ထိုင်ဝမ် ရှိ တိုင်ချွန်း ကောက်ရွှမ်း ဆိပ်ကမ်များတွင် အလံအငှားတင် အက်ဖ်အိုစီ သင်္ဘော အစင်း (၁၃) စီး ကို စစ်ဆေးခဲ့ပြီး အဆိုပါ သင်္ဘောများပေါ်ရှိ အသက်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်တင်ကုန်ချဆိုင်ရာ စက် ယန္တရား များ နှင့် ခရူ တို့ ၏ လုပ်ငန်းဆိုင်ရာ နှစ်ဦးနှစ်ဖက် (အလုပ်သမား နှင့် အလုပ်ရှင်) စာချူပ်ပါ လိုက်နာ ရန် စည်းမျဉ်း စည်းကမ်း အချက်အလက်များ နှင့် ညီညွတ်ခြင်း ရှိမရှိ တို့ ကို အလေးပေး စစ်ဆေးခဲ့ကြကြောင်း ကို ထိုင်ဝမ် အိုင်တီအက်ဖ် ပေါင်းစည်းညှိနှိုင်းရေးမှုး ဟွမ်ယူရှင်း က ပြောပါတယ်။

ကိုးရီးယားတွင် အက်ဖ်အိုစီ သင်္ဘော (၂၄) စီး ကို စစ်ဆေးနိုင်ခဲ့ပြီး အက်ဖ်အိုစီ ကန်ပိန်း ၏ တစိတ်တပိုင်း ဖြစ် လာ သည့် ပီအိုစီ ကန်ပိန်း (နိုင်ငံရပ်ခြား ကုမ္ပဏီများ ပိုင် ဆိပ်ကမ်းများ) ကိုလည်း ဆန့် ကျင် ကန့် ကွက် ဆန္ဒပြ ပွဲများ ပူးတွဲ လှုပ်ရှား ဆောင်ရွက် နိုင်ခဲ့ ကြသည်။
(အိုင်တီအက်ဖ် အွန်လိုင်းသတင်းမှ မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ က ဆီလျော်အောင် ဘာသာပြန်ဆို ဖော် ပြသည်)။
No comments:
Post a Comment