ပင်လယ်ဓါးပြရန်အန္တရာယ်အတွင်းက ပင်လယ်ပျော်တို့ တာဝန်ကျေပြွန်မှု သမဂ္ဂ များ ချီးကျုး
(၁၇) ရက် ဧပြီလ (၂၀၀၉) ခုနှစ်
မကြာသေးခင်ကာလများက ပင်လယ်ဓါးပြများ ရန်ကျရောက်ခဲ့ရသည့် သင်္ဘောတစ်စီးဖြစ်သည့် Maersk Alabama မာစ်ခ် အယ်လာဘာမာ ပေါ်တာဝန်ထမ်းဆောင်နေကြသည့် ပင်လယ်ပျော်များ၏ ရဲရဲဝင့်ဝင့် တာဝန် ခံ ထမ်းဆောင်မှု တို့  ကို အ မေရိကန်ရှိ ပင်လယ်ပျော်သမဂ္ဂ များက မိုးထက်ညံ ချီးကျုးပြောဆိုလိုက်ပါတယ်။ သင်္ဘောကို ယခုလ (၈) ရက်နေ့  တွင် ဆိုမာလီယာ ကမ်းခြေအလွန်တွင် အတိုက်ခံရပြီးနောက် သင်္ဘော ကပ္ပတိန် ကို ငါးရက်လောက် ဓါးစားခံ အဖြစ် ထိန်း သိမ်း ထား ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပို့  ဆောင်ရေး အလုပ်သမား သမဂ္ဂ များ အဖွဲ့  ချူပ် (အိုင်တီအက်ဖ်) အဖွဲ့  ၀င် ဖြစ်ကြ သည့် ရေယာဉ်မှူး ကြီးများ၊ ရေကြောင်းအရာရှိများ နှင့် ရေကြောင်းပြအရာရှိများ အပြည်ပြည်ဆိုင်ရာ အဖွဲ့  အ စည်း၊ အက်စ်အိုင်ယူ ခေါ်သည့် ပင်လယ်ပျော် အပြည်ပြည်ဆိုင်ရာ သမဂ္ဂ နှင့် ပင်လယ်ရေကြောင်း စက်မှု အရာ ရှိ များ အစည်းအရုံး တို့ ၏ ပူးတွဲ ကြေညာ ချက်ထဲတွင် မာစ်ခ် အယ်လာဘာမာ ပေါ်ရှိ ပင်လယ်ပျော်များကို ချီးကျူး ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ပင်လယ်ပျော်တွေ က ပင်လယ်ဓါးပြတွေကို ပြန်လည် ခုခံ တိုက် ခိုက် တယ်၊ ဓါးပြတစ်ယောက်မိတယ်၊ ပင်လယ်ပျော်တွေ လွတ်မြောက်ဖို့  ရေ ယဉ်မှူးကြီး ရစ်ချက်ဒ် ဖီးလစ်စ် က သူ ကိုယ် တိုင် ဓါးစားခံ အဖြစ် ခံယူသဘောတူတယ်၊ ဧပြီ (၈) ရက်နေ့ မှာပဲ သင်္ဘော နဲ့  ပင်လယ်ပျော်တွေကို လွှတ်ပေးတယ်၊ ကပ္ပတိန် ဖီးလစ်စ် ကိုတော့ သူ့ ကို ထိန်းသိမ်းထားရာ အသက်ကယ်လှေ ထဲကနေ အမေရိကန် ရေတပ် က ဧပြီလ (၁၂) ရက်နေ့ မှာ ကယ်တင်နိုင်ခဲ့တယ်၊ အခုလို ကယ်တင်ရေးလုပ်တဲ့အခါမှာ ပင်လယ်ဓါး ပြ သုံးဦး သေဆုံးခဲ့ပါတယ်။ အမေရိကန် သင်္ဘောဖြစ်တဲ့ မာစ်ခ် အယ်လာဘာမာ ကို အခုလို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ကောင်တွေလို့ ပြောရမယ့် ပင်လယ်ဓါးပြတွေ က လုယူသိမ်းပိုက်ဖို့  ကြိုးပမ်း တဲ့ အခါမှာ သင်္ဘော ပေါ် တာဝန် ထမ်း ပင်လယ်ပျော်တွေ အားလုံး နဲ့  ကပ္ပ တိန် ဖီးလစ်စ် တို့  ရဲ့  တာဝန် ကျေပြွန်စွာ တုံ့ ပြန်မှု အပေါ် အမေရိကန် သမဂ္ဂ တို့  အနေဖြင့် အတိုင်းထက် အလွန် ဂုဏ်ယူဝံ့  ကြွားမိပါကြောင်း ပြောဆိုပါတယ်။ ကိုယ့်ရဲ့  အသက်အန္တရာယ် လုံခြုံရေး ကိုတောင် မငှဲ့  ဘဲ ကြီးမားတဲ့ ဖိစီးမှုအောက်မှာ တာဝန်ကျေပြွန်တဲ့ သတ္တိ နဲ့  စွန့်  လွှတ် စွန့် စား မှု တို့  ကို အခုလို ဖော်ကြူးလုပ်ဆောင်လိုက်ခြင်းဟာ အမေရိကန်သမိုင်း တ လျှောက် ပင်လယ် ရေကြောင်း သင်္ဘော မောင်းနှင်ကြတဲ့ ပင်လယ်ပျော်တို့ ရဲ့  စံနမူနာပြုစရာပါ လို့  ဖော်ပြ ပြောဆို ပါ တယ်။
(အိုင်တီအက်ဖ် ပင်လယ်ပျော်အင်တာနက် စာမျက်နှာ ပါ သတင်းကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)

No comments:
Post a Comment