(8-3-11) နံနက် (10) နာရီခန့်  က စပြီး စက်မှုဇုန်(၃) ဖန်ချက်ဝန် ဦးရွှေအုံး လမ်း လှိုင်သာယာ မှာ ရှိတဲ့ တိုင်ရီ စက်ရုံက အလုပ်သမားတွေ ဟာ လုပ်ငန်းခွင်ကို လုံးဝ မဆင်းပဲ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ထိုင် ဆန္ဒ ပြပြီး ၄င်းတို့ ၏ တောင်းဆိုချက်များကို စက်ရုံတာဝန်ရှိသူများထံ တင်ပြ တောင်းဆိုလျက်ရှိကြောင်းသိရသည်။
ဖိနပ် နဲ့  အလှကုန် ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပြီး အဓိက အားဖြင့် သဘော မတူသော အချိန် ပို ခိုင်း စေမှု ကြောင့် ဆန္ဒပြ ခဲ့ ရာ လုပ်ငန်းခွင် နှင့် မဆိုင်သော ကိစ္စများကို ခိုင်းစေခြင်း superviser (ကြီးကြပ်သူ) များ မှာ ဆဲရေး တိုင်းထွာမှု ပြုလုပ်ခြင်း၊ ရံဖန် ရံခါ ရိုက်နှက်ခြင်း၊ လုပ်ငန်းခွင် အတွင်း တင်း ကြပ် သော စည်း ကမ်း များ ဖြင့် ချုပ်နှောင်ပြီး လွတ်လပ်ခွင့် အနည်းငယ်မျှ မရခြင်း စသည်တို့ အပြင် လုပ်ခ တိုး မြှင့် ပေး ရေး တို့ ကို တောင်းဆို ခဲ့ တယ် လို့ သိရပါတယ်။
ဖြစ်ပွားမှုမှာ ယခုနှစ် ဇန်နဝါရီလကုန် တွင် တိုင်ရီ Tai Yi အလုပ်သမားများ က အချိန်ပို အလုပ်ချိန်လျှော့ချရန် ဆန္ဒပြခဲ့ရာ စက်ရုံ တာဝန်ခံများ နှင့် ညှိနှိုင်းမှု အရ အချိန်ပို အလုပ်ချိန်ကို ည (၈) နာရီအထိသာ သတ်မှတ်ရန် လျှော့ပေး ခဲ့ ပြီး၊ အလုပ်ပိတ်ရက်များ ၌ အလုပ်သမားများ ၏ ဆန္ဒမပါဘဲ အလုပ်စေခိုင်းမှု မပြုလုပ်ရန် သဘော တူညီခဲ့ ပြီး ဖြစ်သည်။ သို့သော် ကိုရီးယား လူမျိုး ပိုင်ရှင်က ည (၉) နာရီ အထိ အချိန်ပို အဖြစ် ပြန်လည် သတ် မှတ် မည် ဟု ဖေဖော်ဝါရီ လကုန် တွင် ကြေညာ ခဲ့ ရာ မှ ဆန္ဒပြမှု ပေါ် ခဲ့ ရ သည် ဟု အလုပ်သမား များ က ဆိုသည်။ ပုံမှန် အလုပ်ချိန် ကို မနက် (၇) နာရီ (၂ဝ) မိနစ်မှ ညနေ (၅) နာရီ အထိ သတ်မှတ်ထားသည်။ ကြေ ညာ သည့် အချိန်ပို ခိုင်းစေမှု အပေါ် မကျေနပ် ၍ ပင်မ စက်ရုံ နှင့် စက်ရုံခွဲ တခု ရှိ လုပ်သား (၃ ထောင်) နီး ပါး တပြိုင်တည်း လစာ ဖြတ်ခံရမှု ကြောင့် ယခုကဲ့ သို့ ဖြစ်ရခြင်း ဖြစ်သည်ဟု သိရပါသည်။ စက်ရုံ တွင် သား ရေ များ ကို ကြိတ်ရ သဖြင့် ထွက်ရှိလာသော အမှုန်အမွှား များ က ကျန်းမာရေး ကို ထိခိုက် စေနိုင် သည် ဟု အလုပ်သမား ရေးရာ ဆောင်ရွက်နေသူများ က ဝေဖန်ကြပြီး အလုပ်သမားများ အ တွက် နာရီ များ စွာ အချိန် ပို လုပ် ရန် မသင့် တော် ဟု ပြောသည်။

