ခေတ်နောက်ကိုလူလိုက်တာလား လူနောက်ကိုခေတ်လိုက်တာလား
စာဖတ်သူကြိုက်သလိုသာစဉ်းစား
ဒီနေ့ ကမ္ဘာ့ကလေးများကွန်ပြူတာဂိမ်း ကစားနေကြချိန်မှာ ရွာကကျနော့် တူငယ်တူမငယ်တွေ မြေကြီးမှာကျွင်းဖေါက် မန်ကျည်းစေ့ တောက်တန်းကစားနေတာ ရိုးရာထိမ်းသိမ်းတာများလားမဆိုတတ်ပါ ဒါမှမဟုတ် မှတစ်ပါးအခြား မရှိတော့ သည်ကြောင့် လည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့ သော် ရှေ့လာမယ့် ဆယ်စုနှစ်တစ်ခု
စာဖတ်သူကြိုက်သလိုသာစဉ်းစားဒီနေ့ ကမ္ဘာ့ကလေးများကွန်ပြူတာဂိမ်း ကစားနေကြချိန်မှာ ရွာကကျနော့် တူငယ်တူမငယ်တွေ မြေကြီးမှာကျွင်းဖေါက် မန်ကျည်းစေ့ တောက်တန်းကစားနေတာ ရိုးရာထိမ်းသိမ်းတာများလားမဆိုတတ်ပါ ဒါမှမဟုတ် မှတစ်ပါးအခြား မရှိတော့ သည်ကြောင့် လည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့ သော် ရှေ့လာမယ့် ဆယ်စုနှစ်တစ်ခု
ရဲ့ အကျော်မှာတော့ ကွန်ပြူတာဂိမ်း ကစားနေသော ကလေးများ က အုပ်ချုပ်စေခိုင်းသူဖြစ်၍ ရိုးရာထိမ်းသိမ်းသောကလေးများက အုပ်ချုပ်ခံ အလုပ်လုပ်သူများ ဖြစ်လာပါတယ်ခင်ဗျား၊၊
ပညာ တတ် လူကြီးလူကောင်းများက လူသားအကျိုးပြု ခေတ်မှီစက်မူပစ္စည်းများကိုတည်ထွင်ထုတ်လုပ်
စဉ်ကထဲက လူသားအကျိုးပြုရန်ရည်ရွယ်ခဲ့ ပါသော်လည်း ခေတ်မီစက်မှုပစ္စည်းသည်လည်း ခေတ်မီသောနေရာများသို့
သာရောက်နိုင်ပါသောကြောင့် လူသားသည် နေရာရွေးချယ်၍ မွေးဖွားခွင့် မရှိသောကြောင့် တိုးတက်သော ခေတ် အခြေအနေများနှင့် ဝေးကွာရလေသလား မီးမရှိသော မတိုးတက်သော ကားလမ်းရထားလမ်းမရှိသော ကျနော့် ဇာတိ မွေးရပ်တွင်လူဖြစ်ရသော ကျနော်သည် ရွှေ့ပြောင်းနေထိုင်ခြင်းကို မပြုခဲ့ ပါက ခေတ်ကို ဆန့်  ကျင်ရာ ရောက်နေမလား မဆိုတတ်ပါ။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို အစဉ်သဖြင့် လေ့လာကျင့်ကြံ နေထိုင် ရင်း ရှာဖွေလုပ်ကိုင် စားသောက်ရင်း ဖက်ရွက်မိုး ဝါးခြမ်းကာ “ဥပဒေအိမ်ဆွေးစံ” အိမ်တွင်းသား ဒီနေ့  ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမား အခြေအနေကို ရောက်လာပါတော့တယ်၊၊
ငယ်စဉ်က ကျနော့် ဇာတိမြေ ကျနော် တို့  ရွာမှာတော့ လျှပ်စစ်ပစ္စည်းနဲ့  ပတ်သက်ရင် ဓါတ်ခဲဖြင့် ထည့် သုံး ရသော လက်နှိပ်ဓါတ်မီး နှင့် ရေဒီယို သာရှိပါသေးသည်။ ယနေ့ အခြေအနေ မည်သို့ ရှိလေမည်နည်း
