21 August 2009

ပင်လယ်ပျော် ဆောင်းပါး


ဗမာပြည်မြေပုံကို ကြည့်ရင် သေးသွယ်ကျဉ်းမြောင်းတဲ့ တောင်ဖက်ပိုင်းဟာ တဖက်ကနယ်ခြင်းထိစပ်တဲ့ ထိုင်းနယ်ဖက်မှာလဲ သေးသွယ် ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်း တစ်ခု ဖြစ်နေတာကိုမြင်ရပါမယ်။ ကမ်းရိုးတန်းတလျောက် မြန်မာ ပြည်ဖက်က ဒူးနဲ့ညှို့သကြီးလိုဖြစ်နေပီးထိုင်းနယ်ဖက်က ဒူးကာလိုဖြစ်နေ တာ မြင်နိုင်ပါမယ်။အဲဒီ ထိုင်းဖက်ခြမ်းက ဒူးကာနယ်မြေလေး အတွင်းမှာ အရေအတွက်အားဖြင့် သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများနဲ့ မိသားစုများအလုပ်လုပ်ကိုင် အခြေချ နေထိုင်ကြပါတယ်။
အဲဒီ မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများရဲ့ လူမှုရေး ကျမ္မာရေး ဥပဒေရေး စသည်ဖြင့် လိုအပ်ချက်များကို လိုက်လံဆောင်ရွက် ပေးနေသော ဒေသတွင်း NGO အဖွဲ့များနှင့်အတူ ပူးတွဲပါဝင် လုပ်ကိုင်နေသည့် ပင်လယ်ပျော် ညီနောင်များ ထဲမှ ကိုကျော်ငြိမ်းဦး (ကိုသော်) ရေးသားထားသည့် ရင်တွင်း ခံစားချက် ဆောင်းပါး အချို့ကို ဖေါ်ပြလိုက် ပါသည်။

