22 January 2011

မြန်မာ (၁၁) ဦး အပါအ၀င် ပြန်ပေးဆွဲခံသင်္ဘော လွတ်ပြီ

ဆိုမာလီဓါးပြတို့ အဖမ်းခံသင်္ဘောနှင့်ပတ်သက်၍ တောင်ကိုရီးယား အနေဖြင့် ဒီအတိုင်းကြည့်မနေဘဲ ပြီးခဲ့သည့် သောကြာနေ့  (၂၁- ဂျန္န၀ါရီ-၂၀၁၁) က လင်းအားကြီး အချိန်မှစတင်၍ (၅) နာရီကြာ ကယ်ဆယ်ရေး စစ်ဆင်မှု တစ်ရပ် ပြုလုပ်ကာ အင်ဒိုနီးရှား သင်္ဘော သား (၂) ဦး၊ တောင်ကိုရီးယား သင်္ဘောသား (၈) ဦး၊ မြန်မာ သင်္ဘော သား (၁၁) ဦး စုစုပေါင်း (၂၁) ဦး နှင့် တန်ချိန် (၁၁၅၀၀) ရှိ Samho Jewelry ဓါတုဗေဒ ပစ္စည်းတင် ကုန်သင်္ဘော တို့ ကို ကယ်တင် လိုက် နိုင်ကြောင်း သတင်းများအရ သိရှိရပါသည်။
ဆိုမာလီ မှ အရှေ့ မြောက်ဘက် ကီလိုမီတာ (၁၃၀၀) ခန့် အကွာ အာရေဗျ ပင်လယ်တွင် ဖြစ်ခဲ့သည့် ယခုလို ကယ်တင်မှုအတွင်း ပင်လယ်ဓါးပြ (၈) ဦး သေဆုံးခဲ့ရပြီး ကျန် (၅) ဦးကို လက်ရဖမ်းမိခဲ့သည့်အတွက် ကိုရီးယား အစိုးရ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဆိုင်ရာ ၀န်ကြီးဌာန အနေနှင့် ဖမ်းမိသူတို့ ကို ကိုင်တွယ်နိုင်မည့် နည်း လမ်းကြောင်းများ လေ့လာနေ ကြောင်းကို ဆက်လက် သိရှိရပါတယ်။


ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေစာချူပ်အရ ကိုရီးယား နိုင်ငံ အနေဖြင့် ပင် လယ် ဓါးပြ တို့ အထိန်းအသိမ်း ခံ သင်္ဘောပေါ် တက်ရောက်စီးနင်းခွင့် နှင့် ဓါးပြတို့ ကို ဖမ်းဆီးခွင့် ရှိပေသည်။ တောင်ကိုးရီးယား တရားရုံး တစ်ခု ကနေ၍ ဓါးပြတို့ အား အပြစ်ပေး နိုင် ပေသည်။ ဖမ်းမိခံ ပင်လယ်ဓါးပြ (၅) ဦး နှင့် ပတ်သက်၍ ကိုရီးယား အစိုးရ က ဆက်လက် ကိုင်တွယ် ဆောင်ရွက် ရမည် ဖြစ်သည်။ အိုမန်၊ ကင် ညာ၊ ယီမင် ကဲ့သို့  တတိယနိုင်ငံ တနိုင်ငံ သို့ ပို့ ဆောင်၍ တရားဥပဒေ လမ်းကြောင်း အတိုင်း လည်း ပြုလုပ် နိုင်ပေသည်။



ကိုရီးယား သမ္မတ လီမြှောင်ဘတ် ကိုယ်တိုင် အမိန့် အာဏာပေး၍ ၄င်းကိုယ်တိုင် ၄င်းတို့ နိုင်ငံသားများကို မည် သည့် ထိပါးတိုက်ခိုက်လာမှု ကိုမျှ သီးခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည့် ယခုလို ဖြစ်စဉ်တွင် ပြန်ရွေးငွေ အမေရိကန်ဒေါ်လာ မဆုံးရှုံးခဲ့ရပေမယ့်လည်း ကိုရီးယား စစ်သား (၃) ဦး ထိခိုက်မှု အနည်းအကျဉ်း နှင့် သင်္ဘော ကပ္ပတိန် အဖြစ်အပျက်အတွင်း ပစ်ခတ် ခံထိ ခဲ့ရသည့် အတွက် နီးစပ်ရာ ဆေးရုံ သို့  အမြန် ပို့  ဆောင် ပေးခဲ့ ရကြောင်း သိရှိရသည်။
အခုလို ကယ်တင်လိုက်ပြီး အောင်မြင်လိုက်နိုင်တယ် ဆိုတာကို သတင်းများအရသာ နောက်မှ တအံ့တသြ နှင့် သိရပြီး ၄င်းတို့  ကြိုတင်၍ မသိရှိရကြောင်း သင်္ဘောသား မိသားစုများက ပြောကြားပါသည်။ အသက်ဘေး မ ရှိသည့် ဒဏ်ရာရခဲ့သော သင်္ဘော ကပ္ပတိန် ၏ သားဖြစ်သူ က အခုလို ကယ်ဆယ် စစ်ဆင်ရေး ကို သတင်း ဌာန တို့ ကတဆင့် ကြားသိရတဲ့ အခိုက်မှာ အသက်ရှု ရပ်မတတ် ဖြစ်ခဲ့ရကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။
Samho Jewelry တွင် လိုက်ပါ အမှုထမ်းဆောင်ခဲ့သည့် ကိုရီးယား သင်္ဘောသား တစ်ဦး ၏ ဇနီးသည် နှင့် သား တို့ ကလည်း ယခုလို ရက်ပိုင်းအတွင်း ခပ်မြန်မြန် ကယ်တင်လိုက်နိုင်တာကို သတင်းဌာန တွေ က တ ဆင့် ရုတ်တရက်ကြားရတာဖြစ်ကြောင်း သူတို့ ထင်ထားသည်က အနည်းဆုံး နှစ်လ သုံးလ ခန့်  ကြာမည် ထင် ခဲ့ ကြကြောင်း ပြန်လည်ပြောပြပါတယ်။ အခြားသင်္ဘောသား မိသားစုများ နည်းတူ စိုးရိမ်ပူပန်မှု နှင့် သူ၏ အ ဖေ ငရဲခန်းမှ လုံခြုံစွာ ပြန်လည်လွတ်မြောက်လာရခြင်းအတွက် ကယ်တင်မှု ကို ကျေးဇူး တင်ပါကြောင်း သား ဖြစ်သူ က ဆက်လက်ပြောဆိုပြီး နောက်နောင် သူ့ ယောက်ျား ကို သင်္ဘော မလိုက်စေလိုတော့ကြောင်း ဇနီး သည် က ပြောပါတယ်။
(မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ အနေနှင့် ကယ်တင်လွတ်မြောက်လာခဲ့ကြသည့် မြန်မာသင်္ဘောသား များ ၄င်းတို့ ၏ မိသားစု များ နှင့် အတူ စိုးရိမ်တကြီး ဖြစ်မိပြီး ကိုရီးယားရှိ မိမိတို့ သမဂ္ဂ ကွန်ရက်များကတဆင့် မြန်မာ သင်္ဘောသား များ အရေးအတွက် သတင်းအချက်အလက်များ ထပ်မံစုဆောင်းလျက်ရှိပြီး အဆင်သင့် ပါက မိသားစုများထံ မြန်မာသတင်းဌာန များမှနေ၍ အသိပေးပါမည်)။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com