ကျနော် မသိပါ။ ရွာမှာမွေး ၍ ရန်ကုန်မှာ ကြီးပြင်းခဲ့ ရသော ကျနော် ထိုင်းမှာ နေလာ တာ နှစ် နှစ်ဆယ် နီး လာတော့ လွမ်းတသသ ဒေသတစ်ခုကို အများနည်းတူ ပိုင်ဆိုင်ချင်ပေမဲ့ အဘိုးအဘွားတို့ ခေါင်းချခဲ့သော အခြေနေအရ သား သမီး တို့ နောင်ရေး အတွက် အဖေ အမေတို့  ထွက်ခွာခဲ့ သော ကျနော်၏ မူလတန်း ကျောင်းသား ဘဝ တဝက် နေထိုင်ခဲ့ ရာ အညာဒေသ သည်လည်းကောင်း၊ ရန်ကုန်မြို့ တော်ရဲ့  ဆင်းရဲသား ရပ်ကွက်များ ဖြစ်တဲ့ သာကေတ တို့  ဥက္ကလာ တို့  သင်္ကန်းကျွန်း တို့ သံလျင်တို့ မှာ ပြောင်းရွှေ့  နေထိုင်ရင်း ကြီးပြင်းခဲ့ ရတဲ့ အလယ်တန်း အထက်တန်း အတည်တကျ မနေနိုင်ခဲ့သော ကျောင်းသား ဘဝသည် လည်း ကောင်း လုပ်ကိုင်စားသောက်ရာမဲ့ အရွယ်ရောက်လာပြန်တော့ ကိုယ့် ပြည်တွင်းမှ အလုပ်အကိုင်နှင့် ဝင်ငွေ ကုန်ဈေးနှုန်း မမျှတနိုင်မှုတွေကြောင့် ထိုင်းနိုင်ငံ နှင့် အတူ မိမိတို့  မိခင်နိုင်ငံထက် တိုးတက်သော အခြား အခြားသော နိုင်ငံများသို့  နည်းပေါင်းစုံ ဖြင့် ထွက်၍ အလုပ်လုပ်တတ်ကြသလို ညီနောင်ဖွား ထိုင်း တိုင်းရင်း သား တို့  သည်လည်း ထူးမခြားနား နိုင်ပါပေ။ ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမားထု ထဲမှ ထိုင်းနိုင်ငံရောက် ကျနော် နှင့် တိုင်းရင်းသား ညီအစ်ကိုတို့၏ ဘဝများစွာတို့သည် လည်းကောင်း၊ ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် တရား မဝင် ဝင်ရောက်လာသော ရွှေ့ ပြောင်း အလုပ်သမား (သို့ ) ထိုင်းနိုင်ငံသား မဟုတ်သော သူများ ၏ မှတ်ပုံတင် ကို ကိုင်ဆောင်ရသော ဘဝတွင်လည်း
ပင်လယ်ထဲမှာ ဆယ်စုနှစ် တစ်ခု နီးနီး၊ ပန်းရံသမား ဘဝ၊ ငါးဂိုဒေါင် အလုပ်သမားဘဝ၊ ပုဇွန်မွေး သမား ဘဝ မတည်နိုင်ဘဲ အာမခံချက် မဲ့ ဘဝ တွေကို အကြိမ်ကြိမ် အဖန်ဖန် ပြောင်းလည်းရင်း လွမ်းစရာဒေသ တစ်ခုကိုပင် မပီပြင် ဝိုးတဝါး မြူမှုန်ကြား က နှင်း ကို ရှာမိသူလို လွမ်းစရာကိုပင် ပြန်လွမ်းရမဲ့  ဘဝများနဲ့  ရပ်တည် လူဖြစ်လာရပါတော့တယ်။
