နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်ကာပူပိုင် သင်္ဘောသား (၂၃) ဦး ပါဝင်သော ရေနံ တင် သဘောင်္ကို ပင်လယ်ဓါးပြ တို့မှ ပြန်ပေး ဆွဲ ခဲ့ သည်။ ရက်သတ္တပတ် (၂) ပတ် အတွင်း တတိယ မြောက် ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။
နိုင်ဂျီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောပေါ်သို့ မည်သို့ ပင်လယ်ဓါးပြတို့ရောက်ရှိခဲ့ခြင်းကို မသိ ရှိ သေး ကြောင်း နှင့် နိုင်ဂျီးနီးယား နိုင်ငံ အာဏာပိုင် တို့ ထံ အရေးယူ ဆောင်ရွက်ပေးရန် အကြောင်းထားကြောင်း မလေးရှားနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပင်လယ် ရေကြောင်း ဌာနမှ အကြီးအကဲ Noel Choong က အေအက်ပီ (AFP) သတင်း ဌာန သို့ ပြော ကြား ခဲ့သည်။
စင်ကာပူ ရေနံတင် သင်္ဘော များ တွင် မြန်မာသင်္ဘောသားများစွာ အလုပ်လုပ်ကိုင်လျက်ရှိသည်။ ယခု ပြန် ပေး ဆွဲ ခံထားရသော သင်္ဘောတွင် တာဝန်ထမ်းဆောင်နေကြသည့် သဘောင်္ သား များ ၏ သက်ဆိုင်ရာ နိုင်ငံ များ ကို သတင်းထုတ်ပြန်ခြင်း မရှိသေး၍ မြန်မာနိုင်ငံသား သင်္ဘောသားများ ပါမပါ ကို မိမိတို့ စုံစမ်း ဆဲ ဖြစ်သည် ဟု Seafarers Union of Burma (S.U.B) အတွင်းရေးမှူး ကိုတင်ကိုကိုသက်ကပြောသည်။
No comments:
Post a Comment