15 February 2009

ပင်လယ်ပျော်တို့ သတင်း

လစာပေးရန်ရှိသည်များမပေးဘဲ ပင်လယ်ပျော်များ စွန့် ပစ်ခံနေရ

(၆) ရက် ဖေဖော်ဝါရီလ (၂၀၀၉) ခုနှစ်

ငွေရေးကြေးရေး အခက်အခဲ ရင်ဆိုင်နေကြရသည့် သင်္ဘောလုပ်ငန်းပိုင်ရှင်များကြောင့် ပင်လယ်ပျော်တို့  လည်း ကြား ထဲက နေ အခက်အခဲ တွေ နဲ့ ရင်ဆိုင် နေကြ ရပါတယ်။ ဆိပ်ကမ်းကပ်ခ များ နှင့် အခြား ပေးချေ ရန် ရှိ သည် များ ကို ပိုင်ရှင်တို့  ပေးချေခြင်း မရှိခြင်း စသည့် တာဝန်မဲ့ မှုကြောင့် ပင်လယ်ပျော်များ လစာ လည်း မရကြဘဲ ကိုယ့် စခန်း ကိုယ်သွား နေကြ ရ ကြောင်း တွေ့  နေ ကြ ရ ပါ တယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်း ၌ ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ (၁၀) ရက်ကတည်းက တောင်ကိုးရီးယားပိုင် ပနားမား အလံ လွှင့်ထူထားသည့် Golden Freesia အမည်ရှိ သင်္ဘောမှာ ပင်လယ်ပျော်များနှင့်အတူ စွန့်  ပစ် ထား ခြင်း ခံခဲ့ ရ သည့်အတွက် မဒရပ်စ် ဗဟိုတရားရုံးတော် က သင်္ဘောအား ဖမ်းဆီးရန် အမိန့်  ထုတ် ပြန် ထားရှိသည်။ ပင်လယ်ပျော်တို့ ကို ပြီးခဲ့သည့် နှစ် စက်တင်ဘာလ ကတည်းက လစာများပေးခြင်း မရှိခဲ့သည့် အတွက် အပြည်ပြည်ဆိုင်ရာ ပို့  ဆောင်ရေးအလုပ်သမား သမဂ္ဂ များ အဖွဲ့ ချူပ် (အိုင်တီအက်ဖ်) က ကြား ၀င်၍ လစာကြွေးကျန်များ ပြန်လည်ရရှိစေရန် နဲ့  နေရပ်သို့  ချောချောမောမော ပြန်လည် ပို့  ဆောင်ပေးရန် ကူညီဆောင်ရွက်ပေးနေတယ်၊ ဒါ ပေမဲ့ ပိုင်ရှင်တွေက သင်္ဘော ဒေ၀ါလီ ခံလိုက်ကြောင်း ကြေ ညာပြီး ဖြစ် တယ်။

သင်္ဘော၏ လိုအပ်ချက်ပစ္စည်းများ နှင့် စက်မောင်းဆီ လုံလောက်စွာ ဖြည့်တင်းပေး နိုင်ခြင်း မရှိသည်ကို သင်္ဘော ရှိ ပင်လယ် ပျော်များ ခံစား တွေ့ ကြုံနေရသည်။ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း ၀ယ်ဖို့ ပင် သင်္ဘော သားများ ထံမှ မာလိန်မှူးကြီးက ချေးငှား ၀ယ်ယူပေးနေရပါတယ်။ သင်္ဘောကို ဖမ်းပြီးရင် ရောင်းချနိုင်မယ်
လို့  မျှော်လင့် ရပြီး ရတဲ့ ငွေကြေး တွေ ကို ပင်လယ်ပျော်တို့  လစာ နဲ့  အခြား ပေးချေရန် ရှိသည်များ ပေး ချေ ကြ ရမှာ ဖြစ်တယ်။

အင်္ဂလန် နိုင်ငံ လစ်ဗာပူးတွင် ရုရှားပိုင် ကုန်သင်္ဘော Stalingrad မှာ လစာကြွေးကျန်များ မပေး နိုင် သည့် အတွက် ဖမ်းဆီး ခြင်းခံနေရပြီး ပင်လယ်ပျော် (၁၄) ဦး ရရန်ရှိသည့် (၄)လစာ ပမာဏ စတာလင်ပေါင် (၈၅၀၀၀) (ထိုင်းဘတ်ငွေ ၄၂ သိန်း ကျော်) ကြွေးကျန်နေသည်။ သင်္ဘောသည် ပြီးခဲ့သည့်နှစ် (၂၀၀၈) ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ ကတည်းက လစ်ဗာပူး တွင် ရှိနေခဲ့ ပါတယ်။ အိုင်တီအက်ဖ် အနေဖြင့် ပင်လယ်ပျော် တို့  လစာများ ပြန်လည်ရရှိရေး နဲ့  နေရပ်ပြန်လည် ပို့  ဆောင် နိုင်ရေး တို့ ကို ကူညီလုပ်ကိုင်ပေးနေသည်။

