23 March 2009

အိုင်တီအက်ဖ် အွန်လိုင်း သတင်း

အလုပ်သမား အကျိုးပြု ဥပဒေသများ အမေရိကန် ကွန်ဂရက်စ် တွင် အစပြုပြီ
(၁၉) ရက် မတ်လ (၂၀၀၉) ခုနှစ်

အလုပ်သမား လွတ်လပ်စွာ ရွေးချယ်ခွင့် အက်ဥပဒေ ဟု အမည်ရသည့် အမေရိကန် အလုပ်သမား အခွင့် အ ရေး များ ပိုမို ကောင်းမွန်လာစေမည့် လမ်းစထွင် တရားဥပဒေ ပြဋ္ဌာန်းခြင်း ကို အမေရိကန် ကွန်ဂရက်စ် တွင် အစပြု တင်သွင်းကြပြီ ဖြစ် ပါတယ်။

အောက်လွှတ်တော် အမတ် ဂျော့ဂ်ျ မီးလ်လာ နှင့် အထက်လွှတ်တော် အမတ် တွန်မ် ဟာခ်ကင် တို့  က ပြီးခဲ့ သည့် မတ်လ (၁၀)ရက်နေ့ တွင် အောက်လွှတ်တော် နှင့် အထက်လွှတ်တော် အသီးသီးသို့  အဆိုပါ ဥပဒေ ပြဋ္ဌာန်းခြင်း ကို စတင် တင် သွင်းကြခြင်း ဖြစ်ပါတယ်။ အလုပ်သမားတို့  က ယူနီယံများ သမဂ္ဂ များ သို့  ပူး ပေါင်း ၀င်ရောက်ခြင်း၊ လုပ်အားခငွေ ပိုမို ရရှိရေး အတွက် ယူနီယံ နှင့် အလုပ်ရှင် ညှိနှိုင်း ဆွေးနွေး စာချူပ် ချူပ်ဆိုခြင်း၊ အလုပ်သမား အခွင့်အရေးများ ရပိုင်ခွင့် များ နှင့် အာမခံချက်ရှိသော ပင်စင် အစရှိသည်တို့  ကို အက် ဥပဒေ အရ ပိုမိုချော မွေ့  စွာ လုပ်ဆောင်နိုင်မယ် ဖြစ်ပါတယ်။ ယူနီယံ ဖွဲ့  ဖို့  ကြိုး စား တဲ့ အလုပ် သမား တွေ ကို ဒုက္ခပေးမယ်၊ ကြောက်အောင် ခြိမ်းခြောက်မယ် ဒါမှမဟုတ် အလုပ်က ထုတ် ပစ် မယ် လုပ် ကြ တဲ့ အ လုပ် ရှင်တွေ ကို အပြစ်ဒဏ် ပေးမှုများ အား ခိုင်မာအောင် ပြဋ္ဌာန်း ထားရှိပါတယ်၊ ဒါ့ အ ပြင် ကနဦး အ လုပ် ခွင် စာချူပ် အတွက် ရုံးလုပ်ငန်း ပီသစွာ ညှိနှိုင်း ဆွေးနွေး ချူပ်ဆိုခြင်း မရှိသည့် အလုပ်ရှင် ရှိလာပါကလည်း ခုံရုံး ဖွဲ့  စီရင် ဆုံးဖြတ် နိုင်ဖို့  ပြဋ္ဌာန်း ပါ ရှိ ပါ တယ်။

