(29 March 2016)
ဘိုစင် ကိုမျိုးမင်းသိန်း (BSN Myo Min Thein – Passport Nr M919313 & CDC 41466) သည် ဗမာပြည် ဧဂျင့် Golden Eagle International Co Ltd မှတဆင့် ကိုရီးယား ပိုင်ရှင် Keoyoung Shipping Co Ltd ပိုင်၊ ကိုရီးယား မန် နေဂျာ ကုမ္ပဏီ World Marine Co Ltd ၏ သင်္ဘော MT Keoyoung Master ပေါ်သို့ Bosun ရာထူးဖြင့် (၂၃) ရက် ဇန်န၀ါရီလ (၂၀၁၆) ခုနှစ် တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
(၁၃) ရက် ဖေဖေါ်ဝါရီလ (၂၀၁၆) ခုနှစ်တွင် ခေါင်းမူးသဖြင့် ဂျပန်နိုင်ငံရှိ Kawasaki ဆေးရုံတွင်ပြသ ခဲ့ပါ သည်။ ဆေးရုံ တွင် ဆရာဝန် က သွေး စစ်ခိုင်း သဖြင့် သွေးစစ်ရာ အသဲတွင် ပါဝင်သည့် ဓါတ်တချို့ များနေ သည် ကို တွေ့ ရှိရပါသည်။ သို့ သော် ဆရာဝန် က FIT FOR DUTY ပေး ၍ နောက် (၂) လ အကြာတွင် ဆရာဝန် နှင့် ပြန်လည်ပြသရန် မှတ်ချက် ပေးလိုက်ပါသည်။
သို့ သော်လည်း သင်္ဘော ပင်လယ်ထဲထွက်ခွာပြီးနောက် ကပ္ပိတိန် မှ ကုမ္ပဏီ ဖောင်ပုံစံဖြင့် Sign Off Letter တွင် အ တင်းအကြပ် လက်မှတ်ထိုး ခိုင်းပါသဖြင့် ဘိုစင်မှ လက်မှတ်ထိုးပေးခဲ့ရပါသည်။ (၂၃) ရက် ဖေဖေါ် ၀ါရီလ (၂၀၁၆) ခု နှစ် တွင် ကိုရီးယားနိုင်ငံ Ulsan မြို့ ၌ သင်္ဘောပေါ်မှ ဆင်းခဲ့ရပါသည်။
မဆင်းခင် မြန်မာ crew manager နှင့် ဆွေးနွေးပြောဆိုရာတွင် ဘိုစင် ၏ လစာငွေ 1,508 USD (အမေရိကန် ဒေါ် လာ တစ်ထောင်ငါးရာရှစ်) နှင့် Leave Pay 92 USD (အမေရိကန်ဒေါ်လာ ၉၂) စုစုပေါင်း USD 1,600 (အမေရိကန် ဒေါ်လာ တစ်ထောင်ခြောက်ရာ) ထဲမှ ခရီးစ ရိတ် ဖြတ်တောက် မည် ဟု သိခဲ့ရသောကြောင့် --
ဘိုစင် ကိုမျိုးမင်းသိန်း မှ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂများအဖွဲ့ ချူပ် (Myanmar Maritime Trade Unions Federation -- MMTUF) သို့  ၄င်း၏လစာငွေကြေး (စုစုပေါင်း ကန်ဒေါ်လာ တစ်ထောင် ခြောက်ရာ USD 1,600) ကို မဖြတ်မတောက်ဘဲ အပြည့်အ၀ ရယူလိုကြောင်း တိုင်ကြားပြီး အကူအညီတောင်းခံလာ ခဲ့ပါသည်။
မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် Myanmar Maritime Trade Unions Federation (MMTUF formerly Seafarers Union of Burma SUB) က လိုအပ်သော စာရွက်စာတမ်းများ စုဆောင်းခြင်း၊ လိုအပ်သည့် ကုမ္ပဏီ ဆိုင် ရာအချက်အလက်များကို အွန်လိုင်း Online မှတဆင့် ရှာဖွေခြင်း၊ ကုမ္ပဏီ နှင့် လက်မှတ်ရေးထိုးထားသည့် SEA (Seafarer’s Employment Contract) ကို စိစစ်လေ့လာခြင်း အစရှိသည်တို့  ကြိုတင်ပြင်ဆင်ပြီးနောက် ကိုရီးယား ပိုင်ရှင် နှင့် မန်နေဂျာ ကုမ္ပဏီ တို့ ထံ စာရေးသားဆက်သွယ် အကြောင်းကြား၍ ကြားဝင်ဆွေးနွေး ညှိနှိုင်းပေး မှုများ ပြု လုပ်ပေးခဲ့ပါသည်။
ကိုရီးယားပိုင်ရှင် နှင့် မန်နေဂျာ ကုမ္ပဏီတို့ မှ ဗမာပြည်ဧဂျင့် (Golden Eagle) ကတဆင့် ဘိုစင် ကို မျိုး မင်းသိန်း ရရန်ရှိသည့် လစာ + Leave Pay အမေရိကန်ဒေါ်လာ တစ်ထောင်ခြောက်ရာ (USD 1,600) ကို မြန်မာနိုင် ငံပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် MMTUF ဥက္ကဋ္ဌ ရှေ့ မှောက် တွင် (၂၉) ရက် မတ်လ (၂၀၁၆) ခုနှစ် ၌ ပေး အပ်ခဲ့ပြီး ဖြစ်ပါသည်။
(မြန်မာသင်္ဘောသားများ၏ အခွင့်အရေးများ ရပိုင်ခွင့်များ ရရှိရေးတွင် ပူးပေါင်း ပါဝင်ဆွေးနွေး ညှိနှိုင်းပေးရေးသည် ကျနော် တို့  မြန်မာနိုင်ငံ ပင်လယ်ပျော်သမဂ္ဂများအဖွဲ့ ချူပ် ယူနီယံ၏ အရေးကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ အပြင် အိုင်အယ်လ်အို ၏ ပဋိညဉ်ပြဋ္ဌါန်းချက် အသစ် MLC 2006 အရ လည်း ရေကြောင်းအလုပ်သမား (ပင်လယ်ပျော်) သင်္ဘောသားများ ၏ သင်္ဘော များပေါ် နေထိုင် လုပ်ကိုင်မှုဆိုင်ရာ ရပိုင်ခွင့်များ နှင့် အခွင့်အရေး များကို သင်္ဘောပိုင်ရှင်များ နှင့် သင်္ဘော အလံတင်ထား ရှိရာ နိုင်ငံများ က လေးစားလိုက်နာကြရမည်လည်း ဖြစ်ပါသည်။ သင်္ဘောသား ကမ္ဘာ့ ရေကြောင်း အလုပ်သမားများ အနေဖြင့် လည်း လိုက်နာရမည့် တာဝန်ဝတ္တရားများကိုလည်း MLC 2006 တွင် အတိအကျ ပြဋ္ဌါန်း ပါရှိ ပါသည်။)

No comments:
Post a Comment