နှစ်သစ်ကူးပွဲတော်ရက်များအတွင်း ထိုင်းတောင်ပိုင်းအကြမ်းဖက်သူပုန်များက ဗန်ကောက်မြို့ကို ပစ်မှတ်အဖြစ် သတ်မှတ်ကာ အကြမ်းဖက် ဗုံးခွဲတိုက်မှုပြုလုပ်ဖွယ်ရှိကြောင်း အမျိုးသားထောက်လှမ်းရေး ဧဂျင်စီမှ အစီရင်ခံစာ တင်ထားတဲ့အတွက် အားလုံးသော ခရိုင် (၅၀)အတွင်း လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဗန်ကောက်မြို့တော်ဝန် စူခွန်ဘန်ပရီဘတ် Sukhumbhand Paribatra က အင်္ဂါနေ့ (၂၉။၁၂။၂၀၀၉) မှာ ပြောကြားလိုက်ပါတယ်။
ဗန်ကောက်ရဲချုပ် ရဲတပ်ဖွဲ့ဆိုင်ရာ ဒုတိယဗိုလ်ချုပ်ကြီး စန်သန် ချယနွံ Pol Lt-General Santhan Chayanon ကလည်း ဗန်ကောက်မြို့တွင်း မြို့ပြင် အဓိကနေရာများမှာ စစ်ဆေးရေးဂိတ်များ ထားရှိမယ်လို့ ပြောပါတယ်။
ဗုံးခွဲတိုက်မှု ပြုလုပ်ဖွယ်ရှိကြောင်း အမျိုးသားထောက်လှမ်းရေး ဧဂျင်စီမှ အစီရင်ခံစာအရ အကြမ်းဖက်ရန် အစီအစဉ်လုပ်သူများဟာ ဗန်းကပိ ခရိုင်အတွင်း အခြေစိုက်တယ်လို့လည်း မြို့တော်ဝန်က ပြောကြားထား ပါတယ်။
လုံခြုံရေးဆိုင်ရာအစီအစဉ်များမှာ လိုင်စင်နံပါတ်ပြားမပါသော မော်တော်ဆိုင်ကယ်များ မသင်္ကာဖွယ်ရာ ရပ်နားစောင့်ဆိုင်း နေသည့်ဆိုင်ကယ်များဟာ အကြမ်းဖက်သမားများ အသုံးပြုနိုင်စရာဖြစ်တဲ့အတွက် အထူးပြုစစ်ဆေးမှာဖြစ်ပါတယ်။
ဒါကြောင့် ဗန်ကောက်ဧရိယာအတွင်း အထူးသဖြင့် ဗန်းကပိဒေသ၀န်းကျင်မှာ နေထိုင်အလုပ်လုပ်သော မြန်မာအလုပ်သမားများ မလိုအပ်ဘဲ ပြဿနာအရှုပ်ကြား မညှပ်မိအောင် အနေအထိုင်အသွားအလာ ဆင်ခြင်ကြဖို့ အချင်းချင်း သတိပေးခြင်း ကိုယ်တိုင်ဆင်ခြင်ခြင်းပြုကြဖို့ မြန်မာအလုပ်သမားများ အနေနှင့် အကြောင်း အမျိုးမျိုးကြောင့် မော်တော်ဆိုင်ကယ် ကိုယ်တိုင်မောင်နှင်ပီး လည်ပတ်ခြင်းကိုလည်းကောင်း လိုင်စင်မရှိသော သူငယ်ချင်းမိတ်ဆွေမောင်းသော မော်တော်ဆိုင်ကယ်နှင့် လည်ပတ်ခြင်းမပြုရန် စသည် အစစအရာရာ သတိဝိရိယဖြင့် ပျော်ရွှင်ကြရန် မေတ္တာရှေ့ထား ပန်ကြားသတိပေး အပ်ပါသည်။
လွန်ခဲ့သော (၂၀၀၆) ခု နှစ်သစ်ကူးကာလမှာ ဗန်ကောက်မြို့တော် ဗုံးပေါက်ကွဲမှုဖြစ်စဉ် ရှိခဲဖူးပါတယ်။
(၂၀၀၆) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် ဒေသစံတော်ချိန် ညနေ (၆) နာရီဝန်းကျင်မှာ ဗန်ကောက်မြို့တော်တွင်း
နေရာအချို့တွင် ပေါက်ကွဲမှု (၄) ခုဖြစ်ခဲ့သည်။ နောက်မိနစ် (၉၀) အတွင်း ထပ်မံပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့ပြီး သန်းခေါင်ကျော်နောက်ပိုင်း နောက်ထပ်ဗုံး (၂) လုံးပေါက်ကွဲသည်။ စုစုပေါင်း တညတည်း ဗုံး (၈) လုံး ပေါက် ကွဲ ခဲ့ ဖူးပါသည်။

(၂၀၀၆) ခု နှစ်သစ်ကူးကာလ ဗန်ကောက်မြို့တော် ဗုံးပေါက်ကွဲမှုဖြစ်စဉ်

ရွှင်လန်းချမ်းမြေ့ကြပါစေ သော်ဝ်
No comments:
Post a Comment