
မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ သည် ပင်လယ်ပျော် စာစောင် ကို မိမိတို့ အဖွဲ့ ဝင်များအတွက်
သမဂ္ဂ၀န်ဆောင်မှု အဖြစ် (၁၉၉၅) ခု နှစ် မှစတင်ကာ ထုတ်ဝေဖြန့် ချီခဲ့ပါသည်။
(၂၀၀၀) ပြည့်နှစ်လောက်မှ စတင်၍ ပင်လယ်ပျော် မဂ္ဂဇင်း အဖြစ် ပင်လယ်ပျော်များ နှင့် ရေလုပ်
သားများအတွက်ရော၊ အခြား ပို့ ဆောင်ရေး လုပ်ငန်းများ ရှိ အလုပ်သမားများ နှင့် ထိုင်းနိုင်ငံ၊
အင်ဒိုနီးရှား နိုင်ငံ တို့ တွင် ရောက်ရှိ အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားများ အတွက် ပါ
ရည်ရွယ်ကာ သမဂ္ဂဆိုင်ရာ ပညာရေး လုပ်ငန်းတစ်ခု အဖြစ် ချဲ့ ထွင် ကြိုးပမ်းအားထုတ် ခဲ့ပါသည်။
စာစောင်အနေနှင့်ရော မဂ္ဂဇင်း အဖြစ်ပါ ထုတ်ဝေ ဖြန့် ချီရာတွင် ပြည်ပမှာရပ်တည်လှုပ်ရှားရသည့်
အခက်အခဲများကြောင့် နှစ်လတစ်ကြိမ် ထုတ်နိုင်ရန် သတ် မှတ်ထားခဲ့သော်လည်း တခါတရံ တစ်နှစ်
(၁) အုပ် (၂) အုပ် နှုန်းလောက်သာ ထွက်ရှိနိုင်သေးပါသည်။ ပင်လယ်ပျော် ဆိုင်ရာ ပညာရေး
စာအုပ်ငယ် များ အပါအ၀င် မဂ္ဂဇင်း စာစောင် အုပ်ရေ (၂၀) ကျော် ထွက်ရှိပြီး ဖြစ်ပါသည်။
ယခု (၂၀၀၈) ခု နှစ် ထုတ် ပင်လယ်ပျော် မဂ္ဂဇင်း အမှတ် (၁) ကို ထုတ်ဝေဖြန့် ချီလိုက်ပါသည်။
ထုတ်ဝေပြီးစာစောင် မဂ္ဂဇင်းများကို ပင်လယ်ပျော်အင်တာနက်စာမျက်နှာတွင်ဖတ်ရှုနိုင်ရန် စီစဉ်လျက်
ရှိသည့် အတွက် မကြာမှီ မြန်မာနိုင်ငံပင်လယ် ပျော်များ သမဂ္ဂ၏ ဆောင်ရွက်ချက်ကဏ္ဍများနှင့်အတူ
ရှုမြင် နိုင်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ညီနောင်လုပ်သားအပေါင်းတို့ ခင်ဗျား။
ပင်လယ်ပျော်မဂ္ဂဇင်း (၂၀၀၈) အမှတ် (၁) Download ယူရန်
No comments:
Post a Comment