အယ်ဒီတာရှင့်
ဒီစာက ကျွန်မရဲ့ ပုဂ္ဂလိက ခံစားချက်ဆိုပေမယ့် အားလုံးရဲ့ ကောင်းကျိုးအတွက် ကျွန်မ အကြံ ပြု ရေး သား ရခြင်းပါ။ တကယ်တော့ ဒီစာရေးဖြစ်တဲ့ အကြောင်းတရားက ကျွန်မအတွက် တန်ဖိုးကြီးမားပါတယ်။ သားတစ်ယောက်လုံး ဆုံးရှုံးခံလိုက်ရပြီးမှ တခြားတခြားသော သားတွေ၊ တခြားတခြားသောမိခင်တွေ မိသားစုတွေအတွက် ရည်ရွယ် ရေးသားရခြင်း ဖြစ်ပါတယ်။
ကျွန်မ၏ တစ်ဦးတည်းသော သားဖြစ်သူ စောနိုးနိုးထွန်းလင်းသည် ရေကြောင်းသိပ္ပံ (ယခု- ကောလိပ်)အမှတ်စဉ်(၃၅)ကို တက်ရောက်အောင်မြင်ခဲ့ပြီး Sea Service နှစ်နှစ်ရရှိရန်အတွက် ပထမအကြိမ်တွင် THACOSMARITING Co., Ltdတွင် ၁ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် မြန်မာနိုင်ငံ ရှိ ဒေသခံ Marlow ကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် ၆-၄-၂ဝ၁၁ တွင် DECK-CADET တာဝန် ထမ်းဆောင်ရင်း ၈-၁၁-၂ဝ၁၁တွင် စပိန်နိုင်ငံ Malaga ဆိပ်ကမ်း၌ ကွယ်လွန် ခဲ့ရပါသည်။
ကွယ်လွန်စဉ် ကုမ္ပဏီမှ သင်္ဘောပေါ်မှကျ၍ ရေနစ်သေဆုံး ကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့ပါသည်။ ၂၅-၁၁-၂ဝ၁၁ တွင် သား၏ ရုပ်ကလာပ် စပိန်မှ ရန်ကုန် သို့ ရောက်ရှိခဲ့ပါသည်။
၂၇-၁၁-၂ဝ၁၁ ရက်တွင် သားအား သင်္ဂြိုလ်ရန် ဈာပနပြင်ဆင်ရာတွင် သား၏မျက်နှာ၊မေးစေ့၊ နှာခေါင်း ရင်းတို့တွင် ပြင်းထန်စွာ ထိုးနှက်ထားသော ဒဏ်ရာများ အပြင် ခြေထောက်တွင် U ပုံသဏ္ဌာန်ချုပ် ထား သောဒဏ်ရာများကို ဝမ်းနည်းမှု များစွာဖြင့် တွေ့မြင်ခဲ့ရပါသည်။ အထက်ပါဖြစ်စဉ်ကို ဒေသခံ ကိုယ်စား လှယ် ကပ္ပတိန်၏ မိသားစုလည်း တွေ့မြင်ခဲ့ပါသည်။
သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီက သားအမှုနှင့်ပတ်သက်၍ ITF (International Transport Worker’s Federation) သို့ တိုင်ကြား နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။
သား၏ဖြစ်စဉ်များကို သင်္ဘောသားများနှင့် သက်ဆိုင်သောဝန်ကြီး အဖွဲ့အစည်းအသီးသီး၊ SECD၊ MOSA ဌာနများသို့ ဓာတ်ပုံ အထောက်အထားများဖြင့် တင်ပြ အကူအညီ တောင်းခံခဲ့ရာတွင်လည်း ITF သို့ တိုင်ကြားနိုင်ကြောင်းကို အကြံပြုပြောဆိုခဲ့ပါသည်။
ITF သို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုမှုများကြောင့် ကျွန်မအနေ နှင့် ITF အဖွဲ့အစည်းမရှိသေးသော ကျွန် မ တို့နိုင်ငံတွင် တိုင်ကြား၍ မရခဲ့ပါ။ လူ့အခွင့်အရေး ကို ဆောင်ရွက်သူများ၏ ကူညီ ဆောင်ရွက် ပေး မှု ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်လျက် အင်္ဂလန်နိုင်ငံ ITF အသိအမှတ်ပြု ထောက်ခံ သော မြန်မာ့ သင်္ဘောသားများ အရေးကို လိုက်လံကူညီဆောင်ရွက် ပေးနေသော Seafarers Union of Burma (S.U.B) ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ တိုင်ကြားခဲ့ရပါသည်။ ၄င်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးအောင်သူရ၏ ကူညီဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ပြီး (S.U.B) ၏ 4th General Congress တွင် ITF အဖွဲ့၏ အာရှပစိ ဖိတ်ရေးရာအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး၊ အရှေ့တောင် အာရှ ၏ Union ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အလုပ်သမားများ၏ အခွင့်အရေးနှင့် နစ်နာကြေးများကို ကူညီ ဆောင်ရွက် ပေးသည့်အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တင်ပြခွင့်ရခဲ့သည်။