-
-
-
-
-
-
-
-
-
၎င်း စက်ရုံ မတိုင်မှီ အခြား စက်ရုံ နှစ်ခု ဖြစ်သော ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု (၆) လမ်းရှိ အော်စကာ အထည်ချုပ် စက်ရုံ တွင် ဖေဖော်ဝါရီ (၅) ရက် စနေနေ့ ည (ရ) နာရီ အချိန်မှာ အလုပ်သမားတွေ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ (၄) ရက်နေ့က ရွှေပြည်သာ မြို့နယ် ကနောင် မင်းသားကြီး လမ်း ပေါ် ရှိ Super One အထည်ချုပ် စက်ရုံ မှာ လည်း လုပ်ခ လစာငွေ နည်း ခြင်း၊ စက်ရုံတွင်း သုံးစွဲ နေရတဲ့ အိမ်သာ မလုံ လောက် ခြင်း၊ ကျန်းမာရေး စောင့် ရှောက် မှု မလုံလောက်ခြင်း စတဲ့ တောင်းဆိုချက် တွေ နဲ့ ဆန္ဒပြမှု ဖြစ် ပွား ခဲ့ ပါ တယ်။ အဆိုပါ စက်ရုံများ ကတော့ ချက်ခြင်းလိုလို ညှိနှိုင်းပြီး ပြေလည်မှု ရသွားတယ်လို့ သိရပါတယ်။
တိုင်ရီ စက်ရုံ ရဲ့ လက်ရှိ အခြေအနေ မှာ သက်ဆိုင်ရာ မန်နေဂျာများ က တာဝန်ရှိသူများ ထံ အကြောင်း ကြား လိုက်တဲ့ အတွက် စက်မှုဇုန် အလုပ်သမား ဥပဒေ စိစစ်ရေး ဌာန အပါအဝင် အာဏာပိုင်များ တာဝန်ရှိသူများ လာရောက်ပြီး ဖြေရှင်းရန် ကြိုးပမ်း သော်လည်း ပြေလည်သည့် အခြေအနေ မတွေ့ ရသေးဟု ယူဆရပါသည်။
ဆန္ဒပြမှု ဖြစ်ပွားသည်အထိ မဖြစ်သေးသော်လည်း နစ်နာမှုများ ကို သက်ဆိုင်ရာ သို့ တိုင်ကြားမှု များ လည်း စက်ရုံ အတော်များများ တွင် တွေ့ နေရသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့ နယ် မှာရှိတဲ့ အောနစ် အထည်ချုပ် စက်ရုံက အမျိုးသမီး အလုပ်သမား တွေဟာ မတရား ဖိနှိပ်ခံနေရတယ် လို့ စက်ရုံ တာဝန်ရှိသူတွေ ကို တိုင်ကြားပေမဲ့ ဘာမှ အရေး မယူ တာ ကြောင့် တိုင်း အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနကို တိုင်ကြား ခဲ့ တယ်လို့ ဆိုပါတယ်။
မြန်မာ ဂလိုဂွန် အထည်ချုပ် စက်ရုံ က အလုပ်သမတွေ လည်း လုပ်အားခ နဲ့ ပတ်သက် လို့ နစ်နာ နေတာ တွေ ကြောင့် သက်ဆိုင်ရာ ကို တိုင်ကြား ထား တယ် လို့ သိရပါသည်။

No comments:
Post a Comment