘဏ္ဍာ တိုက်ထဲ ကို ရောက်ပြီး ပျောက်သွား တော့တယ်ဟု အဆိုရှိသည်။
ကုလသမဂ္ဂ ၏ ထုတ်ပြန်ချက် အရ ဆိုမာလီ မှာ အာဟာရဓာတ် ချို့  တဲ့ နေသော ကလေး သူငယ်ပေါင်း သုံး သိန်း ရှိသည်ဟု ဆိုသည်။ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများ ကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲ ငွေတောင်း လုယက်ခဲ့သည် များ က လည်း အမေရိကန်ဒေါ်လာ သန်း (၃၀) ရှိပြီဟု သိရသည်။ ပန့်လန်း ကမ်း ရိုး တန်း က မြို့တွေမှာ စစ်ဆင်ရေး လုပ်တာ အောင်မြင်ခဲ့တယ်။ ယင်းစစ်ဆင်ရေးတို့ မှ ဖမ်းဆီး ရမိထား တဲ့ ပင်လယ် ဓားပြ အဖွဲ့ ကို ပန့်လန်း ထောင်မှာ ချုပ်နှောင်ထားခဲ့သည်။ သို့သော် ဒေသတွင်း ပူးပေါင်း ဆောင် ရွက် ရန် နည်းလမ်း သစ်များ လိုအပ်မည် ဖြစ်သည်။ ပန့်လန်း ဒေသ အာဏာပိုင် တွေဟာ ပင်လယ်ဓားပြတွေ နဲ့ မစေ့ စပ် စတမ်း မူဝါဒ ကို ချမှတ်ထားကြပေမယ့် ပြန်ပေးဆွဲ ခံရတဲ့ သင်္ဘောပိုင်ရှင်တွေ၊ သင်္ဘောသား တွေ ကို ငွေပေးပြီး ပြန်ရွေးနေကြလို့ အကောင်အထည်ဖော်လို့ မရ ဖြစ်နေသည်။

ဆိုမာလီပင်လယ်ဓားပြများ







The naval network >>>>>>>
An HMS Northumberland crew member stands guard as a ship loaded with World Food Program cargo sails out of the port of Mombasa, Kenya. Photo: Associated Press

ဆေးရှဲကျွန်းအနီး ပင်လယ်ဓားပြများ









ပင်လယ်ဓားပြသင်္ဘောအား တွေ့ရှိပစ်ခတ်စဉ်





လွတ်မြောက်လာသူပင်လယ်ပျော် သင်္ဘောသားများ။





အိုင်အမ်ဘီ လို့ ခေါ်တဲ့ ကမ္ဘာ့ရေကြောင်းဗျူရို ပင်လယ်ဓါးပြသတင်းအစီရင်ခံစင်တာ ကနေ (၂၀၀၉) ခုနှစ်ဟာ ပင်လယ်ဓါးပြမှု နဲ့  သင်္ဘောတွေပေါ် လက်နက်နဲ့ လုယက်ခြင်း တွေ အလွန်အမင်း ကြောက်စရာ ကောင်း လောက် အောင် ဖြစ်ပွားတဲ့ နှစ်လို့ ဆိုပါတယ်။ အမှုပေါင်း (၄၀၆) မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပြီး (၂၀၀၃) ကတည်း ကဆိုရင် အမြင့်ဆုံး အနေအထားမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ (၂၀၀၉) နှစ်တွင် သင်္ဘော (၄၉) စင်း ကို ပြန်ပေးဆွဲခဲ့ ပြီး (၁၅၃) စီးပေါ်ကို တက်ရောက်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါသည်။ နောက်ထပ် (၈၄) စင်းကို လည်း တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့သေးတယ် လို့ ဆိုပါတယ်။ အကြမ်းဖက် ပစ်ခတ်မှုတွေ ဖြစ်ပွား တဲ့ ဖြစ် ရပ် တွေ လည်း (၂၀၀၈) ခုနှစ်က (၄၆) မှု ရှိရာကနေ (၂၀၀၉) မှာ အမှုပေါင်း (၁၂၀) ထိ မြင့်တက်လာပါတယ်။ ဒီ ဖြစ် ရပ်တွေ အားလုံးမှာ ခံကြရတာတော့ ပင်လယ်ပျော်တို့ ပဲ ဖြစ်ပါတယ်။ ပင်လယ်ပျော် (၁၀၅၂) ဦး ပြန်ပေးဆွဲ ခံ ခဲ့ ကြရပြီး (၈) ဦး သေဆုံးကာ (၆၈) ဦး ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြရပါတယ်။ ဆိုမာလီ ဓါးပြတွေ ကြောင့် (၄၇) စင်းပေါ်က ပင်လယ်ပျော် (၈၆၇) ဦး ပြန်ပေးဆွဲခံခဲ့ ရတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပါသည်။ (၂၀၀၉) ခုနှစ်မှာ နိုက်ဂျီးရီးယား ကမ်းလွန်ဒေသ က ပင်လယ်ပြင် အကြမ်းဖက်မှု တွေဟာလည်း စိုးရိမ်စရာ ကောင်းတဲ့ အနေအထားကို ရောက်လာပါတယ်။ အမှုအခင်းပေါင်း (၂၈) မှု ဖြစ်ပွား ခဲ့ ပြီး အများစု ရေနံလုပ် ငန်း နဲ့  ပတ်သက်နေပါတယ်။ ဆိုမာလီ ပင်လယ်ဓါးပြရန် ထက်တောင် ပိုမို အကြမ်းဖက်တိုက်ခိုက်မှု ပိုပါတယ် လို့ လည်း ဆိုကြတယ်။ ငါးဖမ်းသင်္ဘောတွေ အပါအ၀င် သင်္ဘောအများအပြား ကို တိုက်ခိုက်နေပေမယ့် ဘာ သတင်းမျှ မကြား ကြရပါဘူး။ မလက္ကာရေလက်ကြား မှာ တော့ အဖြစ်အပျက်တွေ လျော့ပါးသွားတာ တွေ့ ရ ပြီး မနှစ်က (၂) မှု သာ ရှိခဲ့ပါတယ်။ သင်္ဘောပေါ်တက်၍ လက်နက်ဖြင့် လုယက် တိုက်ခိုက်မှု ဖြစ်ရပ်တွေ မှာ တော့ ချစ်တကောင်း ဘင်္ဂလားဒေ့ရှ် နဲ့  ကာလော ပီးရူး တို့ မှာ တိုးမြင့် ဖြစ်လာနေတယ် လို့  ဆိုပါတယ်။ ဘ ရာ ဇီး၊ ကိုလမ်ဘီယာ၊ ကိုးစ်ကာရီကာ၊ အီကွေဒေါ၊ ဟေတီ နဲ့  ဗန်နီဇွဲးလား နိုင်ငံ တွေ မှာလည်း အလားတူ အဖြစ် အပျက် တွေ ဆက်လက် ဖြစ်ပျက်နေဆဲပါ။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com