ကျောက်ခေတ်က ယဇ်ပူဇော်ခံများ ကြေးခေတ်က ဆင်းရဲသားကျွန်များ သံခေတ်က စစ်သုံ့ပန်းများ ယနေ့ ကွန်ပြူတာခေတ်မှာတော့ ရွှေ့ ပြောင်း အလုပ်သမားများ စသည် တို့  သည် အချိန်ကာလ ခြားနားသော်လည်း ပုံစံ ကွဲပြားသော်လည်း ဖက်ရွက်မိုး ဝါးခြမ်းကာ ဥပဒေအိမ်ဆွေးစံ အိမ်တွင်းသား အတူတူပင် ဖြစ်မည် ထင်ပါသည်၊၊
ခေတ်ဆိုသော ဝေါဟာရ ထဲမှ ရှေ့ နှင့် ရှေး ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား ဆွဲထုတ် စေချင်ပါသည်။ ရှေးခေတ် ကို လူလိုက်လျင်ဖြင့် ကမ္ဘာ့ အလုပ်သမား လူတန်းစား အတွက် အကာအကွယ်မဲ့ နေဦးမည် ဖြစ်ပြီး ရှေ့ ဖြစ်လာမည့် ခေတ်ကို လူက ကာကွယ်ဖန်တီး ပေးရင်ဖြင့် လူနောက်ကို ခေတ်ကလိုက်ရပါမည်။ တည်တံ့ ခိုင်ခံ့ သစ်လွင်သော တရား ဥပဒေရှိရပါမည်။ သို့ မှသာလျှင် ခေတ်ကလူကို မှီရသောကြောင့် ခေတ်မီသောသူ ဖြစ်ရပါမည်။ ရှေးခေတ်ကို လိုက်သူတို့ က ပြည်သူလူထုကို ဦးဆောင်မှုပြုခြင်း အစား ရှေ့ ခေတ်ကိုလိုက်သူများကသာ ပြည်သူခေါင်းဆောင် ဖြစ်သင့် ဖြစ်ထိုက်ပါသည်။ ကျနော် ၏ လူ နဲ့  ခေတ် ခေတ် နဲ့ လူ မှာတော့  - - - - - - -
လွမ်းစရာကိုပင် ပြန်လွမ်းရမည့် သူများ ဖက်ရွက်မိုး ဝါးခြမ်းကာ ဥပဒေအိမ်ဆွေးစံ တို့ အတွက် တည်တံ့
ခိုင်ခံ့ သစ်လွင်သော တရား ဥပဒေရိပ် အောက်မှ ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမားထုကြီး ဖြစ်နိုင် ရောက်နိုင် ကြပါစေသတည်း၊၊
ကိုသော် ( ခ) ကျော်ငြိမ်းဦး
၂ဝ၊ ၁ဝ ၊ ၂ဝဝ၉ ၊၊
စာရေးသူကိုသော်သည် SUB အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရေလုပ်ငန်းအလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေးအကျိုးဆောင်ကော်မတီ ၀င် တစ်ဦးလည်းဖြစ်သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
ပညာ တတ် လူကြီးလူကောင်းများက လူသားအကျိုးပြု ခေတ်မှီစက်မူပစ္စည်းများကိုတည်ထွင်ထုတ်လုပ်
စဉ်ကထဲက လူသားအကျိုးပြုရန်ရည်ရွယ်ခဲ့ ပါသော်လည်း ခေတ်မီစက်မှုပစ္စည်းသည်လည်း ခေတ်မီသောနေရာများသို့