ဘတ်ကံဆိုး နှင့်  ဘတ်ကံကောင်း

မြန်မာပြည်မှလာသော တိုင်းရင်းသားတစ်ခုတစ်ခုဆိုသော်လည်း ငါကမြန်မာပြည်ကမဟုတ်ဘူး
“+-x” ပြည်က- ငါကတော့ မြန်မာလိုသိပ်မရဘူး ပြောသော ပြည်ထောင်စုသား တစ်ယောက်ယောက်နှင့်
တွေ့ ရလေသောအခါ .... ဖေါ်မပြတတ်တဲ့ ဝေဒနာတမျိုးကို ကျနော်ကတော့  အကြိမ်ကြိမ်ခံစားခဲ့ ရဖူးပါပြီ။ မြန်မာလိုမပြောချင်လို့ သိပ်မရသူနဲ့  မြန်မာလိုပြောချင်ပေမဲ့ တကယ်ကို များများမပြောတတ်သူ
တို့ ကိုလဲ ခွဲပြီးတွေ့ရဖူးပါပြီ ။ဘာလို့ များဖြစ်ရပါသလဲ အဖြေရှာကြည့်ရင်သိကြမှာပါ ။ ပြည်ထောင်စုသားတိုင်းရင်းသားအချင်းချင်း အနေစိမ်းနေတယ် သူစိမ်းဆန်ဆန်နေတတ်နေကြလို့  ဝေါဟာရ စကားလုံးတွေ မထိတွေ့ မသုံးစွဲတတ်ကြတာ ရှင်းပါတယ် ။။ တိုင်းရင်းသားတွေရဲ့ အရေး ပြည်ထောင်စုရဲ့ အရေး ဖြစ်လို့  ဘယ်သူ့ မှာတာဝန်ရှိပါသလဲ ဘာသာစကားတစ်ခုကို လူတစ်ယောက်က ဘာလို့ တတ်ချင်ကြတာပါ လဲ။ မိမိဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်း ဖြစ်တယ်လို့ ခိုင်မာ စွာယုံကြည်ပါမှ အဲဒီဘာသာ အဲဒီစကား အဲဒီစာပေကို လူသားတစ်ယောက်က သိချင်တတ်ချင် လေ့ လာချင်ကြ တာဟာလူ့ သဘာဝ ဆိုရင် မြန်မာလိုမပြောချင်လို့ သိပ်မရတဲ့ သူတွေ တစ်နေ့ထက်တစ်နေ့ များပြားလို့ လာနေပါပြီ မိတ်ဆွေများခင်ဗျား ။
ဘတ်ကံဆိုးနဲ့ ဘတ်ကံကောင်းတဲ့  ကြားဖူးပါသလား ဘာကိုခေါ်ပါသလဲ ။ဘတ်ကံဆိုး ဘတ်ကံကောင်း ဘတ်ဆိုတာကတော့  ထိုင်းနိုင်ငံသား မဟုတ်သူ တစ်ယောက် အမြဲတန်းကိုင်ဆောင်ထားရမဲ့  ပန်းရောင်ကဒ်ပြားတစ်ခု တဘက်မှာ ဓါတ်ပုံ ကဒ်နံပါတ် အမည် မွေးနေ့ သက္ကရာဇ် နေရပ်လိပ်စာ ထုတ်ပေးသည့်ရက် ကုန်ဆုံးသည့်ရက်စွဲ ထုတ်ပေးသူအရာရှိလက်မှတ် ပါရှိပြီး တခြားတဘက်မှာတော့ အလုပ်ရှင်ရဲ့ နံမည်နံစကူန်လ် နဲ့ လုပ်ငန်းနေရာ လုပ်ငန်းအမျိုးအစား ကွန်ပြူတာနှင့် စစ်ဆေးနိုင်ရန် လေဆာရောင်ခြည်စု အမည်းရောင်စည်းထူထူလက်မတစ်ဝက်နီးနီးကိုသာ တွေ့ မြင်ဖူးခဲ့ ပါတယ် သူကိုင်လာတာကတော့ ကျနော် တို့ ကိုင်ဆောင်ထားတဲ့ ဘတ်နဲ့ အတူတူဖြစ်ပေမဲ့ ဘာလို့ များ ဘတ်ကံဆိုးဖြစ်သွားရပါသလဲ ။
“စဉ်းစားကြည့် အကို ထောင်ကယ် က ဘတ်သော် မပေးတာ(သက်တန်းတိုး မပေးတာ) ဒီနှစ်ပါ ဆို သုံး နှစ်။ တစ်နှစ်စာ တစ်ယောက်ကို ငါးထောင်ဖြတ်လိုက် လေးထောင်ငါးရာ ဖြတ်လိုက်နဲ့  ဘတ် လည်း မကိုင်ရ ဘယ်မှလည်း သွားမရနဲ့ ။ ဒါကြောင့် ဘတ်သော်ဖို့တခြား သူကိုလုပ်ခိုင်းရတယ်။ ဘတ်ကိုင်ရ သွားရ လာရ တော့  ပထမနှစ်က ခုနှစ်ထောင်ငါးရာ ခုနှစ်ကျတော့ ခြောက်ထောင့် ရှစ်ရာတောင်းတယ် ဘတ်အသစ်ဖွင့် မယ် လည်း ကြား ပါတယ် အသစ်လုပ်တာတွေတောင် တစ်ယောက် ငါးထောင်ကျော်ပဲ ဘတ်ဆက်ဖို့ ငွေချေးလိုက် ဘတ်သော်လိုက် ကြွေးလည်းပြေ နှစ်လည်းကုန် ဘတ်သက်တန်း လည်းကုန် တစ်ခါ ပြန်ချေး တစ်ခါပြန်ဆက် ဒါ ဘတ် ကံဆိုး မဟုတ်ရင် ဘာလည်းဗျာ” တဲ့  .....
ကောင်းပါပြီ အခုပြောတာက ဘတ်ကံဆိုး ဆိုရင် ဘတ်ကံကောင်း က ကော ဘယ်မှာလည်း ပြပါဦး ဆို တော့ သူ့ အမျိုးသမီး ရဲ့ ဘတ်ကို ကိုင်ပြပါတယ်။ သူ့ ဇနီး ဆေးရုံ အကြိမ်ကြိမ် တက်ကြောင်း ပိုက်ဆံမကုန်ကြောင်း ဒါကြောင့် သူမယား မှာတော့  ဘတ်ကံကောင်း ကို ရထားကြောင်း ဆိုပါတယ်။ ဖြစ်သမျှ အကြောင်း ကံကိုပဲ ရိုး မယ် ဖွဲ့  တတ်ကြတဲ့  လူသားတွေရဲ့ ဘ၀တလျှောက်မှာ စနစ်ဆိုး အဖြစ်ဆိုး တွေဟာ ဒီလိုပဲ အမြစ် တွယ် ရှင် သန် ခွင့်  ရနေဦးမှာပါပဲ။ အမှန် တရား ဘက်ကနေ ကြိုးစား အားထုတ်မူ့ နည်း နေသေးရင် ကံကောင်း ခြင်း
နေ့  ရက်တွေနဲ့ ဝေးကွာနေဦးမယ် ဆိုတာကို သတိပေးချင်ပါတယ်။ တကယ်တော့ ထိုင်းအစိုးရရဲ့  တစ်နှစ် အတွက် သတ်မှတ်ထားတဲ့ အလုပ်လုပ်ပိုင်ခွင့် ကျန်းမာရေး စောင့်ရှောက် စရိတ် လုပ်ငန်းခွင် တွင်း ထိခိုက် မှု့  အတွက် နစ်နာကြေး အကြိမ် ရည် ကန့် သတ်မှု မရှိ တစ်ကြိမ် လျင်( ၃၀ ) ဘတ်ဖြင့်  ဆေးကုသခံယူခွင့်  ကောင်း မွန်သော စည်းမျဉ်း စံထား သတ်မှတ်ချက် ရှိပါသော်လည်း.... ဘတ်ကံကောင်းများသည် လည်း ကောင်း ဘတ်ကံဆိုးများ သည် လည်းကောင်း ယနေ့ ပြုလုပ်နေဆဲ အလုပ်သမားကဒ် သက်တန်းတိုးခြင်း စနစ်ရဲ့  အောက်မှာ ဆက်၍ ဆက်၍ နေရာ အတော်များများ မှာ ရှိနေကြမည် ဖြစ်သည်။

ကျော်ငြိမ်းဦး (ကိုသော်) ။။ ၁၇။ ၀၈ ။ ၂၀၀၉ ။။

No comments:

ICLS Okinawa Declaration of Condemnation

ICLS Okinawa Declaration of Condemnation
၁၉ မေ ၂၀၀၈

Think seriously is it right or not ..

Think seriously is it right or not ..
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Forwarded message ----------
Date: Aug 18, 2008 11:37 AM

ဇော်ဂျီဖေါင့်Download ယူရန်

မြန်မာဘာသာဖြင့်စွယ်စုံကျမ်း ကြည့်ရန်

for English-Myanmar searching

for English-Myanmar searching
အင်္ဂလိပ်မြန်မာ အဘိဓါန်

Snap Shots

Get Free Shots from Snap.com