-
ဖေါ်ပြပါဂြိုလ်တုဓါတ်ပုံများမှာ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ရှိကျေးရွာ (၁၈) ရွာ အပျက်အစီး အသေးစိတ်ဂြိုဟ်တု မြင်ကွင်းကို UNOSATကုလသမဂ္ဂ ဂြိုဟ်တုတိုင်းထွာရေးအဖွဲ့က တရွာချင်းအလိုက်
ဇွန်လ (၄) ရက်နေ့မှာ ထုတ်ပြန်ရာ အဆောက်အဦ စုစုပေါင်း (၄,၀၂၈) ခု ပျက်စီးသွားကိုတွေ့ ရှိရသည်။
ထိုကျေးရွာ အများစုမှာ ငပုတော၊ လပွတ္တာနှင့် ဘိုကလေးမြို့နယ်များမှ ဖြစ်သည်။အဆိုပါကျေးရွာ (၁၈) ရွာရှိ အဆောက်အဦ အားလုံး၏ (၉၄) ရာနှုန်း ပျက်စီးသည်ဟု ဖော်ပြ ထားသည်၊ ဂြိုဟ်တုဓာတ်ပုံရိုက်ထားသည့် ရွာ (၁၈) ရွာတွင် ရာနှုန်းပြည့် အဆောက်အဦအားလုံး ပျက်စီးသည့် ရွာပေါင်း (၁၀) ရွာရှိပြီး ကျန်ရွာများမှာလည်း ရာနှုန်းပြည့်နီးပါး ပျက်စီးသည်။
ဧရာဝတီမြစ်ဝကို မေးတင်ပြီး ရာနှုန်းပြည့် ပျက်စီးခဲ့သည့် အဆိုပါရွာများမှာ-အနောက်ဂုံညင်းတန်း၊ ရွေးရွာ၊ မိကျောင်းကိုင်၊ အနောက်သပြုချောင်၊ သပြုချောင်၊ ချောင်းကြီး၊ ပြောင်းပြန်၊ တောင်ကလေးမြောက်ဘက် အမည်မသိရွာ၊ ဘုန်းတော်ပြည့်၊ အလယ်ပေါက်တောင်ဘက် အမည်မသိရွာတို့ဖြစ်သည်။
No comments:
Post a Comment