သာရောက်နိုင်ပါသောကြောင့် လူသားသည် နေရာရွေးချယ်၍ မွေးဖွားခွင့် မရှိသောကြောင့် တိုးတက်သော ခေတ် အခြေအနေများနှင့် ဝေးကွာရလေသလား မီးမရှိသော မတိုးတက်သော ကားလမ်းရထားလမ်းမရှိသော ကျနော့် ဇာတိ မွေးရပ်တွင်လူဖြစ်ရသော ကျနော်သည် ရွှေ့ပြောင်းနေထိုင်ခြင်းကို မပြုခဲ့ ပါက ခေတ်ကို ဆန့်  ကျင်ရာ ရောက်နေမလား မဆိုတတ်ပါ။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို အစဉ်သဖြင့် လေ့လာကျင့်ကြံ နေထိုင် ရင်း ရှာဖွေလုပ်ကိုင် စားသောက်ရင်း ဖက်ရွက်မိုး ဝါးခြမ်းကာ “ဥပဒေအိမ်ဆွေးစံ” အိမ်တွင်းသား ဒီနေ့  ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမား အခြေအနေကို ရောက်လာပါတော့တယ်၊၊
ငယ်စဉ်က ကျနော့် ဇာတိမြေ ကျနော် တို့  ရွာမှာတော့ လျှပ်စစ်ပစ္စည်းနဲ့  ပတ်သက်ရင် ဓါတ်ခဲဖြင့် ထည့် သုံး ရသော လက်နှိပ်ဓါတ်မီး နှင့် ရေဒီယို သာရှိပါသေးသည်။ ယနေ့ အခြေအနေ မည်သို့ ရှိလေမည်နည်း
ကျနော် မသိပါ။ ရွာမှာမွေး ၍ ရန်ကုန်မှာ ကြီးပြင်းခဲ့ ရသော ကျနော် ထိုင်းမှာ နေလာ တာ နှစ် နှစ်ဆယ် နီး လာတော့ လွမ်းတသသ ဒေသတစ်ခုကို အများနည်းတူ ပိုင်ဆိုင်ချင်ပေမဲ့ အဘိုးအဘွားတို့ ခေါင်းချခဲ့သော အခြေနေအရ သား သမီး တို့ နောင်ရေး အတွက် အဖေ အမေတို့  ထွက်ခွာခဲ့ သော ကျနော်၏ မူလတန်း ကျောင်းသား ဘဝ တဝက် နေထိုင်ခဲ့ ရာ အညာဒေသ သည်လည်းကောင်း၊ ရန်ကုန်မြို့ တော်ရဲ့  ဆင်းရဲသား ရပ်ကွက်များ ဖြစ်တဲ့ သာကေတ တို့  ဥက္ကလာ တို့  သင်္ကန်းကျွန်း တို့ သံလျင်တို့ မှာ ပြောင်းရွှေ့  နေထိုင်ရင်း ကြီးပြင်းခဲ့ ရတဲ့ အလယ်တန်း အထက်တန်း အတည်တကျ မနေနိုင်ခဲ့သော ကျောင်းသား ဘဝသည် လည်း ကောင်း လုပ်ကိုင်စားသောက်ရာမဲ့ အရွယ်ရောက်လာပြန်တော့ ကိုယ့် ပြည်တွင်းမှ အလုပ်အကိုင်နှင့် ဝင်ငွေ ကုန်ဈေးနှုန်း မမျှတနိုင်မှုတွေကြောင့် ထိုင်းနိုင်ငံ နှင့် အတူ မိမိတို့  မိခင်နိုင်ငံထက် တိုးတက်သော အခြား အခြားသော နိုင်ငံများသို့  နည်းပေါင်းစုံ ဖြင့် ထွက်၍ အလုပ်လုပ်တတ်ကြသလို ညီနောင်ဖွား ထိုင်း တိုင်းရင်း သား တို့  သည်လည်း ထူးမခြားနား နိုင်ပါပေ။ ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမားထု ထဲမှ ထိုင်းနိုင်ငံရောက် ကျနော် နှင့် တိုင်းရင်းသား ညီအစ်ကိုတို့၏ ဘဝများစွာတို့သည် လည်းကောင်း၊ ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် တရား မဝင် ဝင်ရောက်လာသော ရွှေ့ ပြောင်း အလုပ်သမား (သို့ ) ထိုင်းနိုင်ငံသား မဟုတ်သော သူများ ၏ မှတ်ပုံတင် ကို ကိုင်ဆောင်ရသော ဘဝတွင်လည်း