အကယ်၍ ယခုဆောင်ရွက် နေသော ITF အဖွဲ့အစည်းကို မြန် မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်နိုင် ခဲ့လျှင် တိုင်းတစ်ပါးနိုင်ငံသို့ သွားရောက်ရန် မလိုဘဲ မြန်မာနိုင်ငံရှိ သင်္ဘောသားအားလုံး၏ မတရားခံရမှုများ၊ တိုင်း တစ်ပါးကုမ္ပဏီများ၏ ဖိနှိပ်ခွဲခြားမှုများ၊ လူမျိုးခြားများ၏ မတရားအနိုင်ကျင့်မှုများ၊ သင်္ဘောသားများ၏ သ င်္ဘော ပေါ်တွင် တန်း တူအခွင့်အရေးရရှိနိုင်မှု အဖြစ်မှန် များ၊ မတရားမှုများကို ဖော်ထုတ် ကူညီ ဆောင် ရွက် ပေးနိုင်မည်ဟု ယုံကြည်မိပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ရှိ သော သင်္ဘောသား အရာရှိကြီး ငယ်များနှင့် အလုပ်သမားများ၏ မတရား ခံရမှု၊ သေဆုံးမှု၊ နစ်နာကြေး မရရှိမှု၊ အာမခံကြေးမရရှိခြင်း အပေါ် ၌ ကျန်ရစ်သူမိသားစုများ သင်္ဘော သား တစ်ဦး၏ လူ့အခွင့်အရေးနစ်နာ ကြေးများကို အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးသည့် ITF အဖွဲ့အစည်းကို ဖွဲ့စည်းသင့်ကြောင်း မိခင်တစ်ဦးအနေနှင့် အယ်ဒီတာမှ တစ်ဆင့် နိုင်ငံတော်သို့ တင်ပြ အကြံပြု တောင်းဆိုခြင်းဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံရှိ သင်္ဘောသား များသည် တိုင်းတစ်ပါး သင်္ဘော ပေါ်တွင် အခက်အခဲကြုံရပါက မိမိနိုင်ငံရှိ ITF အဖွဲ့အစည်းသို့ အကူအညီ တောင်းခံ ခြင်းဖြင့် ကြုံတွေ့ ရ သော အခက်အခဲများကို ဖြေ ရှင်းနိုင်မည်ဟု ယူဆမိပါသည်။ သင်္ဘောသားများ ၏ မိသားစု အားလုံး သည် လည်း ITF အဖွဲ့အစည်းရှိခြင်းဖြင့် မိသားစုများ ကြုံတွေ့ရမည့် အခက်အခဲမှန်သမျှကို လက်တွဲ ဆောင် ရွက် နိုင်မည် ဟု ယုံကြည်မိပါသည်။ ITF အဖွဲ့ အစည်း တည်ထောင်နိုင်ခဲ့လျှင် မြန်မာပြည်ရှိ သင်္ဘော သားများ အားလုံးအတွက် အနာဂတ်အလင်းတန်း တစ်ခု ကျရောက်လာသကဲ့သို့ ခံစားရမည်ဖြစ်ပါကြောင်း ကွယ်လွန်ခဲ့ရသော DECK-CADET တစ်ဦး၏ မိခင်မှ ဆန္ဒပြုတင်ပြလိုက်ပါသည်။
မိခင်တစ်ဦး
popularmyanmar.com အင်တာနက်စာမျက်နှာ ပါ အယ်ဒီတာထံပေးစာ ကို ပြန်လည် တင်ပြပါသည်။
(မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ က ကူညီဆောင်ရွက်ပေးခဲ့ပြီး ယခု ထိုက်သင့်သည့် ပေးလျော်မှုများ စတင် ပေးလျော်နေသည့် ဤဖြစ်ရပ်တွင် ပင်လယ်ပျော်တစ်ဦး ဖြစ်သူ ကိုစောနိုးနိုးထွန်းလင်း အရွယ် မတိုင်ခင် နှင့် မဖြစ်သင့် မဖြစ်ထိုက်ဘဲ ကြွေလွင့် ဆုံးရှုံး သွားရသည့်အတွက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ က မိသားစု နှင့် ထပ်တူထပ်မျှ အထူးကြွေကွဲ ၀မ်းနည်းပါကြောင်း လေးစားစွာ အသိပေး ကြေညာအပ်ပါသည် ခင်ဗျား။
ဥက္ကဌ ဦးအောင်သူရ နှင့် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ -- အပြည်ပြည်ဆိုင်ရာ ပို့  ဆောင်ရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ ချူပ် ITF)
Subscribe to:
Post Comments (Atom)
Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။
ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။
"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"
ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။
ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။
တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။
မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။
အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။
အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့
"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။
တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
Forwarded message ----------
Date: Aug 18, 2008 11:37 AM

No comments:
Post a Comment