“ပိုင်ရှင်တို့ က ပင်လယ်ပျော်တို့ ကို ဆက်လက် ကျွေးမွေး ထောက်ပံ့ခြင်း မရှိ တော့ သလို အခြား အခြေခံ လိုအပ်ချက် တွေကို လည်း ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး” ဟု အိုင်တီအက်ဖ် အင် စပက် တော် တော်မီမိုလွိုင်း က ပြောပါတယ်။ အင်္ဂလန်နိုင်ငံ ရေကြောင်းဆိုင်ရာ တရားရေး ၀န်ချူပ်ရုံး ကနေ၍ လိုအပ်သည့် အစား အစာ ရေ နဲ့  ချက်ဖို့ ပြုဖို့ အေးတဲ့ရာသီမှာ အပူရရှိဖို့ အတွက် စက်လည်ပတ်ရန် စက်မောင်းဆီ တို့ ကို ထောက်ပံ့ပေးနေ ပါ တယ်။ တကယ်တန်းကြတော့ ပိုင်ရှင်တွေက ပင်လယ်ပျော်တွေကို စွန့် ပစ်သွား ခဲ့ကြ ပါ ပြီ လို့  လည်း သူက ပြောဆိုပါ တယ်။

ဒီအတောအတွင်း ကျူးဘားလူမျိုး ပင်လယ်ပျော် (၈) ဦး ပါတဲ့ သင်္ဘော Alutrans ဟာလည်း မော်ရိုကို မှာ လစာ ကြွေးကျန် တွေ မပေးနိုင်တော့လို့  တစ်နှစ်ကြာ စွန့်  ပစ်ခံနေကြရတဲ့ အခြေအနေ ကနေ နောက်ဆုံး လစာ တချို့  ပြန်ရတယ်၊ ၄င်းတို့ နေရပ်တွေကို ပြန် လည် ပို့  ဆောင် ပေးနိုင် ခဲ့ ပါ တယ်။ (၁၉) လအတွက် လစာ ရရန် ရှိပေမယ့် လည်း (၅) လစာအတွက်ကို သာ အိုင်တီအက်ဖ် က ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပနားမား အလံလွှင့် ထူထားတဲ့ ၄င်းတို့  သင်္ဘောဟာ (၂၁) ရက် ဂျန်န၀ါရီလ (၂၀၀၈) ခုနှစ် မှာ ဆာရီဆိပ်ကမ်းတွင် အဖမ်းခံထားရတာ ဖြစ်ပြီး မော်ရိုကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့  အစည်း များ ထံ ပေးချေ စရာ များ ပေးချေရန် ပျက်ကွက်သည့်အတွက် အခုလို ဖမ်း ဆီးထားတာ ဖြစ်တယ် လို့  ဆိုပါတယ်။ အဲ့ ဒီ သင်္ဘော ဟာ ရေ ကြောင်း သွားလာ ပို့  ဆောင်ရေး ဆိုင်ရာ ဘေးကင်းလုံခြုံမှု စည်းမျဉ်း တွေနဲ့  မ ကိုက် ညီ တဲ့ အ တွက် ဥရောပ ရေပြင်တွေမှာ ပြေးဆွဲ နိုင် ဖို့  ပိတ်ပင် ထားခြင်း ခံ နေရပါ တယ်။

အိုင်တီအက်ဖ် အင်စပက်တော် တစ်ဦးဖြစ်သည့် ဗစ်တာကွန်ဒီ က ပြောကြားရာတွင် ပင်လယ်ပျော်တွေ အခုလို အ ဖြစ် ဆိုး တွေနဲ့  ရင်ဆိုင် တွေ့  ကြုံ နေရတာ ဟာ အလံအငှားတင်စနစ်ဆိုး (စကားချပ်။ ။ သင်္ဘော တစ်စီး တွင် သင်္ဘောပိုင်ရှင် ၏ မိခင်အလံကို လွှင့်တင်ပြီး ကမ္ဘာ့  ရေကြောင်း သွားလာရေး မှာ မှတ် ပုံ တင် ကြ ရ ပါတယ်။ ပိုင်ရှင်တွေက မိမိတို့  နိုင်ငံတွေ ရဲ့  တင်းကြပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးမား တဲ့ အခွန်အတုတ်တွေကို လက်ရှောင်ပြီး အဲ့ဒါတွေ ကင်းမဲ့တဲ့ ပို ပြီး လွတ်လွတ် လပ်လပ် ရှိတဲ့ တခြား နိုင်ငံ အလံ တွေကို အငှားတင် လွှင့်ထူ မှတ်ပုံတင်ကြခြင်း ကို အိုင်တီအက်ဖ် က နာမည်ပေးထားတာပါ။ မိမိ တို့  ပင်လယ်ပျော် အကျိုး စီးပွား အတွက် ကောင်းမြတ်ခြင်း မရှိတဲ့ စနစ်ဆိုးဖြစ်နေလို့ ပါ။) ကို ဥပဒေ နဲ့  အ တား အ ဆီး အဖမ်း အဆီး တွေ ခံရခြင်း မရှိဘဲ အေးအေး ဆေးဆေး ဆက်လက် လုပ်ဆောင် နေ နေကြလို့  ပဲ ဖြစ် ပါ တယ် ဟု ၄င်းက ဆိုပါတယ်။ မော်ရိုကို နိုင်ငံတွင် ကျူးဘား နဲ့  ပနားမား နိုင်ငံ အစိုးရ အသီးသီး တို့  ကို ကိုယ်စားပြု ပေး တာဝန်ယူ ပေးနိုင်မှု မရှိ ခြင်း က လည်း ပင်လယ်ပျော်တို့  ပိုပြီး အခက်အခဲ တွေ့  စေ တယ် လို့  ၄င်း က ဆက် ပြော ပါတယ်။

(အပြည်ပြည်ဆိုင်ရာ ပို့  ဆောင်ရေး အလုပ်သမား သမဂ္ဂ များ အဖွဲ့ ချူပ် - အိုင်တီအက်ဖ် ပင်လယ်ပျော် အင်တာနက် စာ မျက်နှာ မှ သတင်း ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။)

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com