ပင်လယ်ထဲမှာ ဆယ်စုနှစ် တစ်ခု နီးနီး၊ ပန်းရံသမား ဘဝ၊ ငါးဂိုဒေါင် အလုပ်သမားဘဝ၊ ပုဇွန်မွေး သမား ဘဝ မတည်နိုင်ဘဲ အာမခံချက် မဲ့ ဘဝ တွေကို အကြိမ်ကြိမ် အဖန်ဖန် ပြောင်းလည်းရင်း လွမ်းစရာဒေသ တစ်ခုကိုပင် မပီပြင် ဝိုးတဝါး မြူမှုန်ကြား က နှင်း ကို ရှာမိသူလို လွမ်းစရာကိုပင် ပြန်လွမ်းရမဲ့  ဘဝများနဲ့  ရပ်တည် လူဖြစ်လာရပါတော့တယ်။ကျောက်ခေတ်က ယဇ်ပူဇော်ခံများ ကြေးခေတ်က ဆင်းရဲသားကျွန်များ သံခေတ်က စစ်သုံ့ပန်းများ ယနေ့ ကွန်ပြူတာခေတ်မှာတော့ ရွှေ့ ပြောင်း အလုပ်သမားများ စသည် တို့  သည် အချိန်ကာလ ခြားနားသော်လည်း ပုံစံ ကွဲပြားသော်လည်း ဖက်ရွက်မိုး ဝါးခြမ်းကာ ဥပဒေအိမ်ဆွေးစံ အိမ်တွင်းသား အတူတူပင် ဖြစ်မည် ထင်ပါသည်၊၊
ခေတ်ဆိုသော ဝေါဟာရ ထဲမှ ရှေ့ နှင့် ရှေး ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား ဆွဲထုတ် စေချင်ပါသည်။ ရှေးခေတ် ကို လူလိုက်လျင်ဖြင့် ကမ္ဘာ့ အလုပ်သမား လူတန်းစား အတွက် အကာအကွယ်မဲ့ နေဦးမည် ဖြစ်ပြီး ရှေ့ ဖြစ်လာမည့် ခေတ်ကို လူက ကာကွယ်ဖန်တီး ပေးရင်ဖြင့် လူနောက်ကို ခေတ်ကလိုက်ရပါမည်။ တည်တံ့ ခိုင်ခံ့ သစ်လွင်သော တရား ဥပဒေရှိရပါမည်။ သို့ မှသာလျှင် ခေတ်ကလူကို မှီရသောကြောင့် ခေတ်မီသောသူ ဖြစ်ရပါမည်။ ရှေးခေတ်ကို လိုက်သူတို့ က ပြည်သူလူထုကို ဦးဆောင်မှုပြုခြင်း အစား ရှေ့ ခေတ်ကိုလိုက်သူများကသာ ပြည်သူခေါင်းဆောင် ဖြစ်သင့် ဖြစ်ထိုက်ပါသည်။ ကျနော် ၏ လူ နဲ့  ခေတ် ခေတ် နဲ့ လူ မှာတော့  - - - - - - -
လွမ်းစရာကိုပင် ပြန်လွမ်းရမည့် သူများ ဖက်ရွက်မိုး ဝါးခြမ်းကာ ဥပဒေအိမ်ဆွေးစံ တို့ အတွက် တည်တံ့
ခိုင်ခံ့ သစ်လွင်သော တရား ဥပဒေရိပ် အောက်မှ ကမ္ဘာ့ ရွှေ့ ပြောင်း အလုပ်သမားထုကြီး ဖြစ်နိုင် ရောက်နိုင် ကြပါစေသတည်း၊၊
ကိုသော် ( ခ) ကျော်ငြိမ်းဦး
၂ဝ၊ ၁ဝ ၊ ၂ဝဝ၉ ၊၊
စာရေးသူကိုသော်သည် SUB အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရေလုပ်ငန်းအလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေးအကျိုးဆောင်ကော်မတီ ၀င် တစ်ဦးလည်းဖြစ်သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
No comments:
Post a Comment