အစွန့် ပြစ်ခံ မြန်မာပင်လယ်ပျော်တို့  ရပိုင်ခွင့်များရကြပြီး နေရပ်ပြန်ရဖို့ နီး
(၁၇) ရက် သြဂုတ်လ (၂၀၀၉) ခုနှစ်
သင်္ဘောပိုင်ရှင် ဒေ၀ါလီခံအပြီး နယူးဇီလန်ဆိပ်ကမ်း အော့ ကလန် မှာ စွန့် ပြစ်ခြင်းခံထားခံရတဲ့ လိုက်ဘေးရီးယား အလံလွှင့် Annapurna သင်္ဘောပေါ်ရှိ မြန်မာပင်လယ်ပျော် (၂၃) ဦးတို့  အနေနဲ့  အိုင်တီအက်ဖ် လို့ ခေါ်တဲ့ အပြည် ပြည်ဆိုင်ရာ ပို့  ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့  ချူပ် အဖွဲ့  ၀င် နယူးဇီလန် ရေကြောင်းအလုပ်သမားများ သမဂ္ဂ က ၀င်ရောက်ဖြေရှင်းပေးတဲ့ အတွက်ကြောင့် သူတို့  ရ စရာ ရှိတဲ့ လစာတွေ နဲ့  အိမ်ပြန်ဖို့  လမ်းစရိတ် ရဖို့  နီးနေပြီဖြစ်ပါတယ်။
နယူးဇီလန် အိုင်တီအက်ဖ် စစ်ဆေးရေးမှူး ဂရေဟိမ်း မက်လယ်ရင်န် က သြဂုတ်လ (၁၇) ရက်နေ့ က ပြောကြားရာမှာ မာ လိန်မှူး အပါအ၀င် ပင်လယ်ပျော်များ အားလုံးအတွက် ကြွေးကျန် လစာငွေများ အပြင် နေရပ်သို့  ပြန်လည် ပို့  ဆောင်ပေးရေး စရိတ် ကိုပါ သင်္ဘောကို ဖမ်းဆီးအရေးယူထားတဲ့ ဘဏ်အနေနဲ့  ပေး ချေဖို့  ကို မူအားဖြင့် သဘောတူညီပြီး ဖြစ်ကြောင်း နဲ့  အခုလို ဖြစ်ရပ်ဟာ ပင်လယ်ပျော်တို့  အတွက် ကြီးမား တဲ့ အောင်မြင်မှု သတင်းကောင်း ဖြစ်ပါတယ်လို့  ပြောပါတယ်။
အခုလ သြဂုတ် ကုန်ရင် ပင်လယ်ပျော်တို့  ရစရာရှိရာ ငွေကြေးက စုစုပေါင်း အမေရိကန် ဒေါ်လာ သုံးသိန်း တစ်သောင်း တစ်ထောင် (၃၁၁၀၀၀) ဖြစ်ပြီး သူတို့  ရဲ့  စာချူပ်အတိုင်း ကိုးလစာ (၉ လစာ) အပြည့် ရရှိဖို့  ကို သမဂ္ဂ အနေနဲ့ မျှော်လင့်နေမိပါ တယ် လို့ သူက ဆိုပါတယ်။
ပင်လယ်ပျော်တို့  ရဲ့  လစာဟာ အိုင်တီအက်ဖ် ရဲ့  အနိမ့် ဆုံး စံချိန်စံညွှန်း ထက်ကိုပင် နိမ့် ကျ နေရုံမျှ မက အိမ်ကိုလွှဲတဲ့ ငွေကြေး ပမာဏ ကလွဲလို့  ကိုးလ (၉ လ) စာချူပ် အချိန် ပြီးဆုံး တော့ မှ သာ လစာတွေ ရ ကြ ရတယ်လို့  ဂရေဟိမ်း မက်လယ်ရန် က ပြောပါတယ်။ သူတို့  တတွေရဲ့  လက်ထဲမှာ ငွေစ အနည်း ငယ် မျှ ပင် မရှိ ဘဲ သူတို့  အိမ်ကို လွှဲပေးတယ်ဆိုတဲ့ ငွေဟာလည်း ပြီး ခဲ့ တဲ့ ဧပြီလ ကတည်း က ရပ်ဆိုင်း နေ ခဲ့ ပါတယ်။ ဒါကို ကြည့် ရင် မိသားစုတွေမှာ တော်တော် အကျပ်အတည်း ဖြစ်နေခဲ့ ရ ရှာ ပြီး ပင်လယ် ပျော် တစ်ယောက် ရဲ့  အဖေ ဆို ဆေးကုသ စရိတ် မပေးနိုင်တော့ လို့  အသက်ပါ ဆုံးပါးသွားရတယ်၊ ကိုယ့် အဖေ အသဲအသန် ဖြစ် လို့  ဖုန်းလေး ဆက်ဖို့  တောင် ပိုက်ဆံ မရှိလိုက်တာ ဟာ တကယ် ၀မ်းနည်းစရာပါပဲ။
လောလောဆယ် ယူနီယံ က တရားရုံး ကို လျှောက်လို့  ပင်လယ်ပျော်တွေ အတွက် လက်ကိုင်ဖုန်း ရယ် ခေါ် ဖို့  ကာဒ် ရယ် ၀ယ်နိုင်အောင် နယူးဇီလန် ဒေါ်လာ တစ်ယောက်ကို (၂၀၀) စီ ခွင့် ပြု ခံစားလိုက်တာဟာ လည်း အောင်ပွဲ တစ်ခုပါပဲ လို့  ၄င်းကပင် ဆိုပါတယ်။
(မြန်မာပင်လယ်ပျော်များ အထူးသတိပြုရန်မှာ မိမိတို့  ရရန်ရှိသည့် လစာငွေကြေး အပြည့် အ၀ မရတဲ့ အခြေ အနေဆိုး တွေ့  ရပြီ ဆိုတာ နဲ့  သေချာတာကတော့ ကိုယ့် ရဲ့  ကုမ္ပဏီ ဟာ ကိုယ့် ရစရာ ရှိတာ တွေ ပေး ဖို့  စီးပွားရေး မပြေလည်တော့ဘူး ဆိုတာပါပဲ။ မမေ့ ပါ နဲ့  ကိုယ့် ရဲ့  သမဂ္ဂ (ယူနီယံ) သို့  မဟုတ် အိုင်တီအက်ဖ် ကို အမြန်ဆက်သွယ်ဖို့  နဲ့  ကိုယ့် လစာ ကိုယ့် အလုပ်အကိုင် အခြေအနေကောင်းဖို့  အတွက် အကူအညီ အထောက် အပံ့ ရယူကြစေချင်ပါတယ်။)
No comments:
Post a Comment