
စင်ကာပူအခြေစိုက် Nautictank Pte Ltd (NT) သင်္ဘောလိုင်းမှ မြန်မာနိုင်ငံသား (၂၁) ဦး ပါဝင်သည့်
မာရှယ်အိုင်းလန်း အလံတင် UBT Ocean သင်္ဘောကို အာဖရိကတောင်ပိုင်း မာတာဂါစကား ကျွန်းအနီး၌ ယခုလ (၅) ရက်နေ့တွင် ဆိုမာလီပင်လယ် ဓါးပြများက ပြန်ပေးဆွဲသွားကြောင်း ယင်းသင်္ဘောသည် အရှေ့အလယ်ပိုင်းရှိ အာရပ်စော်ဘွားများနိုင်ငံ UAE မှ အာဖရိကတောင်ပိုင်းရှိ တန်ဇေး နီးယား နိုင်ငံသို့ အသွား ပြီးခဲ့သည့် သောကြာနေ့ မနက်ပိုင်းက ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ဆိုမာလီ ပင်လယ် လုံခြုံရေး စောင့်ကြပ်နေသော ဥရောပသမဂ္ဂ ၏ “EU NAVFOR Somalia” ရေတပ် ဖွဲ့ က သတင်း ထုတ်ပြန်ထားသည်။
*Ugland Brovig Tankers (UBT) is the owner of the initial 4 ships operated by NT.
ကုမ္ပဏီ အနေဖြင့် အဆိုပါ သင်္ဘောသားများ ၏ မိသားစုများ နှင့် အဆက်အသွယ်ရထားပြီ ဖြစ်ပြီး၊ သင်္ဘော နှင့် သင်္ဘောသားများ ပြန်လွတ်လာရန် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။ထို သဘောင်္တွင် ဓါတုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းနှင့် ဟင်းရွက်ဆီတို့ တင်ဆောင်ထားကြောင်း သိရသည်။
(နောက်ဆက်တွဲသတင်းများအရ- မူလအစ မာတာဂါ စကားအနီး တွင် ပြန်ပေးဆွဲခံရခြင်း မဟုတ်ဘဲ တန်ဇေး နီးယား နှင့် ဆေးရှဲးလ် နိုင်ငံတို့ အကြားမှာ ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ပြန်ပေးဆွဲခံသင်္ဘောကို အလယ်ပိုင်း ဆို မာလီ အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ ရှိ ဟာရာဒီးရီး ကို ယူ ဆောင်သွားတယ် လို့ ဆိုပါတယ်။ ။ ပင်လယ်ပျော်)

No comments:
Post a Comment