ပင်လယ်ဓါးပြများကို ဥရောပသမဂ္ဂ တရားစွဲဆိုရန် လှူပ်ရှားမည်
(၆) ရက် မတ်လ (၂၀၀၉) ခုနှစ်
အေဒန် ပင်လယ်ကွေ့ အတွင်း ဖမ်းဆီးရမိသည့် ပင်လယ်ဓါးပြများကို တရားစွဲဆို အမှုကိုင်တွယ်၍ ဥပဒေ နည်း လမ်း ကြောင်း အရ အဖြေရှာရန် ဥရောပသမဂ္ဂ က လှူပ်ရှားဆောင်ရွက်နေပြီဖြစ်သည်။ ဆိုမာ လီ ဓါးပြများကို တားမြစ်ရန် အပြည်ပြည်ဆိုင်ရာ ရေတပ်မဟာ တို့ ၏ အရေးယူဆောင်ရွက်ချက်များအား ဖေးမ ထောက်ပံ့ နိုင် ရေး အတွက် ဥပဒေရေးရာ အခြေခံများ ဖွဲ့ စည်းတည်ဆောက်သွားမည် ဖြစ် သည်။ ပင်လယ်ဓါးပြ ခိုးဆိုး တိုက် ခိုက် မှု များ ကို ကြားဝင်ဟန့်  တားခြင်း သို့ တည်းမဟုတ် ပင်လယ် ဓါးပြ တိုက် ခိုက်လာနိုင်ဖွယ်ရာ အခြေ အ နေ များ ကို လမ်းလွှဲစေခြင်း စသည်တို့  လုပ်ဆောင်နေသည့် ရေတပ်သင်္ဘောများ အနေဖြင့် အပြစ် ကျူးလွန် သူ များ အား ဥပဒေအရ ရင်ဆိုင်ကြစေရန် လွှဲပြောင်းပေးအပ် နိုင်ကြမည်။
ပင်လယ်ဓါးပြများအား ရာဇ၀တ်မှု ကြားနာစစ်ဆေးခြင်း နှင့် အမှုစွဲဆိုခြင်းတို့ အပါအ၀င် တရားစီရင်ရေးဆိုင်ရာ သက်ဝင်လှူပ်ရှားမှု ရှိနိုင်မည့် နိုင်ငံများအဖြစ် ကင်ညာ၊ တန်ဇန်းနီးယား၊ အီသီယိုးပီးယား နှင့် အီဂျစ် တို့ ကို ဥရောပသမဂ္ဂ က သတ်မှတ်လိုက်သည်။ အခုလိုပါဝင်ကြတဲ့ နိုင်ငံတွေ အနေနဲ့  သေဒဏ်အမိန့်  မချမှတ်ဖို့  ကန့်  သတ်ချက်ရှိပါတယ်။ နောက်ပြီးတော့ လည်း စွဲချက်တင်ခံရသူတွေ အနေနဲ့  တရားမျှတပြီး အချိန်အခါ သင့် တဲ့ ကြားနာစစ်ဆေးမှု တွေ ရှိဖို့  ရယ် ညှင်းပန်းနှိပ်စက်ခြင်း သို့ မဟုတ် လူ့  ဂုဏ် ထိခိုက်တဲ့ ခပ် ကြမ်း ကြမ်း ကိုင်တွယ် ခြင်း သို့ မဟုတ် ပြုမူခြင်း တို့ မပြုလုပ်ဖို့  ကန့်  သတ်ထားပါတယ်။
အေဒန်ပင်လယ်ကွေ့  အတွင်း ရေတပ်မဟာများ ချထားသော်လည်း ပင်လယ်ဓါးပြမှု များ ဆက်လက် ဖြစ်ပွား နေ ဆဲ ပင် ဖြစ်သည်။ မကြာသေးခင်ကပင် ဆီတင်သင်္ဘော၊ ကုန်သေတ္တာသင်္ဘော နဲ့  တောင်ကိုရီး ယား သင်္ဘော တို့  ကို မတ်လ (၂) ရက်နေ့  က တိုက်ခိုက်မှု ဖြစ်သည်။ သင်္ဘော သုံးစင်းလုံး ဖမ်းဆီးခံရမှု မှ လွတ် မြောက်နိုင်ခဲ့ ကြတယ်။ မောလ်တာ နိုင်ငံ အလံလွှင့် ထူထားသည့် Saldaha သင်္ဘော ဟာ ပြီး ခဲ့ တဲ့ (၂၂) ရက် ဖေဖော်ဝါရီလ ကတည်းက အဖမ်းခံနေရပြီး သင်္ဘောပေါ်မှာ ရိုမေးနီးယား (၂) ဦး၊ ဖီလစ်ပိုင် (၁၉) ဦး၊ ယူ ကရိန်း (၁) ဦး အပါအ၀င် ပင်လယ်ပျော် စုစုပေါင်း (၂၂) ဦး အထိန်းသိမ်း ခံနေရဆဲပါ။ အခုလို အ တော အတွင်း မှာပဲ အီဂျစ် စီမံခန့် ခွဲသည့် Blue Star သင်္ဘောဟာ လွန် ခဲ့ တဲ့ ဂျန်န၀ါရီလ (၁) ရက် နေ့  ကတည်း က ဖမ်းခံထိ နေရာကနေ ပြန်လွတ်လာပါတယ်၊ ပင်လယ်ဓါးပြများ ထိန်းချုပ်ထားတဲ့ ပင်လယ်ပျော် (၂၈) ဦး လည်း သင်္ဘောနဲ့  အ တူ ပြန်လွတ်လာပါတယ်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းရေးရာ အဖွဲ့ ချူပ် (အိုင်အမ်အို) က နိုင်ဂျီးရီးယား အစိုးရ အား တိုက်တွန်းထား သည်မှာ နိုင်ဂျာမြစ်ဝှမ်း နှင့် ဂီနီပင်လယ်ကွေ့  တို့  တွင် သင်္ဘောလုပ်ငန်း၊ ပင်လယ်ပျော်တို့ အား တိုက်ခိုက်ခံ နေ ရခြင်း များ တိုး ပြီး ဖြစ်ပေါ်လာနေသည့် ပြဿနာ ရပ် အပေါ် ကိုင်တွယ်ဖြေရှင်း ရန် ဖြစ်သည်။ အိုင် အမ် အို အထွေထွေ အတွင်းရေးမှူး ချူပ် အက်ဖ်သီမီးယော့ စ် အီး မီထရိုပူးလော့ စ် နှင့် နိုင်ဂျီးရီးယား ပို့  ဆောင်ရေး ၀န် ကြီး အသစ် အစ်ဘရာဟင် ဘီ ယို တို့  နှစ်ဦး ဖေဖော်ဝါရီလ (၂၀) ရက်နေ့ တွင် တွေ့ ဆုံကြရာ ၌ အခုကိစ္စကို အရေး တကြီး ကိုင်တွယ်ဖို့  လိုအပ် ကြောင်း အလေး အနက် ထား ပြောကြားကြသည်။ မစ္စတာ ဘီယို က အ စီရင်ခံ ရာ တွင် နိုင်ဂျီးရီးယား အစိုးရ က နိုင်ဂျာ မြစ်ဝှမ်း ၀န်ကြီးဌာန တစ်ခု သတ်မှတ် တည်ထောင်ပြီး အ ခြား ကိစ္စရပ်များ အပါအ၀င် အဆိုပါ စစ်သွေးကြွ မှု နှင့် ပင်လယ်ဓါးပြမှု ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အာဏာအပြည့်အ၀ အပ်နှင်းထားမှာ ဖြစ် တယ်။ အစိုးရ အနေဖြင့် နိုင်ဂျာမြစ်ဝှမ်း ဒေသ အတွင်း သင်္ဘော များ အား ပင်လယ် ဓါးပြ လုပ်မှု များ၊ လက်နက်ကိုင် အကြမ်းဖက် လုယက်မှုများ အပေါ် အရေးယူ ဆောင်ရွက် အ ကောင် အထည် ဖော်နေပြီ ဖြစ်ကြောင်း ကိုလည်း အစီရင်ခံ တင်ပြပါတယ်။
(သင်္ဘောအား တိုက်ခိုက်ခံရမှုများ နှင့် မသင်္ကာဖွယ်ရာ အခြေအနေများ ကြုံတွေ့ ရပါက အပြည်ပြည် ဆိုင်ရာ ရေကြောင်း သွားလာရေး ဆိုင်ရာ ဗျူရို (အိုင်အမ်ဘီ) ထံ တိုင်ကြား နိုင်ပါသည်၊ ဖုန်းနံပါတ် +603 2031 0014 သို့ မဟုတ် အယ်လက်ထရောနစ် မေးလ် imbkl@icc-ccs.org )
(အိုင်တီအက်ဖ် အွန်လိုင်း သတင်း ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။)
Subscribe to:
Post Comments (Atom)
Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။
ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။
"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"
ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။
ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။
တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။
ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။
မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။
အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။
အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။
"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့
"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။
တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
Forwarded message ----------
Date: Aug 18, 2008 11:37 AM

No comments:
Post a Comment