08 February 2011

အလုပ်သမား တောင်းဆို ဆန္ဒပြမှုများ ဆက်လက် ဖြစ်နေဦးမည်။

လွန်ခဲ့သည့် နှစ်အတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်သကဲ့သို့ စက်မှုဇုံများမှ စက်ရုံ တချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ် သမားများက လစာတိုးရေး အတွက် ပြီးခဲ့သည့် (၂၀၁၀) ပြည့်နှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ရာ အလုပ်ရှင်က လစာ ကျပ် (၅၀၀၀) တိုး ပေး မည် ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် စက်မှုဇုန် (၁) ရှိ Super Garment အထည်ချုပ် စက်ရုံမှ အလုပ်သမား (၂၀) ကျော် က လစာတိုးပေးရေး အလုပ်သမား ရပိုင်ခွင့်များ အတွက် စက်ရုံတွင်း၌ အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို ကြသည်။ “အလုပ်သမားတွေ ပုံမှန် လစာက ကျပ်ငွေ (၃) သောင်း ကျော်ပဲရှိတယ်၊ သူများ စက်ရုံ နည်းတူ လိုချင်လို့ ဆန္ဒပြကြတာ” ဟု ပြော ခဲ့ သည်။ ယင်း စက်ရုံတွင် အလုပ်သမား (၁၀၀) ခန့်ရှိကြောင်းသိရသည်။ ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်သမား တဦး ၏ အနိမ့်ဆုံး လစာမှာ ကျပ် (၂၀၀၀၀) ၀န်းကျင် ဖြစ်သည်။
မတ်လ (၃) ရက်နေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၃) ဖန်ချက်ဝန်၊ ဦးရွှေအိုးလမ်း အမှတ် (၆၄) ရှိ Grand Royal ဝီစကီစက်ရုံတွင် အလုပ်သမား (၁) ထောင်ကျော်ခန့်က လုပ်အားခ တိုးမြှင့် တောင်းဆိုကာ ဆန္ဒပြခဲ့သည်။
တောင်းဆိုမှုများမှာ လုပ်အားခ တိုးမြှင့်မှု အပြင် အလုပ်ချိန် လျှော့ချရန် နှင့် သတ်မှတ်ထားသောလ၊ နှစ်များ ပြည့် ပါ က နေ့စား အဖြစ်မှ တရားဝင် permanent (အမြဲခန့် ) ၀န် ထမ်း ဖြစ်ရန် နှင့် အစိုးရ ရုံးပိတ်ရက်များ ကို ပိတ်ပေးရန်၊ အလုပ် ဆင်းရလျှင် လည်း အချိန်ပို ရရှိစေရန်တို့ကို တောင်းဆိုခြင်းဖြစ်သည်။
(၂၀၁၀) ပြည့်နှစ် အတွင်း အလုပ်သမားများ ဆန္ဒပြမှု စိပ်လာသည်ကို ရန်ကုန်လူထု အလွန်စိတ်ဝင်စားလာကာ ဆန္ဒပြ အလုပ်သမားများဘက်မှ အားပေးကြသည်။
“ပြသင့်တာပေါ့။ အလုပ်သမားတွေ ရတဲ့ လစာက ဘယ်လောက်မှမရှိဘူး။ အလုပ်ရှင်တွေက လူပါးဝတယ်။ အစိုး ရ ရုံးပိတ်ရက်တွေ ဆိုရင်လည်း မပိတ်ပေးဘူး၊ အဲဒီနေ့ အလုပ်ဆင်းတဲ့သူတွေကိုလည်း အချိန်ပို ကြေး မပေးဘူး၊ မသိလိုက် မသိဘာသာ နေကြတာလေ။ ကျမတို့လည်း ကုမ္ပဏီ ၀န် ထမ်းပါ၊ အခုလို ဆန္ဒပြတာ ကို အားပေးတယ်” ဟု ရန်ကုန်မြို့ နာမည်ကြီး ကွန်ပျူတာ ကုမ္ပဏီ တစ်ခု မှ ၀န် ထမ်း တစ်ဦးက ပြောသည် ဟု သတင်း မျိုး လည်း ဖတ်ရှု ရသည်။
ဆန္ဒပြ အလုပ်သမား အရေး တွင် အလုပ်ရှင်များ ဖက်မှလည်း အခက်အခဲများရှိသည်။ ထို အခက် အခဲ များ အနက် လက်ရှိ အာဏာပိုင်များ၏ ဗရမ်းပတာ ဆောင်ရွက်မှုများ မှာ အဆိုးဝါးဆုံး အခက်အခဲ ဖြစ်သည်။
အစိုးရ ၀န် ထမ်းများအား ပေါကြွယ်စရိတ် ဟု နာမည် တပ်ကာ အစိုးရက လစာ (၂၀,၀၀၀) ကျပ် အပို ပေး ခဲ့ သော် လည်း ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ အချို့ တွင် သာ လစာ တိုးမြှင့် ပေးပြီး ကုန်ထုတ် အစွန်း အမြတ် မရှိဘဲ လစာ တိုးမြှင့် ပေးနိုင်ခြင်း မရှိ သောကြောင့် အများစုမှာ အလုပ်ရှင်သူဌေးများက မသိ ကျိုးကျွံပြု နေကြ ခြင်း ခံ နေ ရ သည်။
(၂၀၁၀) ပြည့်နှစ် မေလ (၁၄) ရက်နေ့မှ စ၍ ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များ၊ မြို့တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက် နှင့် ဟိုတယ် အားလုံး ကို လျှပ်စစ် မီး လုံးဝ ဖြတ်တောက်လိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက ထုတ်ပြန် ကြေညာ ခဲ့ သည်။ လျှပ်စစ်မီး နှင့် ဆက် လက် လည်ပတ် နေသော စက်ရုံကြီးများ သည် သက်ဆိုင်ရာ မြို့ နယ် အသီးသီး ရှိ လျှပ်စစ်ရုံးများသို့ ပုံမှန် လစဉ်ကြေး ကျပ် (၁၀) သိန်း မှ သိန်း (၂၀) ၀န်းကျင် အထိ ပေး ရပြီး လျှပ်စစ်မီး ဖြတ်ထားသည့် မေလ တွင် စက်ရုံ တစ်ရုံ လျှင် သိန်း (၂၀) ထပ်ဆောင်း ပေးရကြောင်း သိရသည်။ စက်ရုံ တစ်ရုံ မီးစက် ဖြင့် လည်ပတ် ပါ က ဒီဇယ်ဖိုး ကုန်ကျစရိတ်မှာ တနာရီလျှင် ကျပ် (၁) သိန်းခွဲခန့် ရှိသောကြောင့် (၁၀) နာရီ လည် ပါ က ကျပ် (၁၅) သိန်း၊ (၂၄) နာရီ လည် မည် ဆိုပါက ဆီဖိုး မှာ မည်သို့ မှ မကိုက်နိုင်။ အငယ် နှင့် အလတ်စား စက်ရုံ များ တွင် မီးစက် ဖြင့် လည်ပတ်မည် ဆိုပါက တရက်လျှင် ဒီဇယ် ဂါလန် (၃၀) မှ (၅၀) ၀န်းကျင် အထိ အသုံး ပြု ရ မည် ဖြစ်ပြီး ကုန်ကျစရိတ်မှာ လည်း တရက် လျှင် အနည်းဆုံး ကျပ် (၂) သိန်းခန့် ရှိသည်။
မီး ဖြတ် ထား ချိန် တွင် ဝယ်လိုအား မြင့်တက်လာ သည့် အတွက် ဒီဇယ်ဈေး ကလည်း တက်သွားပြီး တစ် ဂါ လန် လျှင် (၃၂၀၀) ကျပ် မှ (၃၃၀၀) ကျပ်ထိ ဖြစ်ခဲ့သည်။
စသည် စသည် အစိုးရက ပေးသော အခက်အခဲပေါင်း များစွာ ကြောင့် အလုပ်သမား တောင်းဆို ဆန္ဒပြမှုများ ဆက်လက် ဖြစ်နေဦးမည် ဖြစ်သည်။
ရန်ကုန်တိုင်း ရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ဇုန်ကြီး (၄) ခု အနက် အရှေ့ ပိုင်း နှင့် မြောက်ပိုင်း ခရိုင်များ တွင် သာ စက်မှု လုပ်ငန်း အများစု လုပ်ကိုင်လျက် ရှိပြီး၊ လည်ပတ်နေသော စက် ရုံ ပေါင်း (၄၃၀၀) ကျော် နှင့် အလုပ်သမား (၂) သိန်းခန့် ရှိ ကြောင်း စာရင်း ဇယားများ အရ သိရသည်။ အရှေ့ပိုင်း ခရိုင် ရှိ စက်မှုဇုန်များ တွင် တောင်ဒဂုံ စက်မှုဇုန် (၁) မှ (၃) အထိ၊ အရှေ့ ဒဂုံ စက်မှုဇုန်၊ ဒဂုံ ဆိပ် ကမ်း စက်မှုဇုန်၊ တောင်ဥက္ကလာ စက်မှုဇုန်၊ မြောက်ဥက္ကလာ စက်မှုဇုန်နှင့် သာကေတ စက်မှုဇုန်တို့ ပါဝင်သည်။ မြောက်ပိုင်း ခရိုင်ရှိ စက်မှုဇုန်များ တွင် လှိုင်သာယာ စက်မှုဇုန် (၁) မှ (၇) အထိ၊ ရွှေလင်ပန်း စက်မှုဇုန်၊ ငွေ ပင် လယ် စက်မှုဇုန်၊ ရွှေသံလွင် စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် (၁၊ ၂၊ ၃၊ ၄)၊ သာဓုကန် စက်မှုဇုန်၊ ၀ါးတရာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ ရန်ကုန် စက်မှုဇုန်နှင့်၊ ရွှေပေါက်ကံ စက်မှုဇုန်တို့ ပါဝင်သည်။ စက်မှုလုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်း စက်ရုံများ၊ အထည်ချုပ် စက်ရုံများ၊ ဖိနပ် စက်ရုံများ၊ စားသောက်ကုန် စက်ရုံများမှာ အများစုဖြစ်သည်။ စက်မှုဇုန်များကို (၁၉၉၅) ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာ နိုင် ငံ တဝန်း တွင် စက်ရုံ ပေါင်း တစ်သိန်း ကျော် ရှိနေပြီ ဖြစ်သည်။

KBK /SUB

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com