MV SAMHO JEWELRY အမည်ရှိ တောင်ကိုရီယား ကုန်တင် သင်္ဘောတစ်စီး ကို ဆိုမာလီ ပင်လယ်ဓားပြ များက ပြန်ပေးဆွဲခဲ့ရာ သင်္ဘောသား(၂၁)ဦး (ကိုရီးယား လူမျိုး ရှစ်ဦး နှင့် အတူ မြန်မာ လူမျိုး(၁၁)ဦး နှင့် အင်ဒို နီးရှားလူမျိုး နှစ်ဦး) ပါရှိသည် ဟု သတင်းရရှိသည်။MV SAMHO JEWELRY အမည်ရှိ ထိုသင်္ဘောသည် ကိုရီးယား နိုင်ငံ ဆမ်ဟို သင်္ဘောလိုင်းမှ ဖြစ်ပြီး တန်ချိန် တစ်သောင်း ရှိကာ အာရပ်စော်ဘွား များ ပြည်ထောင်စု မှ နေ၍ ဓာတုဗေဒကုန်များ တင်ဆောင်ပြီး တောင် ကိုရီးယား သို့  ထွက်ခွာ လာစဉ် အိုမန် နှင့် အိန္ဒိယ သမုဒ္ဒရာ ကြားတွင် ဆိုမာလီ ပင်လယ်ဓားပြ များ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သင်္ဘောသား များ ဘေးမသီရန်မခ ဖြစ်စေရေးအတွက် တောင်ကိုရီးယား အစိုးရက အစွမ်းကုန် ကြိုးစား သွားမည် ဟု ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။ သို့သော် MV SAMHO JEWELRY သည် MSC(HOA)* တွင် မှတ်ပုံတင်ထားခြင်း မရှိသကဲ့သို့ UKMT** သို့လည်း သတင်းပို့ထားခြင်း မရှိဟု သိရသည်။
ယခုလက်ရှိ ဆိုမာလီ ပင်လယ်ဓားပြများ လက်တွင် သင်္ဘော အစင်း (၃၀) နှင့် သင်္ဘောသား (၆၈၀) ဦး ရှိနေ သည်။
*UKMTO Dubai
The UK Maritime Trade Operations (UKMTO) office in Dubai acts as the primary point of contact for merchant vessels and liaison with military forces in the region.
**(MSCHOA)The Maritime Security Centre – Horn of Africa
Email: ukmto@eim.ae
No comments:
Post a Comment