ဤ အဆိုပြု လှူပ်ရှားမှု ကို ကြိုဆိုသည့် ယူနီယံများ၊ သမဂ္ဂများ တွင် အပြည်ပြည်ဆိုင်ရာ ပို့  ဆောင်ရေး အ လုပ် သမား သမဂ္ဂ များ အဖွဲ့  ချူပ် (အိုင်တီအက်ဖ်) အဖွဲ့ ဝင် စက်ပြင်များ နှင့် အာ ကာသရေးရာ အလုပ် သ မား များ နိုင်ငံတကာ သမဂ္ဂ လည်း ပါ ၀င်သည်။ အဆိုပါ ယူနီယံ ဥက္ကဋ္ဌ တွန်မ် ဘတ်ဖ်ဖန်ဘာဂျာ က ပြော ကြား ရာ တွင် “အမေရိကန် အလုပ်သမား တို့  အခုအချိန် မှာ အကူအညီ လိုအပ်နေကြောင်း၊ အမေရိကန် အလယ် အလတ် တန်းစား ပြန်လည် တည်ဆောက်ရန် နှင့် အားလုံး အတွက် ဖြစ်စေမည့် စီးပွားရေး တစ်ခု ဖြစ်ရန် မှာ အခုလို အလုပ်သမား လွတ်လပ်စွာ ရွေးချယ်ခွင့် အက်ဥပဒေ သည် အရေးပါ သည့် ခြေလှမ်း ပင် ဖြစ်ကြောင်း နှင့် အမေရိကန်လွှတ်တော် အနေ ဖြင့် အလုပ် သမား များ နှင့် မိသားစု တို့  ၏ အသံများ ကို လေးစား နားထောင်ဖို့  ရယ်၊ ပြီးတော့ အလုပ်သမား လွတ်လပ်စွာ ရွေးချယ်ခွင့် အက်ဥပဒေ ကို လက်မှတ် ထိုး ပြဋ္ဌာန်း ကြဖို့  ကျနော်တို့  ယူနီယံများ က လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အက်ဥပဒေကို လုပ်သား ပြည်သူ (၇၃) ရာခိုင်နှုန်း ထောက်ခံသည် ဟု အမေရိကန် အလုပ်သမားသမဂ္ဂ ပေါင်း စုံ အဖွဲ့ ချူပ် (အေအက်ဖ် အယ်လ် စီအိုင်အို) ၏ ဆန္ဒကောက်ယူမှု တစ်ခု အရ သိရသော်လည်း ဤ ဥပဒေ ပြဋ္ဌာန်း မှု တွင် လွဲမှားမှု များ လွဲချော်မှု များ ရှိနေသည်ကို ထောက်ပြ ၍ လုပ်ငန်း ပိုင်ရှင် ကော်ပိုရိတ်များ က အပြင်း အထန် ကန့်  ကွက် လှူပ်ရှားမှု ရှိနေပါတယ်။

အောက်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ် စလုံး တွင် မဲ အရေအတွက် အများစု ဖြင့် အဆိုပါ အက် ဥပဒေ ပြဋ္ဌာန်း နိုင်ဖို့  ထောက်ခံမှု အရေအတွက် အလုံအလောက် ရှိသော်လည်း အထက် လွှတ်တော် တွင် ဆန့်  ကျင်သူ ရှိနိုင်ပေမည်။ ကော်ပိုရေးရှင်းကြီး များ က အထင်ကရ အမတ်များ ကို ငွေကြေး သန်း နှင့်ချီ ပုံအော ပေး ၍ အက်ဥပဒေ ပြဋ္ဌာန်းခြင်း အတွက် ၄င်းတို့ ထောက်ခံမှု မပေးရန် လုပ် ဆောင် နေကြ ပေသည်။

စက်ပြင်များ နှင့် အာကာသရေးရာ အလုပ်သမားများ နိုင်ငံတကာ သမဂ္ဂ ဥက္ကဋ္ဌ တွန်မ် ဘတ်ဖ်ဖန်ဘာဂျာ က ဆက် လက် ပြောကြားရာမှာ “သမ္မတ အိုဘာမာ က ယင်း အက်ဥပဒေ သာ ၄င်း ၏ အလုပ်စားပွဲ သို့  ရောက် လာလျှင် ရောက်လာချင်း လက်မှတ် ထိုးပေးဖို့  အဆင်သင့် ပင် ဖြစ်ကြောင်း နှင့် အခုအချိန် သည် အမေ ရိ ကန် အလုပ်သမား များ နှင့် မိသားစုဝင်များ ၏ အသံ များ ကို နားထောင်ကြရမည့် အချိန်ပင် ဖြစ်ကြောင်း ကွန်ဂရက်စ် သို့  စာရေးသားခြင်း၊ တယ်လီဖုန်းခေါ်ခြင်း နှင့် အယ်လ်လက် ထရွန်နစ် မေးလ် များ ပေးပို့  ခြင်း တို့  လုပ်ဆောင် ကြပါရန် တိုက်တွန်းကြောင်း ပြောဆိုပါတယ်။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com