28 November 2012

ဗီယက်နမ် က အင်ဒို နှင့် ဗမာ ပင်လယ်ပျော်များကို ကယ်ဆယ်ခဲ့

Vietnam saves sailors from Myanmar, Indonesia after pirate attack
Last Updated: Thursday, November 22, 2012 06:40:00

ဗီယက်နမ် က မြန်မာ နှင့် အင်ဒို သင်္ဘောသားများအား ပင်လယ်ဓါးပြများ တိုက်ခိုက်အပြီး ကယ်တင်
(၂၂) ရက် နိုဝင်ဘာလ (၂၀၁၂) ခုနှစ် ကြာသပတေးနေ့  (၆) နာရီ (၄၀) မီးနစ်

A Ba Ria-Vung Tau marine security official (right) with Sann Winnaung, Myanmar captain of Zafirah and his crew members who were saved after being attacked by pirates

ဘာ ရီယာ -- ဗန်ဒေါင်း ပင်လယ်ရေကြောင်းလုံခြုံရေး အရာရှိ (ညာဖက်) ကို ဇာဖီရာ သင်္ဘော ကပ္ပိတိန် ဆန်းဝင်းအောင် နှင့် အခြားသင်္ဘောသားများ ပင်လယ်ဓါးပြတိုက်ခိုက်ခံရခြင်းအပြီး ကယ် ဆယ် လိုက် နိုင် ကြောင်း တွေ့ ရစဉ်

Marine rescuers from the southern beach town of Vung Tau on Thursday rescued five Myanmarese and four Indonesian sailors, arresting the 11 pirates who attacked them.

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကမ်းခြေမြို့  ဗန်ဒေါင်း ရှိ ပင်လယ်ရေကြောင်းကယ်ဆယ်ရေးအရာရှိများက ပြီးခဲ့သည့် ကြာသပတေး (၂၂) ရက် နိုဝင်ဘာလ (၂၀၁၂) ခုနှစ်တွင် မြန်မာ ပင်လယ်ပျော် (၅) ဦး၊အင် ဒိုနီးရှားသင်္ဘောသား (၄) ဦး တို့ ကို ကယ်တင်လိုက်နိုင်ပြီး ၄င်းတို့ အား တိုက်ခိုက်ခဲ့ကြသည့် ပင်လယ် ဓါးပြ (၁၁) ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

The Malaysian oil tanker Zafirah left from the Malaysian port Pasir Gudang port for another Miri on November 16 but was attacked by pirates in Indonesian waters early November 18.

မလေးရှားနိုင်ငံပိုင် စက်သုံးဆီတင်သင်္ဘော ဇာဖီရား သည် ပါစီ ဂူဒါန်း ဆိပ်ကမ်း မှ တခြား မီရီ ဆိပ် ကမ်း မြို့ သို့  နိုဝင်ဘာလ (၁၆) ရက်နေ့ တွင် ထွက်ခွာလာရာ အင်ဒိုနီးရှားရေပြင် အတွင်း နိုဝင်ဘာလ (၁၈) ရက် နေ့ က ပင်လယ်ဓါးပြ တိုက်ခံထိခဲ့ခြင်း ဖြစ်သည်။

Their boat was hijacked and they were thrown into the lifeboat and left to drift.

သူတို့ သင်္ဘောကို ပြန်ပေးဆွဲရယူသွားကြပြီး သင်္ဘောသားတွေကိုတော့ အသက်ကယ်လှေထဲသွပ် သွင်းပြီး ဒီ အတိုင်းမျှောလိုက်တာပါ။

Two fishing boats from Vung Tau spotted them and informed local marine rescuers, who sent a vessel to retrieve the victims as marine police went out to search for the pirates.

ဗန်ဒေါင်း မှ ငါးဖမ်းစက်လှေ နှစ်စီး က သူတို့ ကို မြင်ပြီး အရပ်ဖက် ပင်လယ်ရေကြောင်း ကယ်ဆယ် ရေး အဖွဲ့ များအား အကြောင်းကြားပေးခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေး က ရေယာဉ်တစ်စီး လွှတ် ပေးပြီး ဒုက္ခရောက်သူများကို ကယ်တင်လိုက်နိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာရဲတပ်ဖွဲ့  က ပင်လယ် ဓါးပြများအား လိုက်လံ ရှာဖွေ ခဲ့သည်။

The police spotted the Zafirah pirate ship sailing in Vietnamese waters. After the pirates refused to surrender, Vung Tau police launched an attack and arrested 11 pirates, all Indonesians, seizing their weapons including knives and short guns.

ပင်လယ်ဓါးပြပြန်ပေးဆွဲခံထိထားသည့် ဇာဖီရား သင်္ဘော ကို ဗီယက်နမ်ရေပြင်အတွင်းတွင် ရှိနေ ကြောင်း ရဲအဖွဲ့ က တွေ့ ရှိခဲ့သည်။ ပင်လယ်ဓါးပြတို့ က လက်နက်ချရန် ငြင်းဆိုခဲ့ပြီးနောက်တွင် ဗန် ဒေါင်း ရဲတပ်ဖွဲ့  က တိုက်ခိုက်ခဲ့ရာမှာ (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ အားလုံး အင်ဒိုနီးရှား လူမျိုးများ ဖြစ် ကြပြီး ဓါးများ နှင့် သေနတ်များ အပါအ၀င် ၄င်းတို့ ၏ လက်နက်များကို သိမ်းဆည်း ရမိခဲ့ပါတယ်။

The Ba Ria-Vung Tau Province border guard unit has taken the pirates into custody for further investigations, and towed their Malaysian boat to shore.

ဘရီယာ ဗန်ဒေါင်း ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ က ပင်လယ်ဓါးပြများအား ထပ်မံစစ်ဆေးမှုများ ပြု လုပ်ရန် ထိမ်းသိမ်းထားလိုက်ကြပြီး မလေးရှား ပိုင် သင်္ဘောကိုတော့ ကမ်းသို့ ယူဆောင် လာပါတယ်။

Sann Winnaung, the 37-year-old Burmese captain of the hijacked boat, said he and other crew members had been locked inside their cabin with little food before being forced into the lifeboat.

ပင်လယ်ဓါးပြတိုက်ခံရတဲ့ အသက် (၃ရ) နှစ်အရွယ်ရှိ ဗမာ ကပ္ပိတိန် ဆန်းဝင်းအောင် က ပြောကြား ရာမှာ သူအပါအ၀င် ပင်လယ်ပျော်များကို သင်္ဘောအခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခြင်း ခံခဲ့ကြ ရပြီး အစား အသောက် အနည်းအကျဉ်းသာ ပေးထားတာပါ။ ပြီးတော့ အသက်ကယ်လှေ ထဲ အတင်း အကြပ် မောင်း သွင်းပြီး ဒီအတိုင်း မျှောလိုက်တာ ခံခဲ့ကြရပါတယ် လို့  ပြောပါတယ်။

All crew members have received health checks and local authorities are taking necessary steps for their return home.

ကယ်ဆယ်အပြီးမှာ ပင်လယ်ပျော်များအားလုံး ကျန်းမာရေး ဆေးစစ်မှု များ စမ်းသပ်မှုများ ခံကြ ရ ပြီး ဒေသတွင်းအာဏာပိုင်များက ၄င်းတို့ အိမ်ပြန်နိုင်ရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှု များ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။

(မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂ သတင်းဇင်ယော် က ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြပါသည်)



No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com