ပင်လယ်ဓါးပြ ရန် ရှောင်ကွင်းနိုင်ရေး ရေလမ်းကြောင်းသစ် စတင်သတ်မှတ်
(၃၀) ရက် ဂျန်န၀ါရီလ (၂၀၀၉) ခုနှစ်
ပင်လယ်ပျော်သမဂ္ဂ များ နှင့် သင်္ဘောပိုင်ရှင်များအဖွဲ့ တို့ အနေဖြင့် အေဒန်ပင်လယ်ကွေ့ အတွင်းတွင် ပိုမို လုံခြုံ စိတ်ချ ရ သည့် ရေလမ်းကြောင်းသစ်တစ်ခု ယခုလ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစ၍ စတင်အသုံးပြုကြရန် သဘော တူညီချက် ရရှိ ပြီးဖြစ်ကြောင်း သတင်းရသည်။ အန္တရာယ်များလွန်းသည့် ရေပြင်တလျောက် ဤ သတ်မှတ်လိုက်သည့် ရေလမ်းကြောင်း အသစ် မှ သင်္ဘောလိုင်းများ အသုံးပြုခွင့် ဖြတ်သန်းခွင့် ရကြမည် ဖြစ် ပြီး ယီမင်ကမ်းခြေအလွန်တွင် သတ်မှတ်ထားပါတယ်။ အရှေ့ ဖက် ဦးတည်သည့် ရေကြောင်းလိုင်း နှင့် အ နောက်ဖက် ဦးတည်သည့် ရေကြောင်းလိုင်း နှစ်ခု အဖြစ် အသွားလမ်း အပြန်လမ်း သတ်မှတ်ချက် ထား ရှိ ပါ တယ်။
အလုပ်သမားသမဂ္ဂများ နှင့် သင်္ဘောပိုင်ရှင်အဖွဲ့ အစည်းများ သဘောတူညီချက်ဖြစ်သည့် ‘အပြည်ပြည်ဆိုင်ရာ ညှိနှိုင်း စေ့စပ် ဆွေးနွေးပွဲ’ (အိုင်ဘီအက်ဖ်) ၏ စည်းမျဉ်းများ အရ ရေလမ်းကြောင်းသစ်ကို အသုံးပြု ဖြတ်သန်း ကြမည့် အိုင်ဘီ အက်သဘောတူညီချက် စာချူပ်ဝင် သင်္ဘောလိုင်းများပေါ် မှ ပင်လယ်ပျော်များ အနေ ဖြင့် လစာ နှစ်ဆ တိုး ရရန် ဘောင်ဝင် ကြ မည် ဖြစ်ပြီး အကယ်၍ အဆိုပါ ခရီးလမ်းသို့ ဆက်လက် လိုက်ပါ လိုခြင်း မရှိ ပါက လည်း သင်္ဘောပိုင်ရှင်တို့  က ၄င်း တို့ အား သက်ဆိုင်ရာ မိမိတို့ နိုင်ငံ (အိမ်) သို့ ချော မော စွာ ပြန် လည် ပို့ ဆောင်ပေးရမည့် အခွင့်အရေး လည်း ရရှိနိုင်ကြောင်း သိရ သည်။
အဆိုပါ ပင်လယ်ကွေ့ အတွင်း စစ်သင်္ဘောများ စောင့်ကြပ်မှု စခန်းချထားမှုများ တိုးမြှင့် ဆောင်ရွက်ထား ရှိ သော် လည်း ဆို မာလီ ပင်လယ်ဓါးပြ တို့ ၏ တိုက်ခိုက် လုယက်မှုများ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်ကို တွေ့ ရသည်။ နောက်ဆုံး သ တင်းများ အရ ဂျာမန်ပိုင် ဘဟားမားစ် အလံလွှင့်ထူထားသည့် Longchamp အမည်ရှိ သင်္ဘော ဖြစ်ပြီး ပင်လယ်ပျော်(၁၃) ဦး နှင့်အတူ (၂၉) ရက် ဂျန်န၀ါရီလ က ဖမ်းဆီး ခံ ခဲ့ ရ ခြင်း ဖြစ်တယ်။ ဓါးပြတိုက်ဖမ်းဆီးသွားသည့်နေရာသည် ရေကြောင်း လုံခြုံမှုကင်းလှည့်ဧရိယာ အတွင်း တွင် ပင် ဖြစ်ပြီး တပြိုင်နက်တည်း သင်္ဘော သုံးစင်း ကို တိုက်ခိုက်ခြင်း ဖြင့် ပင်လယ်ဓါးပြ တို့ က လှည့်စား သွား ကြ ခြင်း ဖြစ် သည်။
အချို့ သော သင်္ဘောလိုင်းများ အ နေ ဖြင့် အာရှ မှ ဥရောပသွားခရီးကို ဂွတ်ဟုတ်ပ် အငူ မှ တ ဆင့် လမ်း ကြောင်း ပြောင်း သွား လာကြသည်။ ပင်လယ် ဓါးပြတို့  တိုက်ခိုက်မှု မှ ရှောင်ရန် နှင့် အေဒန် ပင်လယ် ကွေ့  ရှိ လုံခြုံရေး လမ်းကြောင်း အသုံးပြု ကုန် ကျ စရိတ် သက်သာရန် အတွက် ထိုသို့ ပြုလုပ်ကြခြင်းလည်း ဖြစ် ပါ တယ်။ ယခုအထိ ဆိုမာလီ ဓါးပြများ ဆက်လက် ဖမ်းဆီးထားဆဲ သင်္ဘောစင်းရေ (၁၁) စီး နှင့် ပင်လယ်ပျော် စုစုပေါင်း (၂၀၀) ဦး ရှိပါတယ်။
သို့ သော် အာဖရိကအနောက်ဖက်ကမ်းခြေ အလွန်တွင် လက်နက်ဖြင့် တိုက်ခိုက်မှု အန္တရာယ် တိုးပြီး ဖြစ် လာ သည့် အ တွက် စိုးရိမ် ပူပန်မှုများ လည်း ရှိနေသည်။ နိုင်ဂျာ မြစ်ဝှမ်း ဒေသ တွင် ပြီးခဲ့သည့် တိုက်ခိုက် လု ယက် မှု များ ကြောင့် ဂရိ ငါးဖမ်း သင်္ဘော ကပ္ပိတန် မှာ ဂျန်န၀ါရီလ (၂၄) ရက်နေ့ ၌ ကင်မရွန်း အလွန် တွင် ပင်လယ် ဓါးပြ တိုက်ခိုက် ခံ ရ စဉ် အတွင်း သေဆုံးမှု ဖြစ် ပွား ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ အလားတူ တိုက်ခိုက် လုယက်ခြင်း ခံရသည့် ကင်မရွန်း အလံတင် ငါးဖမ်း သင်္ဘော (၂) စီး မှာ မူ ဓါးပြ တို့  ရန်မှ လွတ်သွားခဲ့သည်။
(အိုင်တီအက်ဖ် အွန်လိုင်းသတင်း ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
Subscribe to:
Post Comments (Atom)
Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။
ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။
"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"
ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။
ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။
တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။
မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။
အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။
အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့
"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။
တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
Forwarded message ----------
Date: Aug 18, 2008 11:37 AM

No comments:
